ကျိုက်ထိုတွင် ယာဉ်နှစ်စီးတိုက်မိ၍ ၃ ဦးသေဆုံး

ကျိုက်ထိုတွင် ယာဉ်နှစ်စီးတိုက်မိ၍ ၃ ဦးသေဆုံး
by -
မွန်သတင်းအေဂျင်စီ
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြင်ကွင်း(Facebook)
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြင်ကွင်း(Facebook)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊မရမ်းချောင်ကျေးရွာအနီးရှိ  ပိန္နဲပင်အကွေ့တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ၃ ဦးသေဆုံးသွားကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ (၁၃) ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် (7E/3805) အဖြူရောင် ပရိုဘောက်ယာဉ်သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာ၊ ပိန္နဲပင်ကွေ့  မိုင်တိုင်အမှတ်(၉၁/၁) နှင့် (၉၂/၂) ကြား အရောက်တွင်   အရှိန်မထိန်းနိုင်ဘဲ ရန်ကုန် ဘက်မှ မောင်းနှင်လာသော ပုသိမ်-မော်လမြိုင် ယာဉ်လိုင်း ကံထူးအောင်မှန်လုံယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိရာ  ပရိုဘောက်ယာဉ်မောင်းမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၄င်းနှင့်အတူလိုက်ပါလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာသိမ်ဇရပ် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ သိရှိရသည်။

“ပရိုဘောက်က အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်က မှန်လုံကို တိုက်မိတာပါ။ မှန်လုံ ခရီးသည်တွေတော့ ဘာမှမဖြစ်ပါဘူး။ သေဆုံးသွားတဲ့ ပရိုဘောက် ယာဉ်မောင်းကိုတော့ စုံစမ်းဆဲပါပဲ။” ဟု သိမ်ဇရပ်နယ်မြေစခန်းမှူး ရဲအုပ်တင်အောင်စိုးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပရိုယာဉ်မောင်းကို ပ ၂၇/၂၀၁၇၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားပြီး သေဆုံးသူများကို သိရှိပါက သိမ်ဇရပ်နယ်မြေရဲစခန်း ဖုန်းနံပါတ် ၀၅၇ ၆၂၀၉၂ ကိုဆက်သွယ်ပေးကြပါရန် သိမ်ဇရပ်နယ်မြေ စခန်းမှူးက ကြေညာထားသည်။

အလားတူ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းပေါ် ၌ ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသည်တင်မှန်လုံယာဉ် နှစ်စီးမျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ၃ ဦးသေဆုံးကာ ၃၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာများတွင် သတင်းဖော်ပြခဲ့သည်။

April 2, 2026
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ် ကားလမ်းပိုင်းကို သွားလာခွင့်ပြုပြီး ၃ ရက်အကြာ မတ်လ...
April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...
April 1, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက သီးနှံစိုက်တောင်သူများ လုပ်ငန်းသုံး ရေတင်စက်များဖြင့် တန်းစီ...
March 31, 2026
တစ်လကျော်ကြာ ပိတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းကို မတ်လ ၂၇...