မွန်အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲကျင်းပ

မွန်အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲကျင်းပ
by -
မွန်သတင်းအေဂျင်စီ
မွန်အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ နိုင်ဗညားလယ် မိန့်ခွန်းပြောကြားစဉ်(NMSP)
မွန်အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ နိုင်ဗညားလယ် မိန့်ခွန်းပြောကြားစဉ်(NMSP)
မွန်အမျိုးသားပညာရေးကော်မတီဦးစီးပြီး မွန်အမျိုးသားပညာရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နှီးနှောဖလှယ်တရပ်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ လမိုင်းမြို့၊ ကေလာသဘုရား-သုဓမ္မာ ဓမ္မာရုံ တွင် ကျင်းပပြုလုပ်ခဲ့သည်။

နှစ်ရက်ကြာကျင်းပသည့် အဆိုပါနှီးနှောဖလှယ်ပွဲကို ဘက်ပေါင်းစုံမှ ပညာရှင်များ၊ သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနိုင်ထောမန်အပါဝင် ပါတီဝင်များ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မွန်လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ဆွေးနွေးလျက်ရှိသည်။

မွန်အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ နိုင်ဗညားလယ် က “မွန်အမျိုးသားပညာရေးကော်မတီက ရေးဆွဲထားတဲ့ မွန်အမျိုးသားပညာရေးမူကြမ်းကို ပြည်သူလူထုရဲ့အမြင်၊ ပညာရေးအဖွဲ့ Ntework မှ အမြင်နဲ့ ပညာရေးပိုင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့အမြင်ကို ရယူရန်အတွက် နှီးနှောဖလှယ်ပွဲကို ပြုလုပ်ရတာဖြစ်တယ်” ဟု ဆိုသည်။

မိခင်ဘာသာစကားကို အခြေပြုပြီး သင်ကြားနေသည့် မွန်အမျိုးသားပညာရေးကို နိုင်ငံတော်အစိုးရက အသိမှတ်ပြုပြီး ဥပဒေရေးဆွဲပေးရန်၊ မွန်အမျိုးသားပညာရေးအနေဖြင့် ပြင်ပအလှူရှင်များသက်သက်ဖြင့်မရပ်တည်ဘဲ မွန်အမျိုးသားပညာရေးကျောင်း ရန်ပုံငွေ ရရှိရေးအပြင် ပညာရေးကိစ္စသည်မွန်တမျိုးသားလုံးနှင့်သက်ဆိုင်နေကြောင်း နိုင်ဗညားလယ်က ဆက်ပြောသည်။

မွန်အမျိုးသားပညာရေးဌာနတာဝန်ခံ မိကရတ်နွန်က “မွန်အမျိုးသားပညာရေးရဲ့ အကြီးမားဆုံးအခက်ခဲက ဆရာဆ ရာမတွေရဲ့ ထောက်ပ့ံကြေးပဲ။ ကျမတို့က ဆရာဆရာမတွေရဲ့ထောက်ပ့ံကြေးငွေကို အလှူရှင်ကနေ ၈၀ရာခိုင်နှုန်းနဲ့ မွန်ပြည်သူလူထုကနေ ၂၀ရာခိုင်နှုန်းရရှိပြီး ထောက်ပ့ံကြေး ပေးနေပါတယ်” ဟု ပြောသည်။

ဒေသခံမွန်ပြည်သူလူထုများအနေဖြင့် ဆရာဆရာမများထောက်ပံ့ကြေးအပြင် စားစရိတ်နှင့် နေထိုင်ရေးပါထောက်ပံ့ ပေးလျှက်ရှိကြောင်း၊ စာသင်နှစ်တစ်နှစ်ပတ်လုံးအတွက် ငွေကျပ်သိန်းပေါင်း ရ၀၀၀ ကျော်ကုန်ကျလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိမွန်အမျိုးသားပညာရေးဌာနလက်အောက်တွင် Post-ten ဆယ်တန်းလွန်ကျောင်း တစ်ကျောင်း၊ အထက်တန်း ၃ ကျောင်း၊ အလယ်တန်း ၁၆ ကျောင်း၊ မူလွန် ၂၉ ကျောင်း နှင့် မူလတန်း ၈၉ ကျောင်း စုစုပေါင်းမွန်အမျိုးသားစာသင်ကျောင် ၁၃၈ ကျောင်း ရှိသည်ဟု သိရသည်။

မွန်အမျိုးသားစာသင်ကျောင်းကို ၁၉၇၂-၇၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်မှစပြီး မွန်အမျိုးသားပညာရေးဌာနလက်အောက်ခံ ကျောင်းသူကျောင်းသားများသည် နိုင်ငံတော်အစိုးရတက္ကသိုလ်ဝင်စာမေးပွဲကို နီးစပ်ရာအစိုးရစာစစ်ဌာနများတွင် ဝင်ရောက် ဖြေဆိုခွင့်ရရှိခဲ့သည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...