မွန်ပြည်နယ်ရာဘာတစ်ပေါင် ကျပ်တစ်ထောင်နီးပါး ရောက်လာ

မွန်ပြည်နယ်ရာဘာတစ်ပေါင် ကျပ်တစ်ထောင်နီးပါး ရောက်လာ
ရာဘာထုတ်လုပ်နေသည့် မိသားစု(MNA)
ရာဘာထုတ်လုပ်နေသည့် မိသားစု(MNA)
မွန်ပြည်နယ်တွင် ရာဘာစျေးနှုန်းမြှင့်တက်လာနေရာ ဒီဇင်ဘာ (၁) ရက်နေ့တွင် RSS-3 အမျိုးအစား တစ်ပေါင်လျင် ၉၉၀ ကျပ်အထိ ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။

"ဒီနေ့ရာဘာစျေးက (၉၉၅) ကျပ်ရောက်နေတယ်၊ အခုဝယ်တာက ရာဘာရဲ့အရည်းအသွေးအပေါ်မှာ မူတည်ပြီး စျေးဖြတ်တယ်၊ ရာဘာက ကောင်းရင် ကောင်းသလို စျေးကောင်းမယ်၊ အချို့အစိုဓါတ်များနေရင် RSS-3 ဆိုပေမဲ့လည်းကျပ် ၈၀၀ ကျော်ပဲရပါတယ်၊ ရာဘာအထူပြားက (၇၀၀-၇၇၀) ကျပ်ကြားနဲ့ အပါးပြားက (၈၀၀) ကနေ ကျပ် (၉၀၀) ကြား ပေါက်စျေးရှိတယ် " ဟု မုဒုံမြို့နယ် ဖူရှင်ရာဘာဝယ်ယူရေးစက်ရုံမှ မန်နေဂျာ ဦးသူရက ပြောသည်။

ယမန်နှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလ (၂) လတွင် ရာဘာစျေးတက်ခဲ့ကြောင်း၊ အဆိုပါ (၂) လအတွင်း တရုတ်နှင့်မြန်မာနယ်စပ်ဂိတ်တို့၌ တစ်နှစ်တစ်ကြိမ် ပါမစ် (free) ပေးခဲ့သည့်အတွက် ကမ္ဘာ့စျေးကွက်ကျသော်လည်း တရုတ်ရာဘာစျေးကွက်တွင် စျေးအနည်းငယ်သာကျတတ်ကြောင်း ၄င်းက ဆက်ပြောသည်။

“တရုတ်နိုင်ငံက စီးပွားရေးစျေးကွက် မြှင့်တင်နေလို့၊ ကျွန်တော်တို့ ရာဘာစျေးက တရုတ်စျေးကွက်ပေါ်မှာ မူတည်နေတဲ့အတွက် တရုတ်စျေးကွက်မြင့်တက်လာလို့ ရာဘာစျေးတက်တာပါ ” ဟု မွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောသည်။

ထားဝယ်မြို့တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် စင်္ကာပူမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ရာဘာစျေးသည် (၂၀၂၀) ခုနှစ်အထိ တက်လာနိုင်မည်ဟုခန့်မှန်းထားပြီး (၂၀၁၇) ခုနှစ်၌ ရာဘာတစ်ပေါင်စျေးသည် မြန်မာငွေဖြင့် (၂၀၀၀) ကျပ်အထိ တက်လာနိုင်မည်ဟု နိုင်ကျန်ရစ်က ဆက်လက်ပြောသည်။

"အထူ နဲ့အပါးက တကယ်လို့ (၈၀) လောက်ပဲ စျေးကွာနေရင် အခြောက်ခံပြီးတဲ့အခါ ရတဲ့ငွေက အထူလောက်ပါပဲ၊ တကယ်လို့ စျေးနှုန်းက (၁၃၀) ကျပ်လောက်ကွာနေရင်တော့ ရာဘာပြားအပါးထုတ်လုပ်တာ ပိုအဆင်ပြေတယ်" ဟု သံဖြူဇရပ်မြို့နယ် ဝယ်ဝင်ကရာကျေးရွာမှ ရာဘာခြံပိုင်ရှင် ဦးဝဏ္ဏထော ကပြောသည်။

ကမ္ဘာတစ်ဝှမ်းတွင် ထိုင်းနိုင်ငံသည် ရာဘာထွက်အများဆုံးဖြစ်ပြီး ကမ္ဘာ့ရာဘာစျေးကွက် ဆက်တိုက်ထိုးကျလာမှုကြောင့် ထိုင်းအစိုးရက ရာဘာပင်ကို ခုတ်လှဲစေကာ အခြားစီးပွားဖြစ်အပင်များ အစားထိုးစိုက်ပျိုးရန် အားပေးလာကြောင်း၊ ထိုင်းနိုင်ငံတွင် ရာဘာအထွက်နှုန်း လျှော့ကျလာပြီး ကမ္ဘာ့ဝယ်လိုအား တိုးလာသည်ကတစ်ကြောင်း၊ မြန်မာငွေတန်ဖိုးကျဆင်းလာသည်က တစ်ကြောင်း၊ ကမ္ဘာ့စျေးကွက်တိုးမြှင့်လုပ်ဆောင်လာမှုက တစ်ကြောင်းကြောင့် ရာဘာစျေးတက်လာသည်ဟု ရာဘာဝယ်ယူရေးဒိုင်များက သုံးသပ်ကြသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...