စစ်ပွဲများ ပိုမိုအရှိန်မြှင့်တက်စေမည့် IFC ၏ရေကာတာစီမံကိန်းများကို အစိုးရတားဆီးသင့်ဟု KPCC ပြော

စစ်ပွဲများ ပိုမိုအရှိန်မြှင့်တက်စေမည့် IFC ၏ရေကာတာစီမံကိန်းများကို အစိုးရတားဆီးသင့်ဟု KPCC ပြော
by -
မွန်သတင်းအေဂျင်စီ
မြန်မာမြစ်ချောင်းများအပေါ်တွင် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း IFC မှ ရေကာတာတည်ဆောက်ရန် ပြင် ဆင်နေခြင်းကြောင့် စစ်ပွဲများ ပိုမိုအရှိန်မြှင့်တက်စေမည့် IFC ၏ရေကာတာစီမံကိန်းများကို ပြည်သူအစိုးရမှ တားဆီးသင့်သည်ဟု ကချင်နိုင်ငံရေးပါတီများညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ KPCC  အထွေထွေ အတွင်းရေးမှူး တူးရော်က ပြောသည်။
KPCC
KPCC ထုတ်ပြန်ချက် (copy of English Version)

IFC သည် ပုဂ္ဂလိကငွေကြေးကဏ္ဍအစီအစဉ်ဖြင့် ဘက်ပေါင်းစုံပါဝင်သည့် အစုရှယ်ယာဖြင့် မြန်မာနိုင်ငံရေအား လျှပ်စစ်ကဏ္ဍအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဆိုင်ရာ အချက်အလက်ကောက်ယူရေး မဟာဗျူ ဟာ အစီအစဉ်ချမှတ်ရေး အလုပ်ရုံဆွေးနွေးပွဲဖြင့် ပူးပေါင်း ထောက်ပံ့မြှင့်တင်သည့် အစီအစဉ်ဖြစ်ကြောင်း သိရ သည်။

“ IFC က မနေ့က(ဇန်နဝါရီ ၃၁ ရက်က)မြစ်ကြီးနားဘက်မှာ ဆွေးနွေးပွဲလာလုပ်တယ်။ ဒါကို မြစ်ဆုံက မကြိုက်ဘူး သပိတ်မှောက် ဆန္ဒပြတယ်။ရဲက ပြန်မောင်းထုတ်တယ်လို့ ကြားတယ်။သူတို့ ဒီလို လာတာက NLD က မီးစိမ်ပြလို့ ရောက်လာတာ အရင် ဦးသိန်းစိန် လက်ထက်တုန်းကတောင် ပြည်သူဆန္ဒကို နားထောင်ပြီး ရပ်ဆိုင်းခဲ့တယ်။ အခု ပြည်သူ့အစိုးရဖြစ်တဲ့ NLD ကပြည်သူ့ဆန္ဒကို နားထောင်ဖို့လိုတယ်။ ပြည်တွင်းစစ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နေတဲ့အချိန်မှာ ဒီစီမံကိန်းကို ရပ်ထားသင့်တယ်။ စစ်ကို အရှိန်မြှင့်စေမယ့် IFC ရဲ ့စီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆိုထားပါ။ ဒါကိုလည်း ကန့်ကွက်ပါတယ် KPCC အနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမှာကို မြင်တဲ့အတွက်ကကြောင့် ကန့်ကွက်ရခြင်းဖြစ်ပါတယ်”ဟု တူးရော်ကပြောသည်။

ဇန်နဝါရီ ၃၁ ရက်က IFC ၏ စီမံကိန်းနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း KPCC  ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်ပွားနေသည့်အတွက် ပြည်သူထောင်ပေါင်းများ စွာ ဒုက္ခရောက်ရှိနေပြီး ထောက်ပံ့မှုများ လိုအပ်နေရာ စစ်ပွဲများကို အရှိန်မြှင့်တက်စေမည့် ယခုစီမံကိန်းအား အစိုးရမှ တားဆီးပေးရန် တောင်းဆိုသည်ဟု ပါရှိသည်။

အလားတူ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက် BRN နှင့် သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက် SSN မှ IFC မှရေကာတာ တည်ဆောက်ရေးမြှင့်တင်သော အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်၊မြစ်ကြီးနားနှင့် လွိုင်ကော်တို့တွင် ပြုလုပ်သွားမည့် အစီအစဉ်ကို ဆန့်ကျင်ပါကြောင်း၊မြန်မာနိုင်ငံမြစ်ချောင်းများတလျှောက်၌ နှစ်ရှည်လများစွာ ပဋိပက္ခဖြစ်နေသည့် မြစ်ချောင်းများအပေါ် မဟာရေကာတာစီမံကိန်းတည်ဆောက်ရေး အစီအစဉ်များ အားလုံးကို  မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက် BRNနှင့် သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်  SSN မှ ပြင်းပြင်းထန်ထန်ကန့်ကွက်သည်ဟုထုတ်ပြန်ထားသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...