သံဖြူဇရပ်-ရေးမြို့နယ်စပ်ကြား မြေဧက ၅၀၀ ကျော်ခန့် ကုမ္ပဏီတစ်ခုကဝယ်ယူထား

သံဖြူဇရပ်-ရေးမြို့နယ်စပ်ကြား မြေဧက ၅၀၀ ကျော်ခန့် ကုမ္ပဏီတစ်ခုကဝယ်ယူထား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် သံဖြူဇရပ်-ရေးမြို့နယ်စပ်ကြားရှိ ပလိုင်မှူးရွာနှင့် သပြေရွာသစ်ရှိ ပင်လယ်ဒီရေတောနှင့် နီးစပ်သော လယ်ယာမြေများထဲမှ မြေဧက ၅၀၀ကျော်ကို ကုမ္ပဏီတစ်ခုက ဝယ်ယူထားကြောင်း ပလိုင်မှူးကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထိုကဲ့သို့ လာရောက်ဝယ်ယူခြင်းသည် ကျောက်မီးသွေးနှင့်ပက််သက်သောစက်ရုံပြုလုပ်ရန် မဟုတ်ဘဲ လယ်ယာမြေလုပ်ကိုင်ခြင်းအတွက််ဟုဆိုကြောင်း လယ်မြေ ၃၅ ဧက ရောင်းခဲ့ချသူ ပလိုင်မှူးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ပြောသည်။

“ကျုပ်ကိုယ်တိုင်မေးထားတာ ဒါတွေဝယ်ပြီး ဘာလုပ်ဖို့လဲဆိုတာကို၊ သူတို့ကပြောတယ် လယ်လုပ်ဖို့ပဲတဲ့ သူတို့မလုပ်နိုင်တဲ့အခါ ဒီလယ်ယာတွေကို ပိုင်ရှင်တွေကိုလည်း ပြန်ပေးမယ်တဲ့ ပိုက်ဆံပြန်ပေးစရာမလိုဘူးတဲ့ ဒီဒေသဖွံ့ ဖြိုးဖို့အတွက်သူတို့လာလုပ်ပေးတာပါ လမ်းတွေ၊ မီးတွေ တခြားဟာတွေပါ သူတိုလုပ်ပေးမှာပါ” ဟု ဦးမောင်အေးက ဆက်ပြောသည်။

သို့ရာတွင် အဆိုပါပလိုင်မှူး ရွာလယ်မြေ ၀ယ်ယူရခြင်းအကြောင်းအရင်းကို ဘာမှပြောပြမသွားကြောင်း လယ်မြေရောင်းချသူ မိအိချာ က ပြောသည်။

“တစ်ဧကကို သူတို့ ၁၅ သိန်းပေးတယ်၊ ကျွန်မက ရောင်းချင်လို့ရောင်းလိုက်ရတာမဟုတ်ဘူး ကွ္ပျန်မက ယောက်ျားမရှိတော့ဘူး လယ်လုပ်ဖို့အတွက် တစ်နှစ်ကို တာတမံ ကိုက်နှစ်ရာလောက် ဖို့ရတယ်၊ အလုပ်သမားလည်း မငှားနိုင်တော့ဘူး ပိုက်ဆံလည်း မရှိတော့ဘူး ဒီလယ် ၂၄ ဧကကိုလည်း မလုပ်နိုင်တော့ဘူးလေ၊ လုပ်တဲ့လူကလည်း မရှိတော့ဘူး သူတို့လည်း လာဝယ်နေတာဆိုတော့ ရောင်းလိုက်ရတာပေါ့” ဟု မိအိချာက ဆက်ပြောသည်။

ဒေသတဝိုက်ရှိ ပင်လယ်နှင့်နီးစပ်သော လယ်ယာမြေများကို အဓိကဦးစားပေးပြီး စျေးနှုန်းအမျိုးမျိုးဖြင့် ၀ယ်ယူနေကြကြောင်း သိရသည်။

“ရောင်းလိုက်တာက ၁၂ ဧကပါ၊ ၀ယ်တဲ့သူတွေကတော့ မော်လမြိုင်ကလို့ပြောတာပဲ လာဝယ်တဲ့ကိုယ်စားလှယ်တွေကတော့ အနင်းရွာကလူတွေပဲ၊ အများဆုံးရောင်းလိုက်တဲ့သူကတော့ ဒီရွာအုပ်ချုပ်ရေးမှူးပဲ ဘာလုပ်ဖို့ လာဝယ်တယ်ဆိုတာတော့ သူတို့ပြောမသွားဘူး” ဟု လယ်ယာရောင်းသူတစ်ဦး၏ အစ်မဖြစ်သူ မိကွန်းငယ်က ပြောသည်။

အဆိုပါ လယ်ယာမြေများကို လာရောက်ဝယ်ယူမှု့နှင့်ပက်သက်၍ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် မည်ဟု ကောလဟလသတင်းများထွက်နေသဖြင့် ဒေသခံအချို့က စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပလိုင်မှူးရွာအနီးရှိ အနင်းရွာတွင် ရွာခံလူငယ်များနှင့် ရေးမြို့နယ် အံဒင်ဒေသ လူငယ်များပူးပေါင်း၍ ကျောက််မီးသွေးဆိုးကျိုးနှင့်ပက်သက်သည့် အသိပေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပလိုင်မှူးရွာ ပလိုင်တင်ရွာ ခလောက်ချရွာ သပြေရွာသစ်နှင့် အနင်းရွာသူရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ရောင်းချခဲ့သည့် လယ်ယာမြေများနှင့် ဒီရေတောများ နေရာ

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...