ဒေါ်အောင်ဆန်းစုကြည်၏ ချင်းတွင်းအထက်ပိုင်းခန္တီးဟုမ္မလင်းပါတီစည်းရုံးရေးခရီးစဉ်ပြီးဆုံုး

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းတွင်းအထက်ပိုင်းခန္တီးဟုမ္မလင်းပါတီစည်းရုံးရေးခရီးစဉ်ပြီးဆုံုး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ချင်းတွင်းအထက်ပိုင်း ခန္တီးမြိုနှင့် ဟုမ္မလင်းမြို့များသို့ သွားရောက်သော မဲဆွယ်စည်းရုံးရေးခရီးစဉ်   စက်တင်ဘာ၂၇ ရက်က ပြီးဆုံးသွားကြောင်းဒေသခံများထံမှသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၅ ရက်တွင် ခန္တီးမြို့သို့ရောက်ရှိပြီး ၂၆ ရက်မှာတော့ ဟုမ္မလင်းမြို့သို့ရောက်ရှိကာ ၂၇ ရက်တွင် ဟုမ္မလင်းမြို့ရှိ လူထုအားစည်းရုံးဟောပြော၍ခရီးစဉ်ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။

ခရီးစဉ်အတွင်း NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိူင်မှသာအပြောင်းအလဲကိုဆောင်ရွက်နိူင်မည်ဖြစ်သောကြောင့် အစိုးရဖွဲ့စည်းနိူင်ရေးကူညီပေးကြရန် ပြည်သူလူ ထုအားပြောကြားခဲ့ကြောင်းသိရသည်။

“ အစိုးရဖွဲ့နိူင်မှ အပြောင်းအလဲကိုလုပ်ပေးနိူင်မယ်။ အစိုးရမဖွဲ့နိူင်ရင် လုပ်ပေးလို့မရဘူး။ အစိုးရဖွဲ့ဖို့ဆိုတာကလည်း ပြည်သူလူထု ကမဲပေးမှ ရမယ်ဆိုပြီးပြောတာတော့ ဦးဇင်းကြားလိုက်တယ်။” ဟု ခန္တီးမြို့မှ ဦးဇင်း ဦးကဝိပါလက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၇ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက် ဆုတောင်းပြည့်ဘုရားဝင်းတွင်လည်း လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီးအစိုးရဖွဲ့နိူင်ရေးအတွက် NLD ကိုသာမဲထည့်ပေးကြရန် ဟောပြောသွားခဲ့့ကြောင်းဟုမ္မလင်းမြို့နယ် ရှမ်းနီလူငယ်ကွန်ယက်ခေါင်းဆောင် ကိုသန်းလင်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ည် ၂၇ ရက် ညနေပိုင်းတွင် ဟုမ္မလင်းမြို့မှတဆင့် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်းသိရသည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...