မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့ ရေဖြူမြို့နယ်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွား

မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့ ရေဖြူမြို့နယ်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွား
by -
မွန်သတင်းအေဂျင်စီ
KNU ဗဟိုကော်မတီဝင်မန်းငြိမ်းမောင် စက်တင်ဘာလတွင် NMSP ထားဝယ်ခရိုင်တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံရှင်းလင်းစဉ်(Internet)
KNU ဗဟိုကော်မတီဝင်မန်းငြိမ်းမောင် စက်တင်ဘာလတွင် NMSP ထားဝယ်ခရိုင်တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံရှင်းလင်းစဉ်(Internet)
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၌ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးKNU တို့၏ နှစ်ဖက်တပ်ဖွဲ့များ အောက်တိုဘာလ ၂၄ရက်နေ့ မွန်းလွဲပိုင်း (၁၅း၃၅) အချိန်ခန့်တွင် မိနစ်အနည်းငယ်မျှ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရုံးက မွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပေါ်အပြီး ယခု ထပ်မံ၍ နောက်ထပ်တကြိမ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။

ရေးဖြူမြို့နယ်ရှိ သဲချောင်းဖျားကျေးရွာအနီးတွင် အခြေစိုက်ထားသည့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ မြို့ နယ်တပ်ခွဲစခန်းအား KNU တပ်ဖွဲ့ဝင်တို့ လာရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“မနေ့က မွန်းလွဲပိုင်းအချိန် ၃း၃၅ မိနစ်လောက်မှာ ကျွန်တော်တို့ရုံးရဲ့ အရှေ့တည့်တည့်မှာရှိတဲ့ရော်ဘာခြံနဲ့ ရုံး ဘေးမှာရှိတဲ့ ရော်ဘာခြံတို့ကနေပြီးတော့ ကျွန်တော်တို့ရုံးကို သူတို့က စပြီးတော့ လက်နက်ငယ်နဲ့ (၁၀) ချက် ကျော်ကျော်လောက် လှမ်းပစ်လာတယ်၊ နောက် ကျွန်တော်တို့ဖက်ကလည်း (၈) ချက်လောက် ပြန်ပြီး လှမ်း ပစ်လိုက်တော့ သူတို့ထွက်ပြေးကြတယ်၊ ဆိုတော့ အခုပစ်ခတ်မှုက မိနစ်ပိုင်းပဲရှိတော့ လူက ထိခိုက်မှုမရှိဘူး၊ ဒါ ပေမယ့် ကျွန်တော်တို့ရုံးနှင့် ရုံးခေါင်မိုးသွပ်တွေ ပေါက်ထွက်သွားတာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတွေက ကေအင်ယူရဲ့ ဘိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံသို့ အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

ဘိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံဖြစ်သူ စောဝင်းခိုင်က “ဒီကိစ္စကို ကျွန်တော်ကလည်း လိုက်ပြီး တော့ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်၊  သတင်းအရတော့ ဟုတ်တယ်လို့ပဲ မွန်ပြည်သစ်ပါတီဘက်က အ တည်ပြုတာလေး၊ ဌာနချုပ်ကို သတင်းပြန်ပို့ထားတယ်၊ ဌာနချုပ်က ပြန်စီစစ်တဲ့သဘောမှာရှိနေတယ်” ဟု မွန် သတင်းအေဂျင်စီသို့ ပြောကြားသည်။

တနင်္သာတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း လက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် ကေအင်ယူ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၀) တို့ လှုပ်ရှားရာ နယ်မြေဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း အဆိုပါ သဲချောင်းကျေးရွာအနီးတွင် KNU နှင့် မွန်ပြည် သစ်ပါတီတို့၏ အောက်ခြေတပ်ဖွဲ့ကြား မိနစ် ၄၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရည်ရွယ်ချက်ရှိရှိ ပစ် ခတ်ကြခြင်းမဟုတ်ကြောင်း နှစ်ဖက်တာဝန်ရှိသူတို့က ထုတ်ဖော်ပြောကြားခဲ့ကြပြီး ခရိုင်အဆင့်တွေ့ ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...