RCSS ဥက္ကဋ္ဌ နှင့် KIO ဒုုဥက္ကဋ္ဌ သီးခြားတွေ့ဆုံု

RCSS ဥက္ကဋ္ဌ နှင့် KIO ဒုုဥက္ကဋ္ဌ သီးခြားတွေ့ဆုံု
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ငြိမ်းချမ်းရေး ကိစ္စအပါအဝင် ရှမ်းပြည်နယ်က ပဋ္ဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗိုုလ်ချုပ်ကြီး ယွက်ဆစ် နှင့် KIO ဒုု ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လ တိုု့ ဒီကနေ့ ဇွန်လ ၁ ရက်နေ့တွင် ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့မှာ သီးခြားတွေ့ဆုံုဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF/TNLA  တပ်ဖွဲ့နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တိုု့အကြား ဖြစ်ပေါ်နေတဲ့ ပြသနာများနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုု RCSS အဖွဲ့မှ ပြောရေးဆိုုခွင့်ရှိသူ ဗုုိလ်မှူးကြီး စိုုင်းလ မှ ပြောသည်။

ဗုုိလ်ချုပ်ကြီး အင်ဘန်လ ကတော့ တိုုက်ပွဲမဖြစ်တာကိုု သူက မေတ္တာရပ်ခံတာပေါ့နော်၊ ကျနော်တိုု့ ဥက္ကဋ္ဌကြီးက ပြန်ပြောတယ် တိုုက်ပွဲ မဖြစ်တာကတော့ ကောင်းတာပေါ့တဲ့၊ ဒါပေမယ့် သူတိုု့က လာမတိုုက်တာက ပိုုကောင်းတယ်။ သူတိုု့က လာတိုုက်နေလိုု့တုုိက်ပွဲ ဖြစ်ရတာပဲ ဖြစ်တယ်တဲ့၊ သူကလည်း နားလည်တာပေါ့နော် ပဋ္ဋိပက္ခ ဖြစ်တဲ့ကိစ္စ အခုုအချိန်မှာ သူ့နယ် ကိုုယ့်နယ်လိုု့ မပြောပဲနဲ့ အတူတူ နေထိုုင်တဲ့ နည်းလမ်းကိုု ရှာလိုု့ရရင်တော့ အကောင်းဆုံုးပဲပေါ့။  အဲ့ဒါကိုုလည်း ကျနော်တိုု့က မငြင်းပါဘူး။ တွေ့ဆုံုဆွေးနွေးနုုိင်အောင်တော့ ဆောင်ရွက်ပေးရင်တော့ ပိုုကောင်းတာပေါ့ ဆိုုပြီးတော့ ကျနော်တိုု့ကလည်း အဲ့လိုု ပြန်ပြောပါတယ်။

ထိပ်သီးခေါင်းဆောင်နှစ်ဦး တွေ့ဆုံုမှုတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဒုုဥက္ကဌ ဗိုုလ်ချူပ်ကြီး အင်ဘန်လ မှ အမြန်ဆုံုး တွေ့ဆုံုဆွေးနွေးပြီး အဖြေရှာကြရန် တိုုက်တွန်း ပြောဆိုုခဲ့ပြီး RCSS ဥက္ကဋ္ဌ ဒုု ဗုုိလ်ချုပ်ကြီး ယွက်ဆစ် မှ ထိုုင်းနိုုင်ငံ သိုု့မဟုုတ် ထိုုင်း မြန်မာ နယ်စပ် တစ်နေရာတွင် တွေ့ဆုံုဆွေးနွေးကြရန် အကြောင်းပြန်လိုုက်သည်ဟုု သိရသည်။

ထိုု့အပြင် လက်ရှိမြန်မာနိုုင်ငံ၏ ငြိမ်းချမ်းရေး ၊ တိုုင်းရင်းသား လက်နက်ကိုုင် အရေးကိစ္စ များနှင့် ပတ်သက်၍လည်း အမြင်သဘောထားတွေ ဖလှယ်ခဲ့ကြပြီး ရှေ့ဆက်ငြိမ်းချမ်းရေးအတွက် ဆက်လက်လုုပ်ဆောင်နုုိင်ရန်ကိစ္စများကိုု အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟုု သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့တိုု့သည် လွန်ခဲ့သည့် ၂၀၁၅ ခုုနှစ် နိုုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ နှစ်ဖက် တပ်ဖွဲ့များအကြား တိုုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် နှစ်ဖက်ထိခိုုက်ကျဆုံုးမှုများ ရှိခဲ့သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...