အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် သဘာပတိအဖြစ်ဆောင်ရွက်သည့် ကရင်အမျိုးသား အစည်းအရုံုး KNU ဥက္ကဋ္ဌ ဗုုိလ်ချူပ်ကြီး စောမူတူးစေးဖိုုး မှ မိမိတိုု့ရဲ့ နိုုင်ငံရေး လိုုလားချက် နိုုင်ငံရေးဆွေးနွေးမှု တောင်းဆိုုချက်များဟာ ပကတိ တိုုင်းပြည်ရဲ့ အခြေအနေနဲ့ လိုုက်လျောညီထွေ ကိုုက်ညီပြီး သက်ဆုုိင်ရာ အစုုအဖွဲ့များ အားလုံုးက လက်ခံနိုုင်တဲ့ လက်တွေ့ကျပြီး အကောင်အထည်ဖော်နုုိင်တဲ့ နိုုင်ငံရေးအဖြေကိုုရရှိဖိုု့ လုုိအပ်ပါတယ်၊ ဆိုုလိုုတာက မိမိလိုုအပ်ချက် အကုုန်လုံုးရမှ လက်ခံနိုုင်တဲ့ နုုိင်ငံရေး အဖြေမဟုုတ်ပဲ သမာသမတ် ကျတဲ့ နိုုင်ငံရေးအဖြေကိုု ရရှိဖိုု့ ဆောင်ရွက်ရမှာဖြစ်ပါတယ် ဟုု ပြောဆိုုသည်။
၄င်းအပြင် နိုုင်ငံတော်အစိုုးရသစ်မှ ဦးစားပေးဆောင်ရွက်မည့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုုကရေစီ ဖက်ဒရယ်ပြည်ထောင်စုု ဖြစ်ပေါ်ရေးကိုုရှေးရှုသည့် ဖွဲ့စည်းပုံု အခြေခံ ဥပဒေ တစ်ရပ်ပေါ်ပေါက်ရေးနှင့် ပြည်သူလူထုုအများစုု၏ လူနေမှုအဆင့်အတန်းတိုုးတက် မြင့်မားရေးကိုု အကောင်အထည်ဖော်ဆောင်ရွက်ရေးများသည် မိမိတိုု့ တုုိင်းရင်းသားလက်နက် ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူလူထုုတစ်ရပ်လုံုး လိုုလားမှုဆန္ဒဖြစ်ပြီး ထိုုရည်မှန်းချက် များ အကောင်အထည်ဖော်နိုုင်ရေးသည် ဦးစွာ ငြိမ်းချမ်းရေးကိုု တည်ဆောက်ရမှာဖြစ်သည့် အတွက် လက်နက်ကိုုင် ပဋ္ဋိပက္ခ အားလုံုးရပ်စဲသွားဖိုု့လိုုအပ်ကြောင်း လည်း ထည့်သွင်းပြောဆိုု သွားခဲ့သည်။
အစည်းအဝေးတွင် ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးဆိုုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဖက်ဆိုုင် ရာ ကျင့်ဝတ်များကိစ္စ၊ နုုိင်ငံရေး ဆွေးနွေးမှုဆိုုင်ရာ မူဘောင်ပြန်လည်သုံုးသပ်ခြင်းကိစ္စ၊ပြည်ထောင် စုု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုု ပင်လုံုညီလာခံ အတွက် ဆွေးနွေးပြင်ဆင်ရန်ကိစ္စများကိုု ဆွေးနွေးသွားမည်ဟုု သိရသည်။
ထိုု့အပြင် ကချင်ပြည်နယ် မိုုင်ဂျာယန် တွင်ကျင်းပမည့် တုုိင်းရင်းသား လက်နက်ကိုုင် တော်လှန် ရေး အဖွဲ့များ ၏ မျက်နှာစုံုညီအစည်းအဝေးအတွက် ဆွေးနွေးပြင်ဆင်ခြင်းကိစ္စများနှင့် ကိုုယ်စား လှယ် ရွေးချယ်ရေးကိစ္စများအပါအဝင် အဖွဲ့ ၈ ဖွဲ့၏ ရှေ့လုုပ်ငန်းစဉ်များကိုု ရေးဆွဲချမှတ်သွားရန်ရှိ သည်ဟုု သိရသည်။
ယနေ့ ပထမနေ့ အစည်းအဝေးကိုု ကရင်အမျိုးသား အစည်းအရုံုး KNU ဥက္ကဋ္ဌ ဗိုုလ်ချူပ်ကြီး စောမူတူးစေးဖိုုး၊ မြန်မာနိုုင်ငံလုံုးဆိုုင်ရာ ကျောင်းသားများ ဒီမိုုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး တိုု့က သဘာပတိတွေအဖြစ် တာဝန်ယူဆောင်ရွက်သည်။
ဇူလိုုင်လ ၂၀ ရက်နေ့အထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးကိုု ကရင်အမျိုးသား အစည်းအရုံုး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုုင်ငံလုံုးဆိုုင်ရာ ကျောင်းသားများ ဒီမိုုကရက်တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအိုု့အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် ကရင်အမျိုးသား ဒီမိုုကရေစီအကျိုးပြုတပ်မတော် DKBA မှ ကိုုယ်စားလှယ်အဖွဲ့ဝင် ၄၀ နီးပါး တက်ရောက် ဆွေးနွေးနေသည်။







