ငြိမ်းချမ်းရေးတွင် တိုုင်းရင်းသားအားလုံုးပါ၀င်ရေး ဆောင်ရွက်မည်ဟုုဆုံုးဖြတ်

ငြိမ်းချမ်းရေးတွင် တိုုင်းရင်းသားအားလုံုးပါ၀င်ရေး ဆောင်ရွက်မည်ဟုုဆုံုးဖြတ်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်တွင် တုုိင်းရင်းသား အားလုံုးပါ၀င်ရန်နှင့် နိုုင်ငံရေးဆွေးနွေးပွဲမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးကိုု တည်ဆောက်သွားကြရန် တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့၏ မျက်နှာစုံုညီအစည်းအဝေးမှ ဆုံုးဖြတ်လိုုက်သည်။

ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့တွင် ဇူလိုုင်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သည့် အစည်းအ ဝေးတွင် ရေတိုုလုုပ်ငန်းများနှင့် ရေရှည်လုုပ်ငန်းများဖြစ်သည့် နုုိင်ငံရေးနှင့်လုံုခြံုရေးကိစ္စများကိုု ဆွေးနွေးခဲ့ပြီး ရှေ့လုုပ်ငန်းစဉ်များအား ဆုံုးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုု ကရင်အမျိုးသား အစည်းအရုံုး KNU အဖွဲ့မှ ပဒိုုစောကွယ်ထူးဝင်း မှ ပြောသည်။

“ငြိမ်းချမ်းရေး Proress မှာ အကုုန်လုံုး ပါ၀င်လာနိုုင်ဖိုု့အတွက်တော့ ကျနော်တိုု့ လိုုလားတာပေါ့ အဲ့ဒီ အဖြေတစ် ခုုရလာနိုုင်ဖုုိ့ အတွက်လည်း ကျနော်တိုု့ မျှော်လင့်ပါတယ် အဲ့ဒါ တစ်ခုုပေါ့နော် နောက်တခုု ကတော့ ကျနော်တိုု့က ပြန်သုံုးသပ်တာ အခုု ကျနော်တိုု့ NCA လက်မှတ်ရေးထိုုး ထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ် ဒီတော့ NCA မှာပါတဲ့ ပြဌာန်းချက်နဲ့အညီ ငြိမ်းချမ်းရေး တည် ဆောက်မှု နိုုင်ငံရေး တွေ့ဆုံုဆွေးနွေးဖိုု့သွားမယ်လိုု့လည်း အဲ့လိုုပဲ နားလည်တယ်” ပဒိုုစောကွယ်ထူးဝင်းက မှတ်ချက်ပြုပြောဆိုသည်။

အစိုုးရသစ်ကကျင်းပမည့် ၂၁ ရာစုု ပင်လုံုညီလာခံတွင် တင်ပြဆွေးနွေးနိုုင်ရန် အလုုပ်ရုံုဆွေး နွေးပွဲများ ခေါ်ယူကျင်းပပြီး စာတမ်းတစ်စောင်ပြုစုုတင်ပြနိုုင်ရန်အတွက် ဆောင်ရွက်သွားမည်ဟုု ပအိုု့အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ် PNLO အဖွဲ့မှ နာယကကြီး ဗိုုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောဆိုုသည်။

ဖက်ဒရယ်ပြည်ထောင်စုု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဖက်ဒရယ်စနစ်ပေါ့ သူ့ပုံုစံတွေကိုု ဆွေးနွေးဖိုု့က လုုိလာတယ် ဒုုတိယ အရေးအကြီးဆုံုး ဖြစ်တာကတော့ တိုုင်းပြည်ရဲ့ လုံုခြံုရေးကဏ္ဍ ၊ လုံုခြံုရေးကဏ္ဍမှာလည်းပဲ အစဉ်အလာအရ ကျနော်တိုု့ တုုိင်းပြည်မှာက လက်နက်ကိုုင်တပ်တွေက တပ်မတော်က လုံုခြံုရေးနဲ့ ပတ်သက်ပြီးတော့ အဓိက တာဝန်ရှိတယ်လိုု့ မှတ်ယူထားတော့ လုံုခြံုရေးကဏ္ဍ ဆိုုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ ဘယ်လိုုလုုပ်မလဲ ဖက်ဒရယ်ပြည်ထောင်စုုနဲ့ ကိုုက်ညီတဲ့ လုံုခြံုရေးကဏ္ဍက ဘာဖြစ်လာမလဲပေါ့ဗျား အဲ့ဒါတွေကိုု ဒီ ကဏ္ဍကြီးနှစ်ခုုကိုုပဲ အလေးထား ဆွေးနွေးပြီးတော့ ကိုုယ်ရဲ့ ၈ ဖွဲ့ အနေနဲ့ Working Document အဆင့်လောက်ပေါ့ ကိုုင်ပြီးတော့ ၂၁ ရာစုု ပင်လုံုမှာ ၀င်ရောက်ဆွေးနွေးနုုိင်ဖိုု့အတွက် ပြင်ဆင်တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုုင်ဂျာယန်တွင်ကျင်းပမည့် တိုုင်းရင်းသားအဖွဲ့အစည်းအားလုံုး၏ မျက်နှာစုံုညီအစည်းအဝေးကိုု NCA အပစ်ရပ်အဖွဲ့ ၈ ဖွဲ့မှ ကိုုယ်စားလှယ်များ တက်ရောက်သွားရန် ဆုံုးဖြတ်ခဲ့ကြသော်လည်း သီးခြားစာတမ်းတင်ပြီး အမြင်သဘောထားတင်ပြဆွေးနွေးရန် အစီအစဉ်မရှိဟုု ဆက်ပြောသည်။

တုုိင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့၏ EAO-Smmit ညီလာခံကိုု ကချင်ပြည်နယ် မုုိင်ဂျာယန် မျက်နှာစုံုညီအစည်းအဝေးအပြီး သြဂုုတ်လလယ်ပိုုင်းတွင် ခေါ်ယူကျင်းပသွားရန် ရာထားပြီး ၂၁ ရာစုု ပင်လုံုညီလာခံမှာ ဆွေးနွေးတင်ပြမည့် အချက်များကိုုလည်း ထပ်မံဆွေးနွေးဆုံုုး ဖြတ်သွားမည်ဟုု သိရသည်။

သုံုးရက်ကြာ ကျင်းပခဲ့သည့် အစည်းအဝေးကိုု ကရင်အမျိုးသား အစည်းအရုံုး KNU၊ ချင်းအမျိုး သားတပ်ဦး CNF၊ မြန်မာနိုုင်ငံလုံုးဆိုုင်ရာ ကျောင်းသားများ ဒီမိုုကရက်တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ပအိုု့အ မျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုုင်ပြည်လွတ်မြောက် ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ RCSS နဲ့ ကရင်အမျိုးသား ဒီမိုုကရေစီအကျိုးပြုတပ်မတော် DKBA မှ ခေါင်းဆောင် ကိုုယ်စားလှယ် စုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...