ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုုင်ဇာမြို့ရှိ ဝေကျိုင် စစ်ဘေးရှောင် ဒုုက္ခသည်စခန်းတွင် နေထိုုင်သည့် ဒုုက္ခသည်တစ်ဦးမှ ယခုုလိုု ပြောဆိုုသည်။
”အရင်တုန်းကလို အေးချမ်းမယ်ဆိုရင်တော့ အိမ်ကိုပဲ ပြန်ချင်တယ်။ အခုက မအေးချမ်းတော့ အိမ်ပြန်လို့မရသေးဘူးလေ”
နိုုင်ငံရေး အခြေအနေ တည်ငြိမ်မှု မရှိသည့်အတွက် မိမိတိုု့၏ မူလနေထိုုင်ရာ ဒေသသိုု့ မည်သူမျှ ပြန်ရဲကြမည်မဟုုတ်သည့်အပြင် စိုုးရိမ်မှုတွေရှိနေကြပြီး အစိုုးရနှင့် နှစ်ဖက်ပစ်ခတ်မှုများကြောင့် မိုုင်းများ၊ ဗုံုးများ ထောင်ထားနိုုင်သည့်အတွက် ၄င်းဒေသသိုု့ ပြန်လည်လုုပ်ကိုုင်စားသောက်ပါက ခက်ခဲနိုုင်ကြောင်းလည်း ဒုုက္ခသည်များက ပြောဆိုုကြသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာက နှစ်ခြင်းဘုရားကျောင်းအတွင်းမှာ ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များသည် လူဦးရေးအနည်းဆုံးဒုက္ခသည်စခန်းတခုဖြစ်ပြီး ကူညီပံ့ပိုးမှုများ အရောက်အနည်းဆုံးဖြစ်သည့်အပြင် ကလေးများ၏ ပညာရေး၊ ကျန်းမားရေး နှင့်တခြား အခက်အခဲများလည်း ရှိနေကြသည်ဟုု သိရသည်။
စစ်ပွဲဖြစ်ပွားနေသည့် ၅ နှစ်ကြာ ကာလအတွင်းမှာ စားဝတ်နေရေး ပံ့ပိုုးကူညီမှုများ ရှိသော်လည်း ငွေရေးကြေးရေး အခက်အခဲများကြောင့် ကလေးအများစုုသည် ပညာသင်ကြားနိုုင်ရန် အခက်အခဲကြံုတွေ့နေသည်ဟုုလည်း သိရသည်။
မဒိန် စစ်ဘေးဒုက္ခသည် စခန်းမှ စခန်းတာဝန်ခံ ဦးမရစ်နော်ဂျာ က “အခုခက်ခဲတာကတော့ camp ထဲက မိသားစုတွေ အားလုံးအတွက် စားဝတ်နေရေး အရေးပေါ် အခက်ခဲလိုနေတယ်။ စခန်းကြီးကြီး မဟုုတ်တော့ အကူအညီတွေက သိပ်မရောက်ဘူး။ ကလေးက အယောက် ၅၀ ကျော်လောက်ရှိတယ်။ သူတို့ရဲ့ ကျောင်းကိစ္စ မူကြိုတက်မယ့်ကိစ္စ အကုန်လုံး ခက်ခဲနေတယ်။ ပြီးတော့ မိဘတွေက အလုပ်လုပ်မယ်ဆိုလည်း နေရာတွေက အရမ်းဝေးတဲ့တယ် အများအား ဖြင့်က နေ့စားအလုပ်လုပ်တာ များကြတယ်။ ပြီးတော့ တချို့က တောင်ယာလုပ်ကြတယ်။” ဟုု ပြောသည်။
ကချင်ပြည်နယ်တွင်းက တိုုက်ပွဲများကြာင့် မိမိတိုု့ထွက်ပြေးလာခဲ့ကြရပြီး အကူအညီတွေ မရရှိခင်အချိန်အထိ တရုုတ်နိုု်င်ငံအတွင်းမှာ ရရာအလုုပ်လုုပ်ကိုုင်ပြီး မိသားစုုစားဝတ်နေရေး ဖြေရှင်းခဲ့ရသောကြောင့် ကျန်းမာရေး ထိ ခိုုက်မှုများလည်း ရှိခဲ့သည် ကိုုယ်တိုုင်ကြံုတွေ့ခဲ့ရသူ ဒုုက္ခသည်တစ်ဦးက ပြောသည်။
”ကျမတို့ အစ စစ်ဖြစ်တုန်းကဆိုရင် နေရာစုံပဲ ထွက်ပြေးရတယ်။ အခုလို အကူအညီတွေကလည်း မရှိသေးတော့လေ တရုတ်ပြည်ဘက်တွေလည်း ထွက်ပြေးရတယ်။ တခါမှမလုပ်ဖူးတဲ့ အလုပ်တွေလည်း လိုက်လုပ်ရတယ်။ ငှက်ပျောခြံတွေမှာလည်း အလုပ်တွေ လိုက်လုပ်ရတယ်။ အဲ့ဒါကြောင့် ကျန်းမာ ရေးထိခိုက်တာတွေလည်း ရှိတယ်”
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် ၂၀၁၆ ခုုနှစ် ဇွန်လ ၉ ရက်နေ့က ကချင်ပြည်နယ် အတွင်း တကျော့ပြန်စစ်ပွဲဖြစ်ခဲ့သည့် ၅ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “စစ်ဘေးဒဏ်သင့်ရင်ဖွင့် အစီအစဉ်” ခေါင်းစဉ်နှင့် ဆုုတောင်းဝတ်ပြုကိုုးကွယ်ခြင်း အစီအစဉ်တစ်ခုုပြုလုပ်ခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်(၉)ရက်နေ့မှ စတင်၍ ကချင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူများ အများအပြားရှိခဲ့ပြီး မိမိတိုု့၏အလိုုချင်ဆုုံးအရာသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသအတွင်းငြိမ်းချမ်း ရေး ဖြစ်ကြောင်း ဒုုက္ခသည်များက တောင်းဆိုုခဲ့ကြသည်။







