မိုုင်ဂျာယန်အစည်းအဝေးသိုု့ တိုုင်းရင်းသားခါင်းဆောင်ကိုုယ်စားလှယ်တချို့ စတင်ရောက်ရှိ

မိုုင်ဂျာယန်အစည်းအဝေးသိုု့ တိုုင်းရင်းသားခါင်းဆောင်ကိုုယ်စားလှယ်တချို့ စတင်ရောက်ရှိ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ် မုုိင်ဂျာယန်တွင် ကျင်းပမည့် တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အ စည်းများ၏ မျက်နှာ စုံုညီအစည်းအဝေးကိုု တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေး အဖွဲ့မှ ကိုုယ်စား လှယ်တချို့ စတင်ရောက် ရှိလာနေပြီဟုု ကေအိုုင်အိုု ဒုု-ဥက္ကဋ္ဌ ဗိုုလ်ချုပ်ဂွမ်မော်က ပြောသည်

“CNF ပေါ့နော် နောက်ပြီးရင် ရခိုုင်အဖွဲ့တွေ ရှမ်းအဖွဲ့တွေ သူတိုု့ တော်တော်များများ ရောက်လာပါပြီ၊ ကျောင်း သားတပ်မတော်လည်းရောက်နေပါပြီ”

၎င်းအပြင် တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးတပ်ဖွဲ့များ၏ မျက်နှာစုံုညီအစည်းအဝေးတွင် မီဒီယာများအနေဖြင့် သတင်းအချက်အလက်များကိုု ပြည့်စုံုမှန်ကန်စွာ ဖော်ပြပေးစေလိုုကြောင်း ဗိုုလ်ချုပ် ဂွမ်မော်က ယခုလိုု ဆက်ပြော သည်။

“ကျနော်တိုု့ရဲ့ ၂၁ ရာစုု ပင်လုံုအကြိုပြန်လုုပ်တဲ့ အခမ်းအနားမြောက်ကိုု မီဒီယာများက ပြည့်ပြည့် စုံုစုံု လူထုု သိအောင်ဖော်ပြပေးစေ ချင်ပါတယ်”

အစည်းအဝေးကိုု ဇူလိုုင် ၂၆ ရက်ကနေ ၂၉ ရက်အထိ ကျင်းပပြုလုုပ်သွားမှာဖြစ်ပြီး ဧည့်သည် တော် ၅၀၀ လောက် လာရောက်ဖိုု့ရှိတယ်လိုု့ အိမ်ရှင် ကေအိုုင်အိုုက ပြောသည်။

ယခုု အစည်းအဝေးသည် မြန်မာအစိုုးရနှင့် လက်နက်ကိုုင် အဖွဲ့ (၈) ဖွဲ့ တိုု့အကြား တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုုးပြီးနောက်ပိုုင်း NCA လက်မှတ်ရေးထိုုးထားသော အဖွဲ့များနှင့် လက်မှတ်မရေးထိုုးထားသော အဖွဲ့များ ပါ၀င်ကျင်းပသည့် မျက်နှာစုံုညီ အစည်းအဝေးလည်း ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...