ကျေးရွာပိုင် ဘောလုံးကွင်းတွင် ကစားသူများကို ပုဒ်မ ၄၂၇ ဖြင့် တရားစွဲခံရခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

ကျေးရွာပိုင် ဘောလုံးကွင်းတွင် ကစားသူများကို ပုဒ်မ ၄၂၇ ဖြင့် တရားစွဲခံရခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ပြည်ထောင်စုကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီ၏ ကျေးရွာဥက္ကဌဆိုသူက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ တူးချောင်းကျေးရွာရှိ ဘောလုံးကွင်းတွင် လောလုံးကစားသည့် လူငယ် ၆ဦးကို အကျိုးစီးပွားပျက်စီးမှု ပုဒ်မ ၄၂၇ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရာစွဲခံရသူများနှင့် ရပ်မိရပ်ဖတစ်ချို့က ကျောက်တံတားမြို့နယ် ၃၆လမ်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် တရားဥပဒေစိုးမှုမရှိဘဲ မတရားအနိင်ကျင့်ခြင်း ဖြစ်သည်ဆိုကာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၁နာရီက သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

ယခင်စာသင်ကျောင်းဟောင်းနေရာတွင် နှစ်စဉ်တရားပွဲများ၊လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပွဲများကျင်းပပြီး၊စာကြည့်တိုက်များ၊စက်ရေတွင်းများရှိသည့် ကျေးရွာပိုင်မြေနေရာကို ကြံခိုင်ရေးပါတီဥက္ကဋ္ဌဆိုသူက  စိုက်ထားသည့် ၀ါးငုတ်တိုင်နှစ်တိုင် နှုတ်ပစ်သည်ဟုဆိုကာ တရားစွဲခဲ့ခြင်းဖြစ်သည်။

လက်ရှိရုံးချိန်း ၁၀ကြိမ်ခန့်သွားရောက်ခဲ့သော်လည်း တရားဥပဒေ၏ စောင့်ရှောက်မှုကိုအပြည့်အဝ မရရှိသဖြင့် မီဒီယာများတဆင့် သက်ဆိုင်ရာလူကြီးများသိရှိအောင် သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သူ ဒေါ်ကေသီဦးက ဆိုသည်။

” အမေစုလက်ထက်မှာ ပြောင်းလဲမှုတစ်ချို့တွေ့ရပေမယ် ကျွန်မတို့ ထန်းတပင်မှာ မပြောင်းလဲသေးဘူးဆိုတာ သိစေချင်လို့ပါ မီဒီယာတွေကိုအားကိုးပါတယ်” ဟု ဒေါ်ကေသီဦးက ထည့်သွင်းပြောကြားသွားသည်။

၁၉၇၀ ခုုနှစ်ကတည်းက အစဉ်အဆက် ကျေးရွာပိုင်မြေနေရာကို စျေးအဖြစ်လျှာထားပြီး ဦးသိန်းစိန်အစိုးရ ပြောင်းခါနီး မတ်လတွင် လူငယ်များကို တရားစွဲခံရချိန်တွင် ကြံခိုင်ရေးဥက္ကဋ္ဌကို မြေခွန်ဆောင်ထားသည့်ပြေစာထုတ်ပေးသည်ကို သိရှိရကြောင်း အငြိမ်းစားကျောင်းအုပ်ကြီး ဦးအုန်းကြိုင်ကဆိုသည်။

ယင်အမှုကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှုး ၀၉၂၅၀၃၇၄၁၄၃ ထံဆက်သွယ်သော်လည်း ဆက်သွယ်မေးမြန်းမရသကဲ့သို့ ပြည်ထောင်စုကြံခိုင်းရေးပါတီ၏ ကျေးရွာဥက္ကဋ္ဌဆိုသူထံသို့လည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားသော်လည်း မေးမြန်းမရခဲ့ပါ။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...