၂၀၁၆ ခုနှစ်အတွင်း မွန်တွင် ယာဉ်တိုက်မှု ရ၉၄ မှု အထိ ဖြစ်ပွားခဲ့

၂၀၁၆ ခုနှစ်အတွင်း မွန်တွင် ယာဉ်တိုက်မှု ရ၉၄ မှု အထိ ဖြစ်ပွားခဲ့
by -
မွန်သတင်းအေဂျင်စီ
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာအထိ မွန်တွင် ယာဉ်တိုက်မှု ရ၉၄ မှုအထိ ဖြစ်ပွားခဲ့ပြီး ၄င်းအနက် ဆိုင်ကယ် တိုက်မှုပိုများလာကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) မှ သိရသည်။
mna1301
ဘီးလင်းမြို့နယ်အတွင်းယာဉ်တိုက်မှု(ကြေးမုံ)

၂၀၁၆ ခုနှစ်အတွင်း ကားတိုက်မှု ၃၅၈ မှု၊ ဆိုင်ကယ် ၄၁၆ မှု၊ ထော်လာဂျီ ၂၀ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၁၂၈၉ ဦး၊ သေဆုံးသူ ၃၁၇ ဦး ရှိခဲ့သည်။

အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) ဒုရဲမှူး ဌေးရွှေ က “ ဒီ ၂၀၁၆ ခုနှစ်မှာ ယာဉ်တိုက်မှု ပိုများလာတယ်၊ ယာဉ်တိုက်မှု ပိုများလာတဲ့ အကြောင်းအရင်းကတော့ မွန်ပြည်နယ်မှာ ယာဉ်တွေများလာတယ်၊ လမ်းတွေလည်း အရင်ထက်စာရင် ကောင်းလာတဲ့အတွက် အရှိန်ပြင်းမောင်းနှင်တာတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ မောင်းနှင်ခြင်းမရှိတာတွေကြောင့် ဖြစ်တယ်” ဟုပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ယာဉ်တိုက်မှု ပထမအများဆုံးမှာ ကျိုက်ထို ၁၄၈ မှု၊ ဒုတိယ သထုံ ၁၂၇ မှုနှင့် တတိယ ပေါင်မြို့နယ် ၁၂၁ မှုရှိခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ အခုလက်ရှိ ကမ်းနားလမ်း၊ အပေါ်ဈေး၊ အောက်ဈေး၊ သထုံတံတားလမ်းလိုနေရာမျိုးတွေမှာ လူတွေလမ်းသွားလမ်းလာနေပါတယ်၊ ယာဉ်တွေပိတ်နေတဲ့အတွက် ယာဉ်ကြားထဲကနေ လမ်းသွားလမ်းလာ လုပ်နေရပါတယ်၊ ယာဉ်ထိန်းနဲ့ စည်ပင် ပူးပေါင်းပြီးတော့ လူကူးလမ်းမျဉ်းကျားလေးတွေ လုပ်ပေးမယ်၊ ယာဉ်ကိုလည်း စနစ်တကျ တန်းစီလိုက်မယ်ဆိုရင် သွားလာရတာ လွယ်ကူသွားမယ်” ဟု မော်လမြိုင် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ယာဉ်တိုက်မှု ၆၃၉ မှုတွင် ဒဏ်ရာ ၁၀၈၇ ဦး-သေဆုံး၂၁၂ ဦး၊ ၂၀၁၄ ခုနှစ် ၆၈၆ မှုတွင် ဒဏ်ရာ ၁၂၃၆ ဦး သေဆုံး ၂၆၂ ဦး၊ ၂၀၁၅ ခုနှစ် ၆၄၅ မှုတွင် ဒဏ်ရာရ ၁၁၀၂ ဦး သေဆုံး ၂၆၆ ဦး ရှိခဲ့သည်ဟု သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...