ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့တွင် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဗဟိုုအလုုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကိုု ဇူလိုုင်လ ၁၁ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေးဆုံုးဖြတ်ချက်များနှင့် ပတ်သက်၍ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် မှ သတင်းထောက်များအား ယခုုလိုု ပြောသည်။
မိုုင်ဂျာယန် မှာပြုလုုပ်မယ့် ကျနော်တိုု့ မျက်နှာစုံုညီအစည်းအဝေးအတွက် ကျနော်တိုု့ UNFC ဖက် ကနေပြီးတော့ ဘာအစီအစဉ်များတင်သွင်းမလဲ ဆိုုတဲ့ကိစ္စလေးတွေကိုု ကျနော်တိုု့ဆွေး နွေးကြတယ် နောက် သွားရောက်မယ့် ကိုုယ်စားလှယ် ကိစ္စတွေကိုုလည်း ဆွေးနွေး ကြတာပေါ့။ မိုုင်ဂျာယန် မျက်နှာစုံုညီ အစည်းအဝေးကိုုပဲ ဦးတည်ပြီးတော့ ကျနော်တိုု့ မိုုင်ဂျာယန်ရဲ့ ရည်ရွယ် ချက်ဖြစ်တဲ့ ရည်ရွယ်ချက် ၂ ချက်နဲ့ တိုုက်ဆိုုင်တဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုု ဆိုုင်ရာ ဖွဲ့စည်းအုုပ်ချုပ်ပုံု အခြေခံကိစ္စလေးတွေကိုုလည်း ကျနော်တိုု့ အခြေခံ ဘုံုသဘောထား ရပ်တည် ချက်လေးတွေကိုု ကျနော်တိုု့ ရရှိနိုုင်ဖိုု့အတွက် ကျနော်တိုု့ဖက်က ပြင်ဆင်ထားတဲ့ အခြေခံ မူသ ဘောထား ရပ်တည်ချက်လေးတွေကိုု ကျနော်တိုု့ တင်သွင်းဖိုု့ ပြင်ဆင်တာရှိပါတယ်။ ဒါ့အပြင် ကာကွယ်ရေးနဲ့လုံုခြံုရေးဆိုုင်ရာ မူဝါဒ ရပ်တည်ချက် သဘောထား တွေကိုုလည်းပြင်ဆင်ထား ပါတယ်။ အားလုံုးကတော့ ဆုံုးဖြတ်ချက် ရ ချက်လောက် ချမှတ်ပါတယ်။
UNFC တိုုင်းရင်းသား ထိပ်သီးခေါင်းဆောင်များနှင့် နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုုကြည့် တိုု့ လာမည့် ဇူလိုုင်လ ၁၇ ရက်နေ့ညနေပိုုင်းမှာ ရန်ကုုန်မြို့ NRPC ရုံုးတွင် အလွတ် သဘော တွေ့ဆုံုဆွေးနွေးကြမည့်ကိစ္စနှင့် ပတ်သက်ပြီး ပင်လုံုကိစ္စအပါအဝင် အချက် ၄ ချက်ကိုု အဓိက ဆွေးနွေးကြမည်ဟုု သတင်းတွေထွက်ပေါ်နေသော်လည်း ဆွေးနွေးမည့်အကြောင်း အရာနှင့် ပတ်သက်၍ ပြောဆိုု၍မရသေးကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုုကြည်နှင့် တွေ့ဆုံုမည့် တိုုင်းရင်းသားခေါင်းဆောင်များမှာ UNFC ဥက္ကဌ ဗုုိလ်ချူပ်ကြီး အင်ဘန်လ၊ KNPP ဥက္ကဌ အေဘယ်လ်တွိ ၊ NMSP ဥက္ကဌ နိုုင်ထောမွန်၊ SSPP နာယက ဗုုိလ်ချူပ် ဆေထင် တိုု့ဖြစ်ပြီး DPN အဖွဲ့ဝင်များဖြစ်သည့် ဗိုုလ်မှူးကြီး ဆေအွန်၊ ဗုုိလ်မှူးကြီး ဆော်လမွန်၊ ဗုုိလ်မှူး တာ့ညီလူ နှင့် ဗုုိလ်မှူးကြီး မင်းထွန်း များပါ၀င်သည့် အဖွဲ့ဝင် ၁၄ ဦး ပါ၀င်တက်ရောက်မည်ဟုု သိရသည်။
မိုုင်ဂျာယန်တွင်ကျင်းပမည့် မျက်နှာစုံုညီအစည်းအဝေးကိစ္စနှင့် ၂၁ ရာစုုပင်လုံုညီလာခံကိုု ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP တက်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍လည်း UNFC ဒုုဥက္ကဌ နိုုင်ဟံသာ ခေါင်းဆောင်၍ KNPP စစ်ဦးစီးချူပ် ဗုုိလ်ချူပ် ဘီထူး၊ WNO အထွေထွေအတွင်းရေးမှူး ဗုုိလ်မှူး တာ့အုုိက်ညွန့် နှင့် NMSP ခရိုုင်ကော်မတီဝင် နိုင်ရွန်းတိန်း တိုု့အဖွဲ့သည် ယခုုရက်ပိုုင်း အတွင် UWSA ပန်ဆန်းဌာနချူပ်သိုု့ သွားရောက်ဆွေးနွေးရန်လည်း ဆွေးနွေးဆုံုးဖြတ်ခဲ့ကြသည် ဟုု ခူးဦးရယ် မှ ဆက်ပြောသည်။
UWSP ဌာနချူပ်ကိုုလည်း ကျနော်တိုု့ ကိုုယ်စားလှယ်တွေ သွားရောက်ပြီးတော့ UWSP နဲ့ MNDAA ခေါင်းဆောင်တွေလည်း တွေ့ဆုံသွားဖို့လည်း ရှိပါတယ် အဓိက သူတိုု့ကိုု တွေ့ဆုံုမည့် ကိစ္စကတော့ ရှင်းရှင်းပြောရရင်လည်း ကျနော်တိုု့ ဒီ ၂၁ ရာစုုပင်လုံုညီလာခံမှာ အတူတကွ တက်ရောက်နိုုင်ဖိုု့အတွက် ကိစ္စရပ်လေးတွေကိုု အကြမ်းဖျဉ်း သွားရောက်ပြီးတော့ ရှင်းလင်း ချပြဖိုု့ ဖြစ်ပါတယ် ဘာဖြစ်လည်းဆိုုရင် ကျနော်တိုု့ပြင်ဆင်ထားတဲ့ အနေအထားနဲ့ ကျနော်တိုု့ ဒီမှာ အားလုံုးက တွေ့ကြ ဆုံုကြ ဆွေးနွေးခဲ့ကြတဲ့ အသေးစိတ် အချက်အလက်တွေကိုု သူတိုု့အ နေနဲ့ သိပ့်မသိထားသေးတော့ ကျနော်တိုု့ဖက်က သွားရောက်ပြီးတော့ သူတိုု့ကိုု တွေ့ဆုံုပြီး တော့ တင်ကြိုပေါ့နော် အားလုံုးမဟုုတ်တောင်မှ သူတိုု့ ကြိုပြီးတော့ သိထားနုုိင်အောင် ပြင်ဆင် လိုု့ ရအောင်လိုု့ ကျနော်တိုု့ဖက်က ပြင်ဆင်ထားမှု အနေအထားကိုု သွားရောက်ရှင်းလင်းချပြဖိုု့ ဖြစ်ပါတယ်။
ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဒုုတိယအကြိမ် ညီလာခံကို လာမည့် သြဂုုတ်လအတွင်း ကျင်းပမည်ဟုု ယခင်က ဆုံုးဖြတ်ထားသော်လည်း ယခုု အရေးပေါ် ဗဟိုုအလုုပ်အမှုဆောင် အစည်းအဝေးတွင် ၂၁ ရာစုုပင်လုံုညီလာခံနှင့် တိုုက်ဆိုုင်နေမည် စိုုးရိမ် သဖြင့် လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် ယာထားကြောင်း သိရသည်။
ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည် တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီKNPP ၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF နှင့် မြန်မာတိုုင်းရင်းသား အမျိုးသား ဒီမိုုကရေစီ မဟာမိတ်တပ် MNDAA အဖွဲ့များ ပါ၀င်ပြီး ၂၀၁၀ ခုုနှစ် နိုုဝင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့သည်။







