ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ကျင်းပရန်လျာထား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ကျင်းပရန်လျာထား
by -
မွန်သတင်းအေဂျင်စီ
UPDJC  ၉ ကြိမ်မြောက်အစည်းအဝေး(Hla Maung Shwe Facebook)
UPDJC ၉ ကြိမ်မြောက်အစည်းအဝေး(Hla Maung Shwe Facebook)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပ သွားလျာထားပြီး ကိုယ်စားလှယ်ဦးရေအား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အတိုင်း သတ်မှတ်သွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC   အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၉ ကြိမ်မြောက် UPDJC အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဆွေးနွေးမှုများ ပြုလုပ်ကာ ထိုသို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပဖို့ UPDJC အစည်းအဝေးက သဘောတူညီမှု ရခဲ့တယ်။ပြီးတော့ တက်ရောက်မယ့် ကိုယ်စားလှယ်ကိုလည်း နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာပါတဲ့အတိုင်း လူ ရ၀၀ နဲ့ကျင်းပသွားဖို့လည်း သဘောတူညီခဲ့တယ်”ဟု သမ္မတရုံးဝန်ကြီး ဌာန ဒုတိယညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေး သော ကျန်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံတက်ရောက်နိုင်ရေး မည်သို့ ဆောင်ရွက် သွားမည်ကို သဘောတူညီမှု ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

လက်မှတ်မထိုးရသေးသည့် UNFC ကလည်း ၎င်းတို့အား လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ပြုမည်ဆိုပါ က ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်သွားမည်မဟုတ်ပဲ အားလုံးတန်းတူညီမျှ ဆွေးနွေးခွင့်ရရှိလို ကြောင်း ထုတ်ပြန် ပြောကြားထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး UPDJC က လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ညီလာခံသို့ တက်ရောက်လာနိုင် ရေးအတွက်လေ့လာသူအနေဖြင့် ဖိတ်ကြားသွားရန်မရှိသကဲ့သို့ အထူးဧည့်သည်အနေဖြင့်လည်း ဖိတ်ကြား သွားရန် မရှိကြောင်း သို့သော်ပါဝင်လာနိုင်ရေး ညီလာခံမကျင်းပမီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ကိုယ်စားလှယ်တချို့က ဆိုသည်။

၂၁ ရာစုပင်လုံ ပထမအကြိမ်ညီလာခံကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့ပြီး ဒုတိယညီလာခံကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ ရ ရက်ကြာ ကျင်းပရန် လျာထားကြောင်း သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...