ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်အလှူခံရဟန်းသံဃာတော်များကို ဖမ်းဆီး အရေးယူမှု ပြုလုပ်

ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်အလှူခံရဟန်းသံဃာတော်များကို ဖမ်းဆီး အရေးယူမှု ပြုလုပ်
by -
မွန်သတင်းအေဂျင်စီ
ကျိုက်ထီးရိုးရင်ပြင်ပေါ် သံဃာတော်အချို့တွေ့ရစဉ် (Facebook)
ကျိုက်ထီးရိုးရင်ပြင်ပေါ် သံဃာတော်အချို့တွေ့ရစဉ် (Facebook)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်တွင် အလှူခံနေသည့် ရဟန်းသံဃာတော်များကို ဖမ်းဆီး အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

လက်ရှိဂေါပကလက်ထက်တွင် ဘုရားရင်ပြင်တော်ပေါ်၍  ရဟန်း၊ သံဃာများ အလှူခံမှုမပြုလုပ်ရန် စာထုတ်ပြန်ထားရာ အလှူခံရဟန်းများ တွေ့ရှိသည့်အတွက် ဂေါပကအဖွဲ့၊ ကျိုက်ထိုမြို့နယ် သံဃာ့နာယကအဖွဲ့၊ ကျိုက်ထိုမြို့နယ် သာသနာရေး ဦးစီးမှူး၊ ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖမ်းဆီးပြုလုပ်ခဲ့ရာသံဃာတော် ၅၁ ပါးနှင့် မယ်သီလရှင် ၂ ပါးတို့ကို ဖမ်းဆီးရမိသည်ဟု ဂေါပကအဖွဲ့က ပြောသည်။

“ဖမ်းဆီးမိတဲ့ သံဃာတွေကို အရေးယူဖို့ ကျိုက်ထိုမြို့ သံဃာ့နာယက အဖွဲ့ထံသို့ ပင့်ဆောင်သွားတယ်၊ ကျိုက်ထိုရောက်မှ စစ်ဆေးမှုလုပ်ပြီး အရေးယူမယ်ပြောတယ်၊ ဘုရားဖူးသူတွေကို နေ့တိုင်း နေ့တိုင်း တောင်းနေတာတွေ့တော့ သံဃာဝိနည်းနဲ့ မညီလို့ ဒီလို လုပ်လိုက်တာပါ၊ နိုင်ငံခြား ဘုရားဖူးတွေ ဒီလို အလှူခံနေတာ တွေ့တော့ မြင်မကောင်းလို့ နောင်လည်း ” ဟု ဂေါပကအဖွဲ့ဝင်  ဦးအေးမြင့်သိန်းက ပြောသည်။

ယခုဖမ်းဆီးထားသည့် ရဟန်းသံဃာများသည့် အဖွဲ့လိုက် စီးပွားရေးလုပ်ငန်းတစ်ခုဖြင့် အလှူခံခြင်းဖြစ်ပြီး ၄င်းတို့ကို စစ်ဆေးမှုပြုလုပ်ရာတွင် အလှူခံရရှိထားသည့် ငွေကျပ် ၁၀ သိန်းကျော်ကို စစ်ဆေးတွေ့ရှိကြောင်း ဦးအေးမြင့်သိန်းက ဆက်ပြောသည်။

“ကျိုက်ထိုမြို့နယ် သံဃာ့နာယကအဖွဲ့က စစ်ဆေးမှုတွေ လုပ်တယ်၊ လူဝတ်လဲပြီး နေရပ်ဒေသကို ပြန်လွှတ်လိုက်မှာပါ” ဟု ကျိုက်ထိုမြို့နယ် သာသနာရေး ဦးစီးမှူး ဦးဝေနိုင်က ပြောသည်။

ဂေါပကအဖွဲ့အသစ်လက်ထက်တွင် ဘုရားဖူးများ စိတ်အနှောင့်အယှက်မရှိဘဲ အေးချမ်းစွာ ဘုရားဖူးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အရေးယူမှုများလည်း ပြုလုပ်လျက်ရှိသည်။

၄င်းပြင် စျေးဆိုင်များ၊ နတ်နန်းအလှူခံဌာနများနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ ထုတ်ပြန်ထားကာ စည်းကမ်းဖောက်ဖျက်သည့် ဆိုင်များကို ပထမအကြိမ် ခေါ်ယူအသိပေးခြင်း၊ ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ဆိုင်ယာယီပိတ်သိမ်းသည့် စနစ်ဖြင့် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...