ဇွန်လ ရ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ၁၉၄၇ ပင်လုံုဖြစ်စဉ်ကိစ္စ၊ ပင်လုံုစာချKပ်ပါအကြောင်းအရာများကိစ္စ၊ ပင်လုံုဂတိကဝတ်များနှင့် ပင်လုံုစိတ်ဓါတ်ဆိုုင်ရာကိစ္စ များကိုု အဓိကဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကျင်းပခဲ့သည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ပြောရေးဆိုုခွင့်ရှိသူ ဒုု ဗုုိလ်မှူးကြီး စိုုင်းမိဏ်း မှ သတင်းထောက်များအား ယခုုလိုု ပြောသည်။
“လာမည့် ဒီအစိုုးရသစ်ကပေါ့နော် သူတိုု့ ၂၁ ရာစုု ပင်လုံုညီလာခံ ကျင်းပမယ်ဆိုုတာ ရှိတယ် ကျနော်တိုု့ မူလ ဒီ ပင်လုံုစာချူပ်ရဲ့ ပိုုင်ရှင်တွေဖြစ်တဲ့ ချင်း ကချင် ရှမ်း ဒီအဖွဲ့တွေအနေနဲ့ ကျနော်တိုု့ရဲ့ အရင်က ပထမ ပင်လုံုရဲ့ သဘောထား ပင်လုံုစိတ်ဓါတ် ပင်လုံု ဂတိကဝတ် ပင်လုံုစာချူပ်တွေနဲ့ ပင်လုံုရဲ့ အနှစ်သာရတွေကိုု ကျနော်တိုု့ သဘောထား တူညီမှု ရှိလား ဆိုုတာကိုု ကျနော်တိုု့ သုံုးသပ်ဖိုု့ အတွက်နဲ့ ကျနော်တိုု့ စတင်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။
နှစ်ရက်ကြာ ကျင်းပခဲ့သည့် ထိုုအစည်းအဝေးတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုုဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်သည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗိုုလ်ချုပ်ကြီး ယွက်စစ် ခေါင်းဆောင်သည့် အဖွဲ့ဝင်များနှင့် ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP အဖွဲ့မှ ဗိုုလ်ချုပ် စိုုင်းထူး ခေါင်းဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နိုုင်ငံတော် အတုုိင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည် ဖိတ်ကြားထားသည့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံုညီလာခံအား အမြင်သဘောထားတွေ ဖလှယ်ခဲ့ကြသည့်အပြင် နိုုင်ငံရေးမူဘောင် ပြန်လည်သုံုးသပ်ရန် ဖိတ်ကြားထားမှု ကိစ္စများ အားလည်း ဆွေးနွေးခဲ့ကြသည်ဟုု သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ၂၁ ရာစုုပင်လုံုကိုု ထောက်ခံကြိုဆိုုကြောင်းနဲ့ ၁၉၄၇ ပင်လုံု ကိုု ဆက်လက်စွဲကိုုင်သွားကြမည်ဟုု အစည်းအဝေးတက်ရောက်လာသည့် ခေါင်းဆောင် သုံုးဦးမှ သဘောတူ လက်မှတ်ရေးထိုုးခဲ့ကြသည်ဟုု KIO အဖွဲ့မှ ဗိုုလ်ချုပ် ဂွန်မော် မှ ပြောသည်။
“အဓိကကတော့ ကျနော်တိုု့ သဘောတူညီမှု ဆိုုတာထက် ကျနော်တိုု့ရဲ့ သဘောထားအမြင်တွေ စုုစည်းတာဖြစ်ပါတယ် ဒီအခုုကျင်းပမည့် ၂၁ ရာစုု ပင်လုံု ကိုုကျနော်တိုု့က ကြိုဆိုုလက်ခံတဲ့ မှတ်တမ်းတွေရယ်၊ နောက်ပြီးတော့ ဒီ ကျနော်တိုု့ မူလပင်လုံုကိုု စပြီးလက်မှတ်ရေးထိုုးခဲ့ကြတဲ့ ကျနော်တိုု့ ရှမ်း ကချင် ချင်း တိုုင်းရင်းသားများက ဦးစွာ တာဝန်သိသိနဲ့ ကျနော်တိုု့ စပြီးမှ သုံုးသပ်ချက်တွေလုုပ်တယ်။ နောက်လာမည့်အစည်းအဝေးမှာ ကျနော်တိုု့ ဘယ်လိုုတက်ကြမလဲ လူထုုကိုု ကျနော်တိုု့ ဘယ်လိုု ချဉ်းကပ်မလဲ ဆိုုတဲ့အပိုုင်းတွေကိုု ကျနော်တိုု့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ တူညီတဲ့ သဘောထားအမြင်ကတော့ဒီ ကျနော်တိုု့က ၂၁ ရာစုု ပင်လုံု ညီလာခံ ကိုုကြိုဆိုုတယ် ပင်လုံုရဲ့ ဒီ အခြေခံ အနှစ်သာရ မပျောက်ပျက်ပဲနဲ့ ကျနော်တိုု့က ညှိနှိုင်းဆောင်ရွက်သွားမယ်။ လူထုုကိုုလည်း ကျနော်တိုု့က လိုုအပ်တဲ့ တိုုင်ပင်မှုတွေလုုပ်ပြီးမှ ပြင်ဆင်သွားမယ်ဆိုုတဲ့ သဘောထားတွေ ကျနော်တိုု့ မှတ်တမ်းတင်ထားပါတယ်” ဟု သူက ပြောသည်။
အစည်းအဝေးအပြီးတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုုဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လ က ပင်လုံစာချုပ်၏ မူလပိုင်ရှင်ဖြစ်သည့် ရှမ်း၊ကချင်၊ ချင်း မျက်နှာချင်းဆိုင်၍ ပင်လုံညီလာခံ၏ ဇာစ်မြစ်အား သုံးသပ်ခွင့် ရသည့်အတွက် ကျေနပ်မှုရရှိပြီး ပင်လုံကတိကဝတ်၊ ပင်လုံ စာချုပ်သည် အင်မတန်နက်နဲမှုရှိခဲ့ကြောင်းနှင့် ပင်လုံစာချုပ်မရှိခဲ့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံ လည်း ရှိလာမှာ မဟုတ်ကြောင်း ၊ တခြားတိုုင်းရင်းသားများနှင့် ဆက်လက်ဆွေးနွေးသွားရမည်ဟုုလည်း ပြောဆိုုသွားခဲ့သည်။
“အခု ကျနော်တို့ လက်မှတ်လည်း ထိုးနိုင်ခဲ့ပါပီ။ ရှေ့ဆက်ပီး လုပ်သွားမယ့် လုပ်ငန်းစဉ်မှာ အင်မတန်မှ အရေးကြီးတဲ့ကဏ္ဍကို ရှမ်းနဲ့ ကချင်၊ ချင်း ကျနော်တို့ မူလပိုင်ရှင်များ ဖြစ်တဲ့အတိုင်း ကျနော်တို့က ပိုပြီးတော့ တာဝန်ယူမှုရှိရှိနဲ့ ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဒီနေ့ကျနော်တို့ သဘောတူတဲ့အတိုင်း အခြား အခြားသော တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံပြီး ဆွေးနွေးပြီး အစိုးရက ဖိတ်ခေါ်တဲ့ ညီလာခံမှာ တသွေးတသံနဲ့တင်ပြသွားနိုင်အောင် ကျနော်တို့ဆက်လက်ပြီး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
အစည်းအဝေးအား ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ကိုု တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုုင်ခဲ့သည့်အတွက် အစည်းအဝေး၏ သဘောတူညီမှုများကိုု လက်ခံသွားမည်ဟုု အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။
ယခုု အစည်းအဝေးသည် ဇွန်လ ၁ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗုုိလ်ချုပ်ကြီး ယွက်စစ် နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုုဥက္ကဋ္ဌ ဗိုုလ်ချုပ်ကြီး အင်ဘန်လ တိုု့ သီးခြားတွေ့ဆုံုခဲ့ပြီးနောက် ယခုု ပင်လုံုဆိုုင်ရာညှိနှိုင်း အစည်းအဝေးအား စတင် ကျင်းပနုုိင်ခဲ့ခြင်းဖြစ်သည်ဟုု သိရသည်။







