ဦးခက်ထိန်နန် ဦးဆောင်သည့် ကိုုယ်စားလှယ်အဖွဲ့နှင့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့DPN အဖွဲ့တိုု့ ည ၉ နာရီကျော်အထိ တွေ့ဆုံုဆွေးနွေးခဲ့ကြသည်နှင့် ပတ်သက်၍ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ သတင်းထောက်များအား အောက်ပါအတိုင်း ပြောဆိုုသည်။
“ဒီ ၂၁ ရာစုု ပင်လုံုညီလာခံ ကျင်းပနိုုင်ရေးနဲ့ ကျနော်တိုု့ ဖက်ကနေ ပါ၀င်တက်ရောက်နိုုင်ရေး အတွက်ကိုု အခြေခံပြီးတော့ ကျနော်တိုု့ နည်းလမ်းကိုု ရှာကြံဖိုု့ကျနော်တိုု့ ပြောကြတယ်လေ ဒီနေ့ကတော့ ကျနော်တိုု့ နည်းလမ်း ရှာတဲ့အစလိုု့ပဲ ကျနော်တိုု့ ပြောပါရစေ အသေးစိတ် အကြောင်းအချက်အလက်တွေတော့ ကျနော်တိုု့ဘာမှအသေးစိတ် မဆွေးနွေးသေးပါဘူး ရှင်းရှင်းပြောရရင် အစိုုးရ ကိုုယ်စားလှယ်တွေကလည်းပဲ ကျနော်တိုု့ လာရောက် တွေ့ဆုံုပြီးတော့ ကျနော်တိုု့ သွားနုုိင်ခြေရှိမယ်ကောင်းမယ်လိုု့ကျနော်တိုု့ ထင်ရတဲ့ ကျနော်တိုု့ရဲ့ နည်းလမ်း ရှာကြံမှုနဲ့ ပတ်သက်ပြီး လာရောက်နားထောင်တာပေါ့ဗျားနော် “ ဟုဆိုသည်။
၎င်းအစည်းအဝေးတွင် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် ပြည်ထောင်စုု သမ္မတ မြန်မာနိုုင်ငံ အစိုုးအကြား လက်မှတ်ရေးထိုုးကြမည့် တစ်နိုုင်ငံလုံုး အပစ်အခတ်ရပ်စဲရေးစာချူပ် (NCA) နောက်ဆက်တွဲ သဘောတူညီချက် ၈ ချက်ပါရှိသည့် မူကြမ်းတစ်စောင် ပေးအပ်လုုိက်သည်ဟုု သိရသည်။
အစိုုးရကိုုယ်စားလှယ် ဦးခက်ထိန်နန် မှ ယခုုဆွေးနွေးပွဲသည် ရန်ကုုန်မြို့တွင် အစိုုးရနှင့် နှစ်ကြိမ် တွေ့ဆုံုဆွေးနွေး ခဲ့သည့် နောက်ဆက်တွဲဆွေးနွေးမှုမျှဖြစ်ပြီး ဆွေးနွေးမှုရလာဒ်နှင့် တိုုင်းရင်းသားများ ပေးအပ်လိုုက်သည်များကို နိုုင်ငံတော် တာဝန်ရှိသူများထံ ဆက်လက်တင်ပြ ပေးသွားမည်ဖြစ်သည်ဟုု ဦးခက်ထိန်နန် မှ ပြောသည်။
“ကျနော်တိုု့ နုုိင်ငံအတွက်ပေါ့လေ ကျနော်တိုု့ ဒါ ဒီမိုုကရေစီ ဖက်ဒရယ် ပြည်ထောင်စုုပေါ့နော် ဒါ သွားနုုိင်ဖိုု့အတွက်ကတော့ အားလုံုးက ကျနော်တိုု့ ရည်ရွယ်ချက်က အတူတူဖြစ်နေပြီး လမ်းကြောင်းတစ်ခုုတည်း သွားနေပြီ ဒါကြောင့် ဒီလမ်းကြောင်းထဲမှာ ဘယ်ပုံုဘယ်နည်းနဲ့ အားလုံုးပါ၀င်ပြီးတော့ သွားနုုိင်မလဲ ဆိုုတဲ့ဥစ္စာကိုု ကျနော်တိုု့က ဒါ အားလုံုးဆွေးနွေးပြီးတော့ ကျိုးစားပြီးတော့ ဒါ အဖြေရှာနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုု NCA နဲ့ပတ်သက်တဲ့ ကိစ္စတွေ နောက်ဒီ ဖရိန်ဝပ်ခ် ရီဗြူးလုုပ်ဖိုု့ပေါ့နော် နိုုင်ငံရေး မူဘောင်ကိုု ပြန်ပြီးတော့ သုံုးသပ်ဖိုု့ဟာတွေ နောက်ပြီးတော့ အခုု ၂၁ ရာစုု ပင်လုံုပေါ့နော် ညီလာခံနဲ့ ပတ်သက်တဲ့ဟာတွေ တက်ရောက်နိုုင်ဖိုု့ဟာတွေကိုု ကျနော်တိုု့ အားလုံုး ၀ိုုင်းဝန်းဆွေးနွေး နည်းလမ်းရှာနေတာ ဖြစ်ပါတယ်။ “ ဟု သူကဆိုသည်။
၄င်းတွေ့ဆုံုဆွေးနွေးပွဲတွင် အစိုုးရဖက်မှ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုု ပင်လုံု အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) အဖွဲ့ဝင် ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ၊ ဦးလှမောင်ရွှေ၊ ဦးမုုိးဇော်ဦးနှင့် ဦးကျော်လင်းဦး တိုု့ ပါ၀င်သည်။
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့တွင် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် နှင့်အတူ ဒေါက်တာ နိုုင်ရွှေသိန်း၊ ဗုုိလ်မှူးကြီး ဆေအွန်၊ ဗုုိလ်မှူးကြီး ဆော်လမွန်၊ ဗုုိလ်မှူး တာ့ညီလူ၊ ဦးထွန်းဇော်၊ ဒူဝါး ဘောမ်ဝမ်လရော် ၊ ဗုုိလ်မှူးကြီး မင်းထွန်း တိုု့ တက်ရောက်ခဲ့သည်။







