ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ရိက္ခာ ထက်ဝက်လျှော့ချမည့် သတင်းကြောင့် စစ်ဘေးဒုုက္ခသည်များစိုုးရိမ်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ရိက္ခာ ထက်ဝက်လျှော့ချမည့် သတင်းကြောင့် စစ်ဘေးဒုုက္ခသည်များစိုုးရိမ်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်နယ် မြောက်ပိုုင်းနမ့်ခမ်းမြို့နယ်ရှိ ပန်လုံုစစ်ဘေးဒုုက္ခသည်စခန်းမှ ဒုုက္ခသည်များကိုုကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ဇူလိုုင်လမှ စတင်ကာရိက္ခာများထက်ဝက်လျှော့ချပေးဝေသွားမည်ဟု ပြောကြားလာသည့်အတွက် ဒုုက္ခသည်များအနေဖြင့် ရပ်တည်ရေး ပိုုမိုုခက်ခဲလာမည်ကိုုစိုုးရိမ်သောကရောက်နေကြကြောင်း သတင်းရရှိသည်။

ဒုုက္ခသည်များအားကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ လူတယောက်ကိုုတစ်လလျှင် ဆန်၅ ပြည် နိုု့ဆီဗူး ၄ဗူး အပြင် ဆီ၊ဆား၊ပဲ၊အာဟာရတိုု့အတွက် ကျပ်ငွေ ၆၀၀၀ ကျပ် ထောက်ပံ့ပေးသည်ဟုုသိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူများက ပန်လုံုစစ်ရှောင်ဒုုက္ခသည်စခန်းရှိ စခန်းတာဝန်ရှိသူများနှင့် ဒုုက္ခသည်များအားလာရောက်ပြောဆိုုခဲ့ပြီးအသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းရှိမည်သူမဆိုုလက်ရှိပေးနေသည့် ရိက္ခာထောက်ပံမှုကနေ ထက်ဝက်သာပေး တော့မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုုများကိုုသာ နဂိုုမူလအတိုုင်းဆက်လက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“သူတိုု့လျှော့မယ်ဆိုုရင် ငွေ အဲဒီအာဟာရတိုု့ ပဲတိုု့ ဆီအစား ၆၀၀၀ ထုုတ်တဲ့ကြားထဲအဲဒီ ၆၀၀၀ လည်းလျှော့မယ် ပြီးရင် ဆန်လည်းလျှော့မယ်။ ကျနော်တိုု့ ၁၈ နှစ်နဲ့ ၅၀ ကြားအရွယ်တွေကိုုကျတော့ တဝက်လျှော့မယ်လိုု့ပြောတယ်။ ဒါပေမဲ့ နိုု့စိုု့ကလေး၊ ကိုုယ်ဝန်ဆောင်တိုု့၊ ကျောင်းသားတိုု့ ဒီသက်ကြီးရွယ်အိုုတိုု့ သူတိုု့အတွက်ကျတော့ အပြည့်ပုံုမှန်ပေးမယ်လိုု့ပြောတယ်။” ဟုုစစ်ဘေးဒုုက္ခသည် ဦးမဒိန်ချန်းလုုတ် ကပြောသည်

ရိက္ခာလျှော့ချလိုုက်မည်ဆိုပါကမိမိတိုု့အနေဖြင့် ပိုုမိုုခက်ခဲလာနိုုင်သည်ဟု ဦးမဒိန်ချန်းလုုတ်က ယခုုလိုုဆက်ပြောသည်

“တကယ်လုုိ့လျော့လုုိက်ပြီဆုုိရင် ကျွန်တော်တုုိ့အခုုလောလောဆယ် အခုုအပြည့်ပေးနေတာတောင်မှ ဒီလုုိအခက်အခဲရှိနေတာ တကယ်လျော့လုုိက်မယ်ဆုုိရင်တော့ စားသောက်ရေး၊ နေထုုိင်ရေး၊ ကလေးတွေကျန်းမာရေး နေရာတကာအခက်အခဲပိုုပြီးတော့ ရှိလာမယ်လုုိ့တော့ထင်တယ်။ကျနော်တိုု့ မိဘတွေအတွက်ကျတော့ ကျောင်းသားတွေကိုု ထောက်ပံ့တဲ့နေရာမှာ တအားအခက်အခဲကြံုရတာပေါ့။ ကျနော်တိုု့ အခုုလောလောဆယ်မှာ ပိုုက်ဆံရှာဖိုု့ နေ့စားသွားလုုပ်တယ် ဘာညာဆိုုတာလည်း လူတိုုင်းလည်းနေ့တိုုင်းသွားမလုုပ်နိုင်ဘူး။ ဘာဖြစ်လိုု့လဲဆိုု သူများကလိုုတဲ့အချိန်မှာခေါ်တဲ့အချိန်ကျမှ သွားဖြစ်တယ်။ ၄၀၀၀၊ ၅၀၀၀ တရက်ကိုုအဲလောက်ပဲရတယ်။ ဒါတောင် မနက်စောစောကနေညနေ ၅ နာရီလောက်အထိသွားရတယ်။

သွားဖြစ်တယ်ဆိုုတော့ လူတိုုင်းလည်း ပြန်မသွားနိုုင် တယောက်တလေပဲသွားဖြစ် အဲဒါလည်းပုံုမှန်ပြန်မဖြစ်တော့ တကယ့်လိုု့ ဒီရိက္ခာကိုုလျှော့လိုုက်ပြီဆိုုရင် ကျနော်တိုု့အတွက် မိဘတွေ ဒီဒုုက္ခသည်မှာရှိထားတဲ့ လူတွေအတွက် အားလုံုးအတွက် ဒုုက္ခအများကြီးရောက်တယ်လိုု့ ပြောချင် ပါတယ်။”ဟုုပြောသည်။

ပန်လုံုစစ်ရှောင်ဒုုက္ခသည်စခန်းတွင် အိမ်ထောင်စုု ၁၂၅ စုုရှိပြီးလူဦးရေး ၅၇၈ ဦး၏ စား ၀တ် နေရေးကိုုကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၊ မေတ္တာဖောင်ဒေးရှင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) တိုု့မှ အဓိကကူညီထောက်ပံ့ပေးထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူများက ရိက္ခာလျှော့ချရသည့် အကြောင်း အရင်းနှင့်ပတ်သက်ပြီးလာရောက်ရှင်းပြခဲ့ပြီး လျှော့ချရသည့်အကြောင်းရင်းကို ပန်လုံုစစ်ဘေးဒုုက္ခသည်စခန်း လက်ထောက်တာဝန်ခံ ဆရာဦးဒုုန်လာကွမ်ဖန်ကယခုုလိုုပြောသည်။

“ဘာကြောင့်လျှော့လည်းဆိုုတော့ အခုုကမ္ဘာတဝှမ်းမှာလည်း ဒုုက္ခသည်တွေ အရမ်းများလာတယ် ပိုုပြီးမှ Emergency ဖြစ်တဲ့သူတွေကိုုဦးစားပေးတဲ့ အနေနဲ့ ကျနော်တိုု့  ၂နှစ် ၃နှစ်ကြာတဲ့ဟာတွေကိုုသူတိုု့ လျှော့လိုုက်ခြင်းဖြစ်တယ်။ အဲဒါနောက်တချက် ပြီးရင် ကျနော်တိုု့ ဒုုက္ခသည်မှာနေနေတဲ့ ကျနော်တိုု့ ဒုုက္ခသည်တွေ ကိုုယ့်အားကိုုယ်ကိုုး၊ ကိုုယ့်ခြေကိုုယ်ရပ်နိုင်ဖိုု့ရန်အတွက် အဲလိုမျိုးပျိုးထောင်တဲ့ အနေနဲ့လည်းလျှော့ချလိုုက်ခြင်းဖြစ်တဲ့ဟာကိုုသူတိုု့ တစ်မနက်မှာ ကျနော်တိုု့ကိုုလာရှင်းပြ ကြတယ်။ အဲလိုုပြောပြကြတယ်။”ဟုုပြောသည်။

စစ်ဘေးဒုုက္ခသည် အများစုုသည် ကချင်တိုုင်းရင်းသားများဖြစ်ပြီးကတော့ကောင်၊ ယန်ဝူး၊ မော် ဆွေ၊ ဒိန်ဂါ၊ ကျမ်းကား၊ စသည့် ရွာ ၅ ရွာမှ စစ်ဘေးရှောင်များဖြစ်သည်။

မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တိုု့ကြား ဖြစ်ပွားခဲ့သောတိုုက်ပွဲကြောင့် ပန်လုံုစစ်ဘေးရှောင်စခန်းသည် ၂၀၁၄ ဧပြီလတွင် စတင်ဖြစ်ပေါ်လာခဲ့သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...