မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် စီးပွားရေးစွမ်းရည်မြှင့်တင် စီမံကိန်း အကောင်အထည်ဖော်မည်

မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် စီးပွားရေးစွမ်းရည်မြှင့်တင် စီမံကိန်း အကောင်အထည်ဖော်မည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်ရှိ ကျိုက်ထို၊ မုဒုံ၊ ချောင်းဆုံနှင့် မော်လမြိုင်  ၄ မြို့နယ်တွင် စီးပွားရေးစွမ်းရည်မြှင့်တင် စီမံကိန်းများ အကောင်အထည်ဖော် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများ အလုပ်အကိုင်အခွင့်ရေးရရှိရန်၊ ဒေသထွက် လက်မှုပညာများနှင့် စားသောက်ကုန်ပစ္စည်းများအတွက် နည်းပညာပေးခြင်းဖြင့် အရေးအသွေးမြှင့်တင် ပေးသွားမည်ဖြစ်သည်။

“ဒီမြို့နယ် ၄ မြို့နယ်မှာ လုပ်ဖို့ ၂၀၁၅ ခုနှစ်က ကွင်းဆင်းလေ့လာခဲ့တယ်၊ ဒီစီမံကိန်းလုပ်ငန်းလုပ်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်က မေရိကန် ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးတယ်၊ လုပ်မယ့် မြို့နယ်တွေမှာ ရုံးခန်းတို့ ဘာတို့ လုပ်နေပြီး လာမယ့် ဘတ်ဂျက်နှစ်မှာ အကောင်အထည်ဖော်ဖြစ်မယ်” ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

ကျန်ရှိနေသည့် ၆ မြို့နယ်ကိုလည်း အလှူငွေရရှိလာပါက စီမံကိန်းလုပ်ငန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ဦးဟောက်ကျင်မုန်က ဆက်ပြောသည်။

“ချောင်းဆုံက လက်မှုပညာတွေဖြစ်တဲ့ ကျောက်သင်ပုန်လုပ်ငန်း၊ ဆေးတံလုပ်ငန်း၊ ၀ါးခမောက်လုပ်ငန်းတွေဆိုရင် နိုင်ငံခြားသားအများစုက စိတ်ဝင်စားကြတယ်၊ ဒီလုပ်ငန်းတွေကိုသာ နိုင်ငံတကာ နည်းပညာနဲ့ အဆင့်မြှင့်တင်လိုက်ရင် ကမ္ဘာထိ ထိုးဖောက်နိုင်တယ်” ဟု ချောင်းဆုံမှ ၀ါးခမောက်လုပ်ငန်းရှင် နိုင်တင်က ပြောသည်။

အဆိုပါ စီးပွားရေးစွမ်းရည်မြှင့်တင်ခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ၂၀၁၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှု ၁၂ သိန်းကျော်ရှိပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံသား အများဆုံး လာရောက်သည်ဟု ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူး ဦးစီဌာနရုံးမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် ဝါးခမောက်ပြုလုပ်နေသူတစ်ဦး(MNA)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...