၈ လသားမွန်ဝန်ကြီးချုပ် ထိုင်ခုန်လှုပ်လေပြီ

၈ လသားမွန်ဝန်ကြီးချုပ် ထိုင်ခုန်လှုပ်လေပြီ
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်လွှတ်တော်၌ မတ်လ ၃၁ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်(မွန်လွှတ်တော်)
မွန်ပြည်နယ်လွှတ်တော်၌ မတ်လ ၃၁ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်(မွန်လွှတ်တော်)
၀န်ကြီးချုပ်နေရာအား ပါတီတာဝန်ရှိသူများ နုတ်ထွက်ခိုင်းပါက ချက်ချင်းနုတ်ထွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက NLD ပါတီ၏ နို၀င်ဘာ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သော ပထမ-ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး မီဒီယာများအား ဖွင့်ဟပြောကြားခဲ့သည်ကို စာဖတ်သူအချို့မှတ်မိကြပေလိမ့်မည်။

မည်သည့်အကြောင်းကိစ္စကြောင့် ဝန်ကြီးချုပ်နုတ်ထွက်မည်ဆိုသည်မူကား မီဒီယာများအား အသိပေးပြောကြားခဲ့ခြင်း မရှိပေ။

သို့နှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ကြေညာချက်အမှတ် ၅/၁၁/၂၀၁၆ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ ကိစ္စရပ်များအား လေ့လာ၍ သုံးသပ်တင်ပြနိုင်ရန် လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သည့်တိုင်တန်းမှုတွေကို စစ်ဆေးတင်ပြရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ခေါင်းဆောင်ပြီး လေ့လာသုံးသပ်ရေးအဖွဲ့တရပ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

သတင်းမီဒီယာဌာနအသီးသီး၏ သတင်းဖော်ပြချက်အရ တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့၏ ကိစ္စရပ်များကို လေ့လာသုံးသပ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းထံ တင်ပြမည်ဟု သိရသည်။

ဝန်ကြီးချုပ်ပူပူနွေးကာလများတွင် မီဒီယာတွေကို တစ်လတစ်ခါပဲတွေ့မည့် ဝန်ကြီးချုပ်၊ နာမည်ကြီးခရိုနီများနှင့် ညအချိန်မတော် တပူးတွဲတွဲနေသည့်ဝန်ကြီးချုပ်၊ လွှတ်တော်အစည်းအဝေးသို့လိမ်ညာခွင့်တိုင်သည့်ဝန်ကြီးချုပ်၊ လွှတ်တော်နှင့် ပွတ်တိုက်နေသည့်ဝန်ကြီးချုပ်  စသည်စသည်ဖြင့် လူမှုကွန်ယက် အင်တာနက် Online ပေါ်သတင်းမွှေးပြန့်နေခဲ့ပါသည်။

ချုပ်၍ဆိုရပါလျင် NLD အစိုးရ၏ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် NLD ကိုယ်စားလှယ်အများစုရှိသော လွှတ်တော်တစ်ရပ်ကို စည်းရုံးထိန်းချုပ်နိုင်စွမ်းမရှိသည်အချက်မှာ  သူ၏အားနည်းချက်ပင်ဖြစ်ကြောင်း ထောက်ပြချင်ပါသည်။

လက်ရှိဝန်ကြီးချုပ်ကို ဆက်လက်တာဝန်ပေးခြင်း မပေးအပ်ခြင်းမှာ  NLD ပါတီ၏အဆုံးအဖြတ်သာဖြစ်သည့်အတွက် လက်ရှိ ၈ လသားဝန်ကြီးချုပ်အား ဒီအတိုင်းဆက်ထားမှာလား၊ အသစ်ရွေးချယ်မှာလားဆိုသည်ကို မွန်ပြည်နယ်သားများ စောင့်ကြည့်နေပါကြောင်း။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...