TNLA နှင့် RCSS မိုုင်းလားတွင်တွေ့ဆုံုရန်ပျက်ပြယ်

TNLA နှင့် RCSS မိုုင်းလားတွင်တွေ့ဆုံုရန်ပျက်ပြယ်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်နယ်၌ ဖြစ်ပေါ်နေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့တိုု့၏ ပြဿနာများ တွေ့ဆုံုဖြေရှင်းနိုုင်ရန် ကြားဝင်ဆောင်ရွက်ပေးနေသည့် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များ မေလ ၁၃ ရက်နေ့က ထိုုင်းနိုုင်းငံချင်းမုုိင်မြို့တွင် RCSS ခေါင်းဆောင် များနှင့် တွေ့ဆုံုဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုတွင် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသည့် UNFC အဖွဲ့မှ ခေါင်းဆောင်များက TNLA နှင့် RCSS နှစ်ဖက်ခေါင်းဆောင်များ အမြန်ဆုံုး လူချင်းတွေ့ဆုံုညှိနှိုင်းဖြေရှင်းကြဖိုု့ တုုိက်တွန်းပြောဆိုုခဲ့သည်ဟုု သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဧပြီလ ၂၃ ရက်နေ့က အထူးဒေသ ၄ ဖြစ် သည့် NDAA-ESS မိုုင်းလားဒေသတွင် တွေ့ဆုံုဆွေးနွေးမည်ဟုု ပလောင်အမျိုးသား လွတ်မြောက် ရေး တပ်ဦး TNLA အဖွဲ့၏ အဆိုုပြုလာမှုကိုု သဘောတူ တွေ့ဆုံုဆွေးနွေးမည် ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့မှုကိုု မေလ ၁ ရက်နေ့တွင် အဖြေပေးမည်ဟုု ပြောဆိုုလာခဲ့ပေမယ့် မေလ ၁ ရက်နေ့တွင် RCSS တပ်ဖွဲ့များနှင့် TNLA တပ်ဖွဲ့များ အပြင်းအထန် တိုုက်ပွဲပြန်လည်ဖြစ်ပွား ခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်ဟုု သိရသည်။

ယင်းအခြေအနေများကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့အနေနှင့် ထိုုင်းနိုုင်ငံ သိုု့မဟုုတ် ထိုုင်းမြန်မာနယ်စပ်မှာ TNLA တပ်ဖွဲ့တွေနဲ့ တွေ့ဆုံုညှိနှိုင်းမှာဖြစ်ကြောင်း UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံုပွဲတွင် အကြောင်းပြန်ကြားခဲ့သည်ဟုု RCSS အဖွဲ့၏ ပြောခွင့်ရပုုဂ္ဂိုလ် ဗိုုလ်မှူးကြီး စိုုင်းလ က ပြောသည်။

အရင်တုုန်းကတော့ ကျနော်တိုု့ တွေ့ဆုံုဖိုု့ ကျနော်တိုု့ ပြောထားပြီးသားဖြစ်တယ် ဒီ ဧပြီလ ကုုန်ရင်နော် မေလဆန်း ၁ ရက် အကြောင်းပြန်ကြားပေးပါမယ် ဆိုုပြီးတော့ ပြောလာတယ် သိုု့ပေမယ့်လည်း ၁ ရက်နေ့မှာ စစ်အင်အားနဲ့ အလုံုးအရင်း ကျနော်တိုု့ကိုု ၀င်တုုိက်လုုိက်တော့ ဒီကိစ္စကတော့ ရပ်တန့်သွားတယ်၊ ဒါပေမယ့် အကျိုးအကြောင်းတွေ သိအောင်တော့ ညှိနှိုင်းဖိုု့ လိုုအပ်ပါတယ်။ အဲ့ဒါကိုုလည်း ကျနော်တိုု့ လက်ခံတယ် လက်ခံနေတဲ့ကြားကပဲ စစ်အင်အားနဲ့ ၀င်တိုုက် ၀င်တုုိက်နေတော့ ဘယ်လိုုလုုပ်ပြီး သွားတွေ့ကြမလဲ ဒီ ထုုိင်းမြန်မာနယ်စပ်မှာတော့ ဘယ်နေရာမဆိုု ဘယ်အချိန်မှာမဆိုု တွေ့ဆုံုဖိုု့ အသင့်ဖြစ်ပါတယ်ဆိုုတာကိုုလည်း ကျနော်တိုု့ နဂိုုကတည်းက ပြောထားတဲ့ အတိုုင်းပါပဲပေါ့နော် အခုုလောလောဆယ်တော့ မိုုင်းလားကိုု သွားဖိုု့တော့ ကျနော်တိုု့က လူကြီးတွေက ဒီတိုုက်ပွဲပြန်ဖြစ်တဲ့အတွက်ကြောင့် မသွားနိုုင်သေးဘူးပေါ့နော်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေသည့် ခေါင်းဆောင်တွေက လက်ရှိဖြစ်ပွားနေသည့် ပြဿနာများကိုု ခေါင်းဆောင် အချင်းချင်း လူချင်းတွေ့ဆုံုပြီး အမြန်ဆုံုးဖြေရှင်းမှသာ ပြေလည်မှု ရရှိမည်ဟုု တိုုက်တွန်းခဲ့ပြီး RCSS အဖွဲ့အနေနှင့် မူလသဘောတူညီမှု ပေးထားသည့် မိုုင်းလားဒေသတွင် တွေ့ဆုံုဆွေးနွေးမှုမှာ ဖြစ်နိုုင်တော့မည်မဟုုတ်ဟုု ငြင်းဆိုုခဲ့ကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့ က တစ်နာရီကျော်ကြာ တွေ့ဆုံုဆွေးနွေးမှုတွင် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် ဦးဆောင်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဗိုုလ်မှူးကြီး စိုုင်းလ တိုု့ ဦးဆောာင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်တော် TNLA အဖွဲ့နှစ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၅ ခုုနှစ် နိုုဝင်ဘာလ ၂၇ ရက်နေ့ကစ၍ နှစ်ဖက် တိုုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထိုုတိုုက်ပွဲတွင် နှစ်ဖက်ထိခိုုက်ကျဆုံုးမှုများ အများအပြားရှိခဲ့ပြီးနောက်ပိုုင်း ခေတ္တရပ်တန့်သွားခဲ့ သော်လည်း  မေလ ၁ ရက်နေ့မှစ၍ ဒုုတိယအကြိမ် နှစ်ဖက်ပစ်ခတ်တိုုက်ခိုုက်မှုများ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုုင်းတပ်ဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုုးရလက်ထက်တွင် တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုုးထားသည့် အဖွဲ့ဖြစ်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တပ်ဖွဲ့သည် တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခုုိက်မှု ရပ်စဲရေး ကိုု ယခုုအစိုုးရသစ်နှင့် ဆောင်ရွက်နိုုင်ရန် ပြင်ဆင်နေသည့်အဖွဲ့ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...