ခွန်းဆေ၏ ကျနော်သူပုန်ဖြစ်လာပုံ The making of a Rebel စာအုပ် ထုတ်ဝေ

ခွန်းဆေ၏ ကျနော်သူပုန်ဖြစ်လာပုံ The making of a Rebel စာအုပ် ထုတ်ဝေ
by -
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် သတင်းဌာနအား စတင်တည်ထောင်သူ ဦးခွန်ဆာ ဦးဆောင်သော MTA တပ်မတော်၊ ဗိုလ်မိုးဟိန်းဦးအောင်သော TRC / TRA တပ်မတော် အဆက်ဆက်တို့တွင် အမျိုးသားရေးအတွက် အစဉ်တာဝန်ထမ်းဆောင်သူ ဦးခွန်စိုင်း (ခေါ်) ခွန်းဆေ ရေးသားသော ကျနော်သူပုန်ဖြစ်လာပုံ စာအုပ် ထုတ်ဝေလိုက်သည်။

"၂၀၁၂ က Burma Center for Ethnic Studies က ဒါရိုက်တာ ဒေါက်တာ လျန်မုန်းဆခေါင်းက ကျနော့်ကို ကျနော့်ဘဝလှုပ်ရှားမှု သမိုင်းတစိတ်တပိုင်းနဲ့ တော်လှန်ရေးထဲ ဝင်လာရတဲ့အကြောင်းကို ရေးခိုင်းတယ်။ ဘာကြောင့် တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီးတော်လှန်ရေးလုပ်ရသလဲ ဆိုတာပေါ့။ လူတိုင်းဖတ်လို့ရအောင် ဗမာလိုရေး ဖြစ်ပါတယ်။ အဓိကကတော့ ရှေ့ဆက်မှာ သူပုန်ထပ်မပေါ်ပေါက် လာအောင် ရည်ရွယ်ပါတယ်"ဟု စာရေးသူ ခွန်းဆေ ကပြောသည်။

ကျနော် သူပုန်ဖြစ်လာပုံ (The making of a Rebel ) စာအုပ်ကို ခွန်းဆေက ၂၀၁၂ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။ ၂၀၁၃ တွင် BCES ထံသို့ ပေးပို့ခဲ့သည်။ ရန်ကုန်ပန်းဝေဝေစာပေမှ အုပ်ရေ ၁ဝဝဝ ထုတ်ဝေခဲ့ပါသည်။ စာမျက်နှာ ၁၀၄ မျက်နှာပါရှိသည်။

"ကျနော်တို့ ငယ်ငယ်တုန်းက ဗမာကြားထဲမှာ နေလာတယ်။ ဗမာအဝတ်အစား ဗမာစကားတွေ ပြောတယ်။ သျှမ်းစစ်စစ်ကနေ ဗမာဖြစ်လုဖြစ်ခင်မှာ ဘာအကြောင်းအချက်ကများ ကျနော့်ကို သျှမ်း သူပုန်ဘဝရောက်အောင် ပို့ဆောင်ခဲ့သလဲ။ အဲလိုမျိုး မှားယွင်းတဲ့ ပေါ်လစီ မူဝါဒ ထပ်မံမဖြစ်ပွါးအောင် သတိထားသင့်တဲ့အချက်လေးတွေ စာအုပ်ထဲမှာပါပါတယ်"ဟု ဦးခွန်စိုင်းက ပြောသည်။

ဦးခွန်စိုင်းသည် တော်လှန်ရေးသမားဘဝတွင် ၂၇ နှစ်ကြာလှုပ်ရှားရင်း ဦးခွန်ဆာလက်နက်ချပြီးနောက် ၂၀၁၃ ခုနှစ်အထိ နှစ် ၂၀ နီးပါး သျှမ်းသံတော်ဆင့် သတင်းဌာနတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုနောက်ပိုင်း လက်ရှိအချိန်အထိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း အတွက် အဓိက ပံ့ပိုးပေးမှုလုပ်ဆောင်နေသည့် ပြည်ထောင်စု အင်စတီကျုရုံးတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...