မိုင်းလား ပေါက်ကွဲမှု ၆ ဦး သေဆုံး

မိုင်းလား ပေါက်ကွဲမှု ၆ ဦး သေဆုံး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်အရှေ့ပိုုင်း ကျိုင်းတုံုခရိုုင် တရုုတ်-မြန်မာနယ်စပ်အနီး အထူးဒေသ-၄ မိုုင်းလားမြို့နယ် တာလော့မြို့ရှိ ယမ်းသိုုလှောင်ထားသည့် ဂိုုဒေါင်တစ်ခုုတွင် ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပေါ်ခဲ့မှုကြောင့် ပထမဆုံုးအကြိမ် သေဆုံုးဒဏ်ရာရမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းမှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အဖွဲ့၏ ယမ်းဂိုဒေါင်ရုံတစ်ခုသည် မေလ ရ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်က ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မိုင်းလား တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင်က “မနက် ၈ နာရီနီးပါးပါ။ ကျနော်တိုု့ သတ္တုတူးတွင်းသုံုးမယ့် ယမ်းဂိုုဒေါင်လေ တည်ဆောက်ရေးသုံုးတဲ့ ယမ်းဂိုုဒေါင်ပေါ့။ ကျနော်တို့ အုုပ်ချူပ် မှုလည်း အားနည်းတာပေါ့၊ ကျနော်တိုု့ ပထမ ရှာဖွေတော့ အလောင်း ၂ လောင်းတွေ့တယ်။ နောက် နည်းနည်း ပြန်ရှာရင်းနဲ့ နောက်ထပ် ၄ လောင်း ထပ်တွေ့တယ်။ အခုု ၆ ယောက်တော့ တိကျတယ်။ ဆေးရုံု ပထမအသုုတ် ပိုု့ထားတာတော့ ၂၀ ကျော်ရှိတယ်။” ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသော နေရာသည် တရုတ်နိုင်ငံနှင့် ကီလိုမီတာ ၁၀၀ ခန့်သာကွာဝေးပြီး ပေါက်ပွဲမှုဖြစ်ချိန် အဆိုပါနေရာတွင် တရုတ်ခရီးသွားဧည့်သည် နှစ်ထောင်နီးပါးခန့် ရောက်ရှိနေပြီး ဒဏ်ရာရရှိသူများထဲတွင် တရုတ်လူမျိုးများလည်း ပါဝင်ကြောင်းနှင့် တရုတ်နိုင်ငံဘက်မှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီ လုပ် ဆောင်ပေးခဲ့ကြောင်း ဦးကြည်မောင်က ဆက်ပြောသည်။

“ပေါက်ကွဲတဲ့အခါနဲ့ တရုုတ်နဲ့ မြန်မာနယ်စပ် မှတ်တိုုင် ၂၁၈ မှတ်တိုုင်နားမှာပေါ့ အဲ့ဒီနေရာမှာလည်း တရုုတ်ရဲ့ ခရီးသွားဧည့်သည် နှစ်ထောင်ကျော်နီးပါးလောက်ရှိတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ အသေးစိတ်တော့ မသိသေးဘူး။ အခုုတော့ မီးတော့ ငြိမ်သွားပြီ။ ဖြစ်ပြီးတဲ့နောက်မှာဆိုရင် တရုတ်က နယ်ခြားစောင့်ရဲတွေ တရုတ်ရဲ့ နယ်ခံအစိုးရတွေလည်း လာကူ တယ်”

ဦးစိုင်းလင်း ဦးဆောင်သည့် အထူးဒေသ-၄ မိုင်းလားတပ်ဖွဲ့ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)သည် ၁၉၈၉ ခုနှစ်ကတည်းက မြန်မာအစိုးရတပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...