ယခင်က မော်လမြိုင်-မန္တလေး ညနေ ၅ နာရီခရီးစဉ်ကိုသာ ပြေးဆွဲခဲ့ရာ ယခု နံနက်ပိုင်းခရီးစဉ်ကိုပါ တိုးမြှင့် ပြေးဆွဲမည် ဖြစ်၍ နေ့စဉ်ပုံမှန် နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ထွက်ခွာပေးသွားမည် ဖြစ်ကြောင်း ၎င်း က ပြောဆိုသည်။
“ခရီးသည်တွေ အဆင်ပြေစေဖို့ မနက်ပိုင်းခရီးစဉ်ကို ပြေးဆွဲပေးတာပါ၊ ညနေပိုင်းခရီးစဉ်တုန်းက ကားမမှီတော့လို့ရှိရင် နောက်နေ့ညနေအထိ တစ်ရက်လုံးစောင့်ရမယ်၊ ကုန်စည်စီးဆင်းမှုလည်း ကြန့်ကြာစေတယ်၊ အချိန်လည်းကုန်သလို ငွေလည်းကုန်ပါတယ်၊ ဒါကြောင့် မနက်ပိုင်းခရီးစဉ်ကို ပြေးဆွဲခြင်း ဖြစ်တယ်” ၎င်းက ထပ်မံပြောဆိုသည်။
မော်လမြိုင်-မန္တလေး နံနက်ပိုင်းခရီးစဉ် ကားလက်မှတ်တစ်စောင်လျှင် အာမခံကြေးအပါအဝင် ၁၅၅၀၀ ကျပ်နှင့် မန်းရွှေမြို့တော်မော်တော်ယာဉ်ဂိတ်တွင် ခရီးသည်ကိုယ်တိုင် လာရောက်ဝယ်ယူပါက ၁၃၅၀၀ ကျပ်သာ ကျသင့် မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
မော်လမြိုင်-မန္တလေး နံနက်ပိုင်းခရီးစဉ် သည် မန္တလေးဘူတာဂိတ်သို့ ၀င်ရောက်ပြီး ကျွဲဆည်ကန်ကားဝင်းတွင် ခရီးစဉ်ပြီးဆုံးမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ သိရသည်။



