မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးတွင် WLB မှ စာတမ်းတစ်စောင်တင်သွင်း

မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးတွင် WLB မှ စာတမ်းတစ်စောင်တင်သွင်း
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် ပထမဆုံးအကြိမ် ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခြင်းခံရသည့် အမျိုး သမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB မှ စာတမ်းတခုတင်သွင်းခဲ့သည်။

ပြည်တွင်းစစ်အတွင်း မြေစာပင်များဖြစ်ခဲ့ရသည့် အမျိုးသမီးများ၊ ဒုက္ခသည်များနှင့် IDPs များ၏ လုံခြံုရေး၊တရားမျှတမှုရရှိရေး၊ ပြန်လည်နေရာချထားရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ ကိုယ်စားပြုမှုအပြင် EAOs များနှင့်အတူ ကဏ္ဍအသီးသီးတွင်တက်ကြွလှုပ်ရှားနေကြသည့် အမျိုးသမီးများ ပိုမိုပါဝင်ရေးအပါအဝင် အချက် ၉ ချက် ပါဝင်သည့် စာတမ်းတစောင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်အတွက် အလွန်အရေးပါသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံမည့်အခြေခံမူဆိုင်ရာ ဘုံသဘောထားများ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားခေါင်းဆောင်များ အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်ရန် အခုလိုစာတမ်းတင်သွင်းရခြင်းဖြစ်ကြောင်း WLB မှ အထွေထွေ အတွင်းရေး မှူး ဒေါ်ဂျူလီယာမရစ်မှစာတမ်းဖတ်ကြားရာတွင် ထည့်သွင်း ဖတ်ကြားခဲ့သည်။

ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည့် အဆိုပါ အစည်းအဝေးတွင် ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရခြင်းသည် တိုင်းရင်းသား တန်းတူရေးအပေါ်အခြေခံ၍ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရန်အတွက် တိုင်းရင်းသားများနှင့်အတူ တစိုက်မတ်မတ် လုပ်ဆောင်လာသည့် WLB ၏ သက်တမ်းတလျှောက်တွင် သမိုင်းတွင်မည့် တတိယမှတ်တိုင်တခုဖြစ်ကြောင်း ပြောသည်။

ကချင်ပြည်နယ် မိုုင်ဂျာယန်မှာ စတင်ကျင်းပတဲ့ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံုညီ အစည်းအဝေးကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ ကိုယ်စားလှယ်အနေနှင့် ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး ယခင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးများတွင် လေ့လာသူအနေနှင့်သာ တက်ရောက်ခွင့်ရခဲ့သည်။

၄ ရက်ကြာ ကျင်းပမည့် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်း ၁၇ ဖွဲ့ အပြင် ကိုယ်စားလှယ်အဖြစ် အမျိုးသမီးများ အဖွဲ့ ချုပ်(မြန်မာနိုင်ငံ)-WLB ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA)၊ညီနောင်တိုင်းရင်းသား ပါတီ များ ဖက်ဒရေးရှင်း(NBF)၊ ပြည်ထောင်စု အင်စတီကျု့(PI)၊ တိုင်းရင်းသားလူမျိုးများစင်တာ(ENAC)နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ တက်ရောက်ခဲ့သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...