မွန်ပြည်နယ်လူငယ်မူဝါဒမူကြမ်းတစ်ရပ် ရေးဆွဲသွားမည်ဟုဆို

မွန်ပြည်နယ်လူငယ်မူဝါဒမူကြမ်းတစ်ရပ် ရေးဆွဲသွားမည်ဟုဆို
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်လူငယ်မူဝါဒရေးရာ အလုပ်ရုံးဆွေးနွေးပွဲ ကျင်းပခဲ့စဉ် (Ma Khine Facebook)
မွန်ပြည်နယ်လူငယ်မူဝါဒရေးရာ အလုပ်ရုံးဆွေးနွေးပွဲ ကျင်းပခဲ့စဉ် (Ma Khine Facebook)
မွန်ပြည်နယ် လူငယ်လူမှုကွန်ရက်မှ ဦးဆောင်ပြီး ပြည်နယ််လူငယ်မူဝါဒ မူကြမ်းတစ်ရပ် ပြင်ဆင်ဖြည့်စွက်အတည်ပြုရန်နှင့် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ရန်အတွက် နိုဝင်ဘာ ပထမအပတ်တွင် ဖိုရမ်တစ်ခု ပြုလုပ်မည်ဟု ဖြစ်မြောက်ရေးကော််မတီမှ သိရသည်။

၎င်းဖိုရမ်မှ အတည်ပြုခဲ့သော လူငယ်မူဝါဒမူကြမ််းကို နိုဝင်ဘာ ဒုတိယအပတ်တွင် နေပြည်တော်၌ ကျင်းပသော မြန််မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒ နောက်ဆုံးဖိုရမ်တွင် ဝင်ရောက်ဆွေးနွေးနိုင်ရန်အတွက် ဖြစ်သည်ဟု တာဝန်ရှိသူတို့မှ သိရသည်။

“ကျွန်တော်တို့ အခုလှုပ်ရှားနေတာက မွန်ပြည်နယ်လူငယ်မူဝါဒအတွက်၊ ဒီဖိုရမ်ကနေ အတည်ပြုထားတဲ့ မူဝါဒ မူကြမ်းကို ယူပြီး နေပြည်တော်မှာ လုပ်တဲ့ဖိုရမ်မှာ ကိုယ့်ပြည်နယ်ကိုယ်စား သွားပြီး ဆွေးနွေးရမယ်၊ အဲ့ဒီနေပြည်တော်မှာမှ ဝန်ကြီးဋ္ဌာနနဲ့ ပူးပေါင်းပြီး အခြားပြည်နယ်က မူဝါဒတွေလည်း ဆွေးနွေးကြမယ်လေ အဲ့ကနေ မြန်မာတစ်နိုင်ငံလုံးအတွက် လူငယ်မူဝါဒတစ်ခု ဖြစ်အောင်ထပ်ဆွေးနွေးရမယ်”  ဟု မွန်ပြည်နယ် လူငယ်မူဝါဒရေးဆွဲမှု ဖြစ်မြောက််ရေး တာဝန်ခံ ဦးမြတ်မင်းက ပြောသည်။

စက်တင်ဘာ (၆) မှ စက်တင်ဘာ (၂၉) ရက်နေ့အထိ မွန်ပြည်နယ်လူငယ်လူမှုကွန်ရက်မှ ဦးဆောင်ပြီး မွန်ပြည်နယ်လူငယ်မူဝါဒရေးဆွဲရန် မွန်ပြည်နယ် (၁၀) မြို့နယ်မှ အချို့လူငယ်များ၏ အခက်အခဲများ၊ အမြင်များကို စစ်တမ်းကောက်ယူခဲ့ကြောင်း၊ ၎င်းနောက် မွန်ပြည်နယ်ရှိ လူငယ်ကိုယ်စားပြု အဖွဲ့တို့နှင့် ပူးပေါင်းညှို့နှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

"အခုဖိုရမ်မှာ (CSO) လူငယ်တွေပါမယ်၊ တိုင်းရင်းသားလူငယ်တွေပါမယ်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်းပါမယ် အားလုံးကို ဖိတ်ကြားထားပါတယ်၊ ဒီဖိုရမ်ကနေ ကျွန်မတို့က ကိုယ်စားလှယ် (၁၂) ယောက်ရွေးမယ်၊ ဒီ (၁၂) ယောက်ကပဲ ပြည်ထောင်စုကို တက်ပြီးဆွေးနွေးရမှာ" ဟု မွန်ပြည်နယ် လူငယ်မူဝါဒရေးဆွဲမှု ဖြစ်မြောက်ရေး တာဝန်ခံ ဒေါ်ခိုင်ခိုင်လဲ့မြင့်က ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသအသီးသီးမှ အဓိကလိုအပ်ချက်ကို ပြည်သူဘက်မှ တောင်းဆိုလာသောအချက်အပေါ်၌သာ အစိုးရဘက်မှ လုပ်ဆောင်ပေးလိုခြင်းနှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ခု ရေးဆွဲရန်အတွက်ဖြစ်ကြောင်း တာဝန်ရှိသူတို့မှ သိရသည်။
လက်ရှိလူငယ်မူဝါဒကို ရေးဆွဲရာတွင် ပြည်ထောင်စုအဆင့်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၊ ပညာရေးဝန်ကြီးဋ္ဌာန၊ ပညာရှိအဖွဲ့နှင့် UN အဖွဲ့တို့က ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ ၎င်းမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လူငယ်အဖွဲ့အစည်းတို့နှင့် ပူးပေါင်းလုပ်ဆောင် နေကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...