တောင်ကြီးမြို့ပေါ်တွင် လက်ရှိဟိုတယ် ၃၅ လုံး၊ မိုတယ် ၃ လုံးနှင့် တည်းခိုခန်း ၆၀ လုံးရှိကြောင်း ဟိုတယ်နှင့်ခရီး သွားညွှန်ကြား မှု ဦးစီးဌာန စာရင်းများအရသိရသည် ။
“ဟိုတယ်တွေဘက်ကနေ အရမ်းကြီး မတန်တဲ့ service တွေဖြစ်နေရင်၊ service ကညံ့တယ် အခန်းခ မတရား ယူတယ်ဆိုရင်တော့ အရမ်းကြီးဖြစ်လာ ပြီဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ သျှမ်းပြည်နယ် အစိုးရတို့ ပြည်ထောင်စုဝန်ကြီးဌာနတို့ ဆီတင်ပြပြီးတော့မှ လိုအပ်သလို ဆောင်ရွက်သွားရမှာပါ ”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် ကပြောသည်။
သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တော်တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့် အထင်ကရ ပွဲတော်တစ်ခုဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံပွဲတော် သို့ လာရောက်လည်ပတ််ကြသည့် ပြည်တွင်းပြည်ပ ဧည့်သည်များသန်းချီရှိသည့် အတွက် နှစ်စဉ်ဟိုတယ်တည်းခိုခန်းများပြည့်လျှံ ရုံသာမက ဘုန်းကြီးကျောင်း များ၌ပါ နေရာလွတ်မရှိတော့ကြောင်းသိရသည်။
” တောင်ကျောင်းကြီး၊ မင်းကျောင်း ၊ နဂါးပတ်ကျောင်း တွေဟာ နှစ်တိုင်း ဧည့်သည်ပြည့်တတ်တဲ့ ကျောင်းတွေပဲ၊သောက်သုံးရေမလောက်တာမျိုးတွေ လဲရှိတယ် တစ်ချို့လဲပွဲတော် ကာလ အတွက်နေဖို့ အိမ်လာငှါး ကြတာတွေလဲ အများကြီးရှိတယ် ၊ အဆောင်တွေလည်းလူပြည့်ကုန်ပြီ ” ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ နန်းလူကပြောသည်။
တောင်ကြီး တန်ဆောင်တိုင်တွင် စူဠာမုနိ လောကချမ်းသာ ဘုရားပွဲတော် ၊ရိုးရာမီးပုံးပျံ လွတ်တင်ပူဇော်ပြိုင်ပွဲ၊ မဟာဘုံကထိန် ပွဲတော် ၊ မီးပဒေသာ လှည့်လည် ပြိုင်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ ဖြင့် အောက်တိုဘာ (၂၆)ရက်မှ နိုဝင်ဘာ (၄) ရက်နေ့အထိ စည်ကားသိုက်မြိုက် စွာကျင်းပသွားမည်ဟုသိရှိရပါသည်။







