ဘုံုရပ်တည်ချက်ချမှတ်နိုုင်ရေး တိုုင်းရင်းသားညီလာခံ ခေါ်ယူရန်ကြိုးစားမည်

ဘုံုရပ်တည်ချက်ချမှတ်နိုုင်ရေး တိုုင်းရင်းသားညီလာခံ ခေါ်ယူရန်ကြိုးစားမည်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
၂၁ ရာစုု ပင်လုံုညီလာခံတွင် တိုုင်းရင်းသားအဖွဲ့အစည်းအားလုံုး၏ ဘုံုသဘောတူညီချက်နှင့် ရပ်တည်ချက်သဘောထားများ တင်ပြနိုုင်ရန်အတွက် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်း အားလုံုးပါ၀င်သည့် ညီလာခံ တစ်ရပ်အား ၂၁ ရာစုုပင်လုံုညီလာခံ မကျင်းပမီအချိန်တွင် စုုစည်း ကျင်းပသွားမည်ဟုု သိရသည်။

ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ၃ ရက်ကြာ ကျင်းပခဲ့သည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုုအလုုပ်အမှုဆောင် တိုုးချဲ့အစည်းအဝေးတွင် တက်ရောက်လာသည့် ခေါင်းဆောင်များမှ သဘောတူ ဆုံုးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုု သိရသည်။

ဒီကိစ္စနှင့် ပတ်သက်၍ UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဦးထွန်းဇော် က ဇွန်လ ၃ ရက်နေ့ အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ယခုုလိုု ပြောဆိုုသည်။

တိုုင်းရင်းသားတွေကြားထဲမှာ တစ်သံတည်း ထွက်ဖိုု့ပေါ့နော် အတူတကွ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာသွားနုုိင်ဖိုု့အတွက် ကျနော်တိုု့ အဲ့သဘောထား ချမှတ်ထားပါတယ်။ အဲ့ဒါကြောင့် ၈ ဖွဲ့နဲ့လည်းပဲ ကျနော်တိုု့ UNFC က သက်ဆုုိင်ရာ ကိုုယ်စားလှယ်တွေနဲ့ ဆက်လက်ပြီးတော့မှ ဆွေးနွေးညှိနှိုင်းသွားဖိုု့ ရှိပါတယ်။

၄င်းအစည်းအဝေးအား ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုုင်ဂျာယန် တွင် ကျင်းပသွားဖိုု့ ယာထားသော်လည်း တိုုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ UNFC အတွင်းရေးမှူး အဖွဲ့ဝင်များမှ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟုုလည်း ဆိုုသည်။

အစည်းအဝေးတွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှင့် မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA အဖွဲ့က UNFC အဖွဲ့ကနေနုုတ်ထွက်ခွင့် တင်ထားမှု ကိစ္စနဲ့ပတ်သက်ပြီး တိကျသည့် ဆုံုးဖြတ်ချက်မျိုး မချနိုုင်ခဲ့ဘဲဲ လာမည့် သြဂုုတ်လတွင်ကျင်းပမည့် UNFC ညီလာခံတွင် ဆုံုးဖြတ်သွားကြမည်ဟုု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နိုုင်ငံရေးဆွေးနွေးပွဲများတွင် တိုုင်းရင်းသားဒေသများနှင့်ကိုုက်ညီသည့် ပညာရေး၊ ကျန်းမာရေး၊ ဒုုက္ခသည်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုုင်ရာအရေး၊ စတဲ့ မူဝါဒ ၉ ခုုကိုုလည်း တိုုင်းရင်းသား လူမျိုးများ ရေးရာစင်တာ ( ပြည်ထောင်စုု မြန်မာနိုုင်ငံ) ENAC အဖွဲ့က ၂ နှစ်ကြာ ပြုစုုတင်ပြခဲ့ပြီး တိုုင်းရင်းသားခေါင်းဆောင်များက သဘောတူကြောင်း အတည်ပြုခဲ့ကြသည်ဟုု ဦးထွန်းဇော် မှ ပြောသည်။

ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုု ပင်လုံု) အကြိုပြင်ဆင်ရေးကော်မတီ နှင့် နိုုင်ငံရေး ဆိုုင်ရာ တွေ့ဆုံုဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်များနှင့်တွေ့ဆုံုခဲ့သည့် ကိစ္စ နှင့် ပတ်သက်၍လည်း ယခုုတွေ့ဆုံုမှုမှသည် လိုုအပ်သည့်လုုပ်ငန်းကိစ္စရပ်များ ဆက်လက်ဆောင် ရွက်သွားကြရန် နှစ်ဖက် သဘောထားရှိကြောင်း ယနေ့ အစည်းအဝေးအပြီးတွင် ထုုတ်ပြန်ကြေ ညာချက် တစ်စောင် ထုုတ်ပြန်ခဲ့သည်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့သည် တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးစာချူပ် NCA လက်မှတ်မရေးထိုုးကြရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၉  ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုုအဖွဲ့တစ်ခုုဖြစ်သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...