ပြင်ဆင်ရေးဆွဲသည့် မွန်စည်ပင်ဥပဒေကြမ်းတွင် ပြည်နယ်အဆင့်ကော်မတီအား ဖျက်သိမ်းထား

ပြင်ဆင်ရေးဆွဲသည့် မွန်စည်ပင်ဥပဒေကြမ်းတွင် ပြည်နယ်အဆင့်ကော်မတီအား ဖျက်သိမ်းထား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီကို လွှတ်တော်မှ ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် မြို့နယ် အဆင့်ကော်မတီများ လုပ်ငန်းဖော်ဆောင်မှု အားကောင်းစေရန်အတွက် ပြည်နယ်အဆင့် ကော်မတီ ကို ဖျက်သိမ်းထားကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။

လက်ရှိအချိန်တွင် အသုံးပြုလျှက်ရှိသည့် စည်ပင်ဥပဒေ၌ မြို့နယ်စည်ပင်ကော်မတီ၊ ပြည်နယ်စည်ပင် ကော်မတီ၊ စည်ပင်သာယာရေးဝန်ကြီးဟု အဆင့်ဆင့်ထားရှိရာမှ ယခုအသစ်တဖန်ပြန်လည် ပြင်ဆင်ရေးဆွဲ နေသည့် ဥပဒေကြမ်း တွင် ပြည်နယ်အဆင့်ကော်မတီကို ဖျက်သိမ်းထားခြင်း ဖြစ်သည်။

 “ပြီးခဲ့တဲ့သက်တမ်းမှာက ပြည်နယ်ကပဲ ရန်ပုံငွေရှာပေးမယ်။ ပြဿနာဖြစ်ရင် အမှုကိုသွားရှင်းပေးမယ် အဲဒီလိုဖြစ်နေတယ်။ မြို့နယ်က အိုင်ဒီ ယာ စိတ်ကူးစိတ်သန်း ပုံဖော်လုပ်ဆောင်မှုက မတက်လာဘူး။ အဲဒါကြောင့် ပြည်နယ်ကော်မတီထား သင့်/ မထားသင့်ဆိုတာက စဖြစ်လာတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

MNA25

လက်ရှိပြည်နယ်အဆင့် စည်ပင်ကော်မတီအနေဖြင့် မော်လမြိုင်မြို့တစ်မြို့ထဲကိုသာ လုပ်ငန်းဖော် ဆောင်မှုများသောကြောင့် မော်လမြိုင်မြို့နယ်အဆင့် စည်ပင်ကော်မတီရဲ့ အခန်းကဏ္ဍက ပျောက်ဆုံး လျက်ရှိဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

ဥပဒေအား ပြင်ဆင်ရေးဆွဲရာတွင် ပြည်သူအားလုံးပါဝင်လာနိုင်ရန်နှင့် ပြည်သူတွေရဲ့ အသံ ပြည်သူ့ သဘောထားအမြင်များ ရယူသွားရန်အတွက် ဥပဒေမူကြမ်းအား မွန်ပြည်နယ်လွှတ်တော်၏ အင်တာ နက်စာမျက်နှာ၌ တင်ထားကြောင်း သိရသည်။

မော်လမြိုင်မြို့ခံ ဦးမောင်မောင်ဇော်ထွန်က “ဥပဒေမှာက ပြည်သူလူထု ပူပေါင်းပါဝင်မှုကို တိုးမြှင့်သွား မယ်လို့ ထည့်သွင်းထားတာရှိ တယ်။ ဒါပေမဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်လို့ရတဲ့ ပြည်နယ်စည်ပင် ကော်မတီကိုတော့ ဖျက်လိုက်တာ တွေ့ရပါတယ်” ဟု ဆိုသည်။

ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့ စည်ပင်သာယာရေးဥပဒေမူကြမ်းတွင် မြို့နယ်အဆင့် စည်ပင်သာယာ ရေးကော်မတီကို ရွေးကောက်ခံလူထုမှ ၅ ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ (ဒုဦးစီး) ၁ ဦး၊ ကျေးလက်ဒေသဦးစီးဌာနမှ (ဒုဦးစီး) ၁ ဦးတို့ ပါဝင်တာဝန်ယူရမည်ဖြစ်ကြောင်း ထည့်သွင်းထားသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ၂၀၁၂ ခုနှစ် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကိုု ၂၀၁၃ တွင် တစ်ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ် ပြန်လည်ဖြည့်စွက် ရေးဆွဲခဲ့ရာ ယခုပြင်ဆင်ရေးဆွဲထားသည့် ဥပဒေမူကြမ်းအား လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် မွန်ပြည်နယ် လွှတ်တော်အစည်းဝေး၌ ဆွေးနွေးတင်သွင်းပြီး အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...