UWSA တပ်စခန်းတချို့ဖယ်ရှားပေးရန် ထိုုင်းမှ တောင်းဆိုု

UWSA တပ်စခန်းတချို့ဖယ်ရှားပေးရန် ထိုုင်းမှ တောင်းဆိုု
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ထိုုင်း မြန်မာ နယ်ခြားကော်မတီ TBC အဖွဲ့၏ ၈၆ ကြိမ်မြောက် အစည်းအဝေးကိုု ဒီကနေ့ ထိုုင်း မြန်မာနယ်စပ် မယ်ဆိုုင်မြို့မှာရှိသည့် Maekhong Delta Boutique Hotel တွင် ကျင်းပခဲ့သည်။

TBC အစည်းအဝေးတွင် နှစ်နိုုင်ငံ နယ်စပ်စည်းမျဉ်းကျော်၍ စခန်းချနေသည့် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်စခန်းတချို့ နောက်ဆုုတ် ဖယ်ရှားပေးဖိုု့ ထိုုင်းဖက်မှ တောင်းဆိုုခဲ့သည်ဟုု အမည်မဖော်လိုုသည့် ထိုုင်းစစ်တပ်အရာရှိတစ်ဦးမှ ပြောသည်။

UWSA တပ်စခန်းဖယ်ရှားပေးရန် တောင်းဆိုုခဲ့သည့်နေရာများမှာ ထိုုင်းနုုိင်ငံ မြောက်ပိုုင်း ချင်းမိုုင်ခရိုုင် ချင်းဒေါင်းမြို့နယ်အနီး နှင့် မယ်ဟောင်ဆောင်ခရိုုင်၊ ပိုုင်းမြို့နယ်အနီးက UWSA တပ်မဟာ ရ၇၈ လက်အောက်ခံ တပ်စခန်းများဖြစ်သည်ဟုု သိရသည်။

မြန်မာဖက်ခြမ်းမှလည်း တာချီလိတ်မြို့အနီးမှ ဒွိုင်လန်နယ်မြေတွင် ထိုုင်းဖက်မှ နယ်ခြားမှတ်တိုုင် နှစ်နေရာ လာစိုုက်ထူပြီး နယ်ခြားစောင့်တပ် ၂၉ ဦး လာရောက်တပ်စခန်းချထားမှု ဖယ်ရှား ပေးရေးနှင့် နှစ်နုုိင်ငံပိုုင်ဆိုုင်သည့် မယ်ဆိုုင်ချောင်းအတွင် ထိုုင်းဖက်ခြမ်းမှ ချောင်းကိုု ပိတ်ပင်ပြီး ရေစီးရေလာပြောင်းလဲအောင် လုုပ်ဆောင်နေမှုတွေကိုု ရပ်တန့်ပေးဖိုု့ တောင်းဆိုုခဲ့ကြသည်ဟုု သိရသည်။

နှစ်နိုုင်ငံ TBC အဖွဲ့ဝင်များ ဆွေးနွေးရာတွင် UWSA တပ်စခန်းရွှေ့ပြောင်းပေးရေးကိစ္စအား အထက်အဆင့်သိုု့ တင်ပြထားပြီး မကြာမီပြေလည်သွားမည်ဖြစ်ကြောင်း မြန်မာဖက်ခြမ်းက တာဝန်ရှိသူများက တုုန့်ပြန်ပြောဆိုုခဲ့ပြီး နယ်ခြားမှတ်တိုုင်ကိစ္စအား ၂၀၀၁ ခုုနှစ် စက်တင်ဘာလက ချွန်ဘူရီ RBC အစည်းအဝေးတွင် နှစ်နုုိင်ငံသဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်၍ ဖယ်ရှားပေးနိုုင်မည်မဟုုတ်ဟုု ထိုုင်းတာဝန်ရှိသူများက ပြောဆိုုပြီး ပူးတွဲနယ်နမိတ်ကော်မတီ JBC အစည်းအဝေးများတွင် ဆက်ဆွေးနွေးသွားကြရန် ဆွေးနွေးခဲ့ကြသည်။

မယ်ဆိုုင်မြို့တွင်ကျင်းပသည့် ထိုုင်း မြန်မာ နယ်ခြားကော်မတီ TBC အစည်းအဝေးကိုု မြန်မာနိုုင်ငံဖက်ခြမ်းမှ ဒုု ဗုုိလ်မှူးကြီး အောင်မြင့်ဦး ခေါင်းဆောင်၍ အဖွဲ့ဝင် ၂၅ ဦးတက် ရောက်ခဲ့ပြီး ထိုုင်းနုုိင်ငံက ဗုုိလ်မှူးကြီး Prapat found Suwan ခေါင်းဆောင်သည့် အဖွဲ့ဝင် ၄၇ ဦး တက်ရောက်ခဲ့ကြသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...