ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့ Holiday Inn Hotel တွင် ဇွန်လ ၂၅ ရက်နေ့က ကျင်းပပြီးဆုံုးသွားခဲ့သည့် တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ EAO PPST ဒုုတိယအကြိမ် ညီလာခံမှ ဆုံုးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုု ပြောရေးဆိုုခွင့်ရှိသူ ဗုုိလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောသည်။
အပစ်ရပ်တာဖြစ်စေ မရပ်သည်ဖြစ်စေ လက်နက်ကိုုင် အဖွဲ့အစည်းတွေအားလုံုး ထိပ်သီးညီလာခံ ယခင်ကတော့ လိုုင်ဇာ ညီလာခံပေါ့ ၊ ဒီလိုုပုံုစံမျိုး ညီလာခံ တစ်ရပ်ကိုုလည်း ဒါကိုုလည်းပဲ PPST က သဘောတူပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖိုု့ ဆုံုးဖြတ်တယ်။ အဲ့ဒီပွဲကိုုကြိုဆိုုတယ် ကျနော်တိုု့ တက်ဖိုု့ သဘောတူ ဆုံုးဖြတ်တယ်။ ၂၁ ရာစုု ပင်လုံု လိုု့ခေါ်တဲ့ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံမှာ ဘယ်လိုု ပါ၀င်တက်ရောက်နိုုင်မလဲ ဆိုုတာ ကျနော်တိုု့ ညှိမယ် တက်ရောက်ပြီးတဲ့နောက်မှာ ဘယ်ခေါင်းစဉ်တွေ ဘယ်အကြောင်းအရာတွေ ကိုု အဓိက ဆွေးနွေးမလဲဆိုုတာ ညှိမယ်။
တိုုင်းရင်းသား ထိပ်သီးခေါင်းဆောင်များပါ၀င်တက်ရောက်မည့် ထိုုအစည်းအဝေးကိုု ဇူလိုုင်လ ၁၁ ရက်နေ့မှ ဇူလိုုင်လ ၁၃ ရက်နေ့အထိ ကျင်းပသွားရန် ယာယီသတ်မှတ် ထားသော်လည်း တိုုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များနှင့် ပြန်လည်ညှိနှိုင်းသွားရန် ရှိနေသေးကြောင်း ဆက်ပြောသည်။
ထိုု့အပြင် နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်နှင့် ပထမဆုံုးအကြိမ် တရားဝင် တွေ့ဆုံုဆွေးနွေးရန် ဇွန်လ ၂၈ ရက်နေ့တွင် ကိုုယ်စာလှယ် ၂၂ ဦး ရွေးချယ်ခဲ့ပြီး ဆွေးနွေးရန်အချက်များကိုုလည်း ယခုုအစည်းအဝေးမှ ပြင်ဆင်ဆုံုးဖြတ်ခဲ့ကြသည်ဟုု ဗုုိလ်မှူးကြီး ခွန်ဥက္ကာ မှ ဆက်ပြောသည်။
ကျနော်တိုု့ မေတ္တာရပ်ခံပြီးတော့ တွေ့ဆုံုခွင့်တောင်းထားတဲ့ နုုိင်ငံတော်၏ အတိုုင်ပင်ခံ ပုုဂ္ဂိုလ်နဲ့တွေ့ရေးက အတည်ပြုချက် ရပါတယ်၊ ကျနော်တိုု့ဖက်ကလည်းရတယ် အစိုုးရ ဖက်ကလည်း ကိုုယ်စားလှယ်တွေ လာရောက်ဖိုု့ ဖိတ်ကြားစာ ရရှိပါတယ် ရရှိတဲ့အတွက် ထိပ်သီးခေါင်းဆောင် ၈ ဦး ဦးဆောင်ပြီးတော့ စုုစုုပေါင်း ၂၂ ဦး နေပြည်တော်သွားဖိုု့ ခရီးစဉ် သတ်မှတ်တာ ရှိပါတယ်။
တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုုးထားကြ သည့် အပစ်ရပ် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်မှာ ရှေ့ဆက် နိုုင်ငံရေးလုုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုုင်ရန်အတွက် ဆုံုးဖြတ်ချက် ၁၀ ချက် ကိုုလည်း သဘောတူ ဆုံုးဖြတ်ခဲ့ကြသည်ဟုု ဗုုိလ်မှူးကြီး ခွန်ဥက္ကာ မှ ဆက်ပြောသည်။
ဆုံုးဖြတ်ချက်ကတော့ ၁၀ ချက်ပါပဲ PPST ကနေပြီးတော့ ဦးဆောင်ပေးနေရတဲ့ UPDJC တိုု့ JMC တိုု့ CT တိုု့ ဒီ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့တွေ အားလုံုးရဲ့ အခြေအနေတွေကိုုကြည့်ပြီး တော့ သူတိုု့ ဘယ်လိုု ဆက်လုုပ်နိုုင်မလဲဆိုုတဲ့ မူဝါဒ ချပေးဖိုု့တာဝန်ပေါ့ဗျား၊ အရေးကြီးတာ ကတော့ အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒတွေ ၂၁ ပင်လုံုအပေါ် သဘောထား၊ နောက်ပြီးတော့ ကျနော်တိုု့ ဒီ ပြည်နယ်အဆင့် ပြည်ထောင်စုုအဆင့် ဆွေးနွေးပွဲ တွေမှာရရထားတဲ့ မူလ သဘောတူ စာချုပ်တွေကိုု အကောင်အထည်ဖော်ဖိုု့။
တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင်ကျင်းပခဲ့သည့် NCA လက်မှတ်ရေး ထိုုးထားသော တုုိင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဒုုတိယအကြိမ် ထိပ်သီးအ စည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။
ထိုုအဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံုး KNU အဖွဲ့မှ ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး မူတူးစေးဖိုုး မှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗိုုလ်ချုပ်ကြီး ယွက်စစ် မှ ဒုု အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အဖွဲ့ ၈ ဖွဲ့မှ ထိပ်သီးခေါင်း ဆောင် ကိုုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်တွင် နုုိင်ငံရေးအရ ဦးဆောင်မှုပေးနုုိင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ကြောင်းသိရသည်။







