ဒေါ်အောင်ဆန်းစုုကြည်နှင့်တွေ့ဆုံုရန် တိုုင်းရင်းသားများအား ဖိတ်ခေါ်

ဒေါ်အောင်ဆန်းစုုကြည်နှင့်တွေ့ဆုံုရန် တိုုင်းရင်းသားများအား ဖိတ်ခေါ်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်နှင့် NCA လက်မှတ်မရေးထိုုးကြရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် ခေါင်းဆောင်များတွေ့ဆုံုရန် ဇွန်လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့တွင် အစိုုးရမှ တရားဝင်စာဖြင့် ပေးပိုု့ဖိတ်ခေါ်လိုုက်သည်ဟုု သိရသည်။

NCA တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးသဘောတူစာချူပ် လက်မှတ်မရေးထိုုးကြ ရသေးသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌ ဗိုုလ်ချူပ်ကြီး အင်ဘန်လ ထံလိပ်မူ၍ ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုုပင်လုံု အကြိပြင်ဆင်ရေးကော်မ တီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း မှ စာရေးပေးပိုု့လာပြီး ဖိတ်ခေါ်လိုုက်ခြင်းဖြစ်သည်ဟုု သိရသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးနှင့် နိုုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာရန် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ ဖွဲ့စည်းထားသည့် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်မှ အတည်ပြု ပြောသည်။

ဒေါက်တာ တင်မျိုးဝင်း ကနေရေးလိုုက်တာပါ၊ UNFC ဥက္ကဋ္ဌ ကိုုလိပ်မူပြီးစာရေးလုုိက်တာ၊ UNFC ဥက္ကဋ္ဌ ကနေပြီးတော့ နုုိင်ငံတော် အတိုုင်ပင်ခံနဲ့ လာတွေ့မယ်ဆိုုရင်လည်းပဲ ကြိုဆိုုတယ်ဆိုုတဲ့အကြောင်း DPN နဲ့ ဆက်လက် တွေ့ဆုံု ညှိနှိုင်းဆောင်ရွက်မယ်ဆိုုရင်လည်း ကြိုဆိုုတဲ့အကြောင်းပဲ ပြောပါတယ်။ တခြားထူးထူးထွေထွေတော့ မရှိဘူးပေါ့။

နိုုင်ငံတော် အတိုုင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည် နှင့် တွေ့ဆုံုဆွေးနွေးရေးကိစ္စနှင့်ပတ်သက်၍ တုုိင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် ဇွန်လ ၃ ရက်နေ့က ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့တွင် မေးမြန်းထားသည့် အချက်အလက်များအား ပြန်လည်ဖြေကြားပေးရန် လိုုအပ်သေးကြောင်း ခူးဦးရယ် မှ ဆက်ပြောသည်။

ကျနော်တိုု့ကတော့ အရင် ပထမဆုံုးအချိန်တွေ့တုုန်းက ကျနော်တိုု့ သိချင်တာလေးတွေ မေးမြန်းထားတာလေးတွေရှိတယ်လေ အဲ့ဒီဟာလေးရှင်းရှင်းလင်းလင်း သူတိုု့ဖက်က ပြန်ကြားဖိုု့ လိုုသေးတယ်လိုု့ ကျနော်တိုု့ဖက်က နားလည်တာပေါ့နော် ဆိုုတော့ သူတိုု့ ဘာများပြန်ကြားမလဲဆိုုတာကိုု နားထောင်ဖိုု့တော့ ကျနော်တိုု့ ပထမ လိုုအပ်တယ်လိုု့ ထင်ပါတယ်။ ရှင်းရှင်းလင်းလင်းမရှိသေးတော့ ကျနော်တိုု့ကတော့ တချက်တည်း ဒီလိုု ဖိတ်ခေါ်တာကိုု သွားတွေ့ဖိုု့တော့ လောလောဆယ်မှာ မရှိပါဘူး

အစိုုးရခေါင်းဆောင်များနှင့် မတွေ့ဆုံုမီ တိုုင်းရင်းသား လက်နက်ကိုုင် ခေါင်းဆောင်များအကြား ရှင်းရှင်းလင်းလင်း ဖြစ်စေရန်အတွက် ယခုုဇွန်လလယ်ပိုုင်းတွင် ထုုိင်းနုုိင်ငံ ချင်းမိုုင်မြို့မှာ အလွတ်သဘော ထပ်မံတွေ့ဆုံုရှင်းလင်းပေးဖိုု့လိုုအပ်ကြောင်း ဒေါက်တာ တင်မျိုးဝင်း ထံ UNFC မှ ဇွန်လ ၁၃ ရက်နေ့က အကြောင်းပြန်ကြားထားသည်ဟုု ခူးဦးရယ်မှ ဆက်ပြောသည်။

သူတိုု့ဖက်က ရှင်းရှင်းလင်းလင်း ကျနော်တိုု့ သိချင်တာလေးတွေ ကျနော်တိုု့ကိုု ရှင်းလင်းတဲ့ လမ်းကြောင်းကိုု သူတိုု့ခင်းထားပေးဖိုု့လိုုတာပေါ့ ဘယ်လိုုသွားမယ် ဘယ်လိုုညှိနှိုင်းဆောင် ရွက်မယ် ဆိုုတဲ့ဟာမျိုးတွေကိုု ရှင်းရှင်းလင်းလင်း ကျနော်တိုု့ဖက်က လိုုချင်တာလေ။ ကျနော် တိုု့နဲ့ အလွတ်သဘောထပ်တွေ့ဖိုု့ကျနော်တိုု့ ပြောထားပါတယ်။ ကျနော်တိုု့ကလည်း ဒီလထဲမှာဖြစ်နိုုင်ရင် အကောင်းဆုံုးလိုု့တော့ ပြောထားပါတယ်။

ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုုပင်လုံု အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့သည် ဇွန်လ ၃ ရက်နေ့တွင် ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ပထမဆုံုးအကြိမ် အလွတ်သဘော တွေ့ဆုံုခဲ့ပြီးဖြစ်သည်။

၄င်းတွေ့ဆုံုမှုတွင် တိုုင်းရင်းသားခေါင်းဆောင်များမှ ၂၁ ရာစုုပင်လုံုညီလာခံ ကိစ္စ၊ UPDJC ပြည်ထောင်စုု ငြိမ်းချမ်းရေး ဆွေးနွေးမှုု ပူးတွဲကော်မတီ ကိစ္စ၊ နိုုင်ငံရေးမူဘောင် ပြင်ဆင်သုံုး သပ်ရေး ကိစ္စ၊ တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးသဘောတူစာချူပ် NCA ကိစ္စ များကိုု မေးမြန်းခဲ့ကြသည်ဟုု သိရသည်။

ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့သည် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၉  ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစုု တစ်ခုုဖြစ်ပြီး တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုုးကြရသေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...