အပစ်ရပ် တိုုင်းရင်းသား ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုုကြည်နှင့် ပထမဆုံုးအကြိမ် တရားဝင် တွေ့ဆုံုမည်

အပစ်ရပ် တိုုင်းရင်းသား ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုုကြည်နှင့် ပထမဆုံုးအကြိမ် တရားဝင် တွေ့ဆုံုမည်
တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့ က ထိပ်သီးခေါင်းဆောင်များသည် ဇွန်လ ၂၈ ရက်နေ့တွင် နုုိင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံုဆွေးနွေးမည်ဟုု ဗိုုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့မှ Holiday Inn Hotel တွင် ၂ ရက်ကြာ ကျင်းပနေသည့် တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အစည်းအဝေးတွင် တွေ့ဆုံုဆွေးနွေးရေးကိစ္စများကိုု အဓိက ပြင်ဆင်ရေးဆွဲသည်ဟုု EAO PPST အဖွဲ့ဝင် ဗုုိလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောဆိုုသည်။

အရေးပေါ်ဖြစ်နေတာက နေပြည်တော်မှာ အတုုိင်ပင်ခံပုုဂ္ဂိုလ်နဲ့တွေ့ရေးကလည်း အရေးပေါ် ဖြစ်နေတယ် တွေ့ဖိုု့အစီအစဉ်လုုပ်ထားတာက ကြာပြီ၊ ကြာတော့ အခုုဆိုု အစီအစဉ်က ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွေ့ဖိုု့ အခုုအချိန်ရတော့ ကျနော်တိုု့ဖက်က သွားမည့် ကိုုယ်စားလှယ်တွေ သွားမည့်လမ်းကြောင်းတွေ ပြင်ဆင်ပြီးတော့ သွားဆွေးနွေးရမည့် အကြောင်း အရာတွေပေါ့ဗျား အဓိကအချက်တွေ ပြင်နေတာပေါ့။

၄င်းအစည်းအဝေးတွင်  ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်မှာ နိုုင်ငံရေးဦးဆောင်မှု ပေးနိုုင်ရန်အတွက် လုုပ်ငန်းတာဝန်နှင့်လုုပ်ပိုုင်ခွင့်များအား ပြန်လည်သုံုးသပ် အတည်ပြုခြင်းများနှင့် ရှေ့လုုပ်ငန်းစဉ် အတွက် မဟာဗျူဟာ နှင့် နည်းဗျူဟာများကိုု အဓိက ဆွေးနွေးကြသည်ဟုု ဗုုိလ်မှူးကြီး ခွန်ဥက္ကာ မှ ဆက်ပြောသည်။

အဓိကကတော့ ဒီ လာမည့် ၂၁ ရာစုု ပင်လုံု အောင်မြင် ချောမွေ့ရေး အဖွဲ့အားလုံုးပေါ့ဗျား မထုုိးသေးတဲ့အဖွဲ့တွေပါ အားလုံုး စုုပေါင်းပါ၀င်နိုုင်ရေး နောက်ပြီးတော့ ဆွေးနွေးတဲ့ နေရာမှာလည်း ကျနော်တိုု့ လိုုလားတဲ့ ပန်းတိုုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုု တည်ဆောက်ရေးကိုု ဦးတည်တဲ့ နုုိင်ငံရေး ဆွေးနွေးပွဲမျိုးတွေ ဆက်လက်ဖြစ်ပေါ်ရေး နဲ့ NCA ရဲ့ မူလ မူအတိုုင်း လမ်းမချော်ပဲနဲ့ ဆက်ပြီးတော့ ဆွေးနွေးသွားနုုိင်ရေး။

တိုုင်းရင်းသား ခေါင်းဆောင်များသည် နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်နှင့် တွေ့ဆုံုပြီးပါက နိုုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆက်လက်တွေ့ဆုံုနိုုင်ရန် ကြိုးစားသွားမည်ဟုု သိရသည်။

တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင်ကျင်းပခဲ့သည့် NCA လက်မှတ်ရေး ထိုုးထားသော တုုိင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဒုုတိယအကြိမ် ထိပ်သီးအ စည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

ထိုုအဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံုး KNU အဖွဲ့မှ ဥက္ကဋ္ဌ ဗုုိလ်ချူပ်ကြီး မူတူးစေးဖိုုး မှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗိုုလ်ချူပ်ကြီး ယွက်စစ် မှ ဒုု အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အဖွဲ့ ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ကိုုယ်စားလှယ်များဖြင့်  ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်တွင် နုုိင်ငံရေးအရ ဦးဆောင်မှုပေးနုုိင်ရန် ဖြစ်သည်ဟုု သိရသည်။ 

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...