မူးယစ်ဆေးစွဲကုသရေးဆေးရုံတည်ဆောက်ရန် မြေ (၃) နေရာ မွန်ဝန်ကြီးချုပ်ထံ တင်ပြထား

မူးယစ်ဆေးစွဲကုသရေးဆေးရုံတည်ဆောက်ရန် မြေ (၃) နေရာ မွန်ဝန်ကြီးချုပ်ထံ တင်ပြထား
by -
မွန်သတင်းအေဂျင်စီ
မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးစွဲဖြတ်လိုသူများ အတွက် ကုသပေးနိုင်မည့် သီသန့်ဆေးရုံတစ်ခု တည်ဆောက်ရန် သင့်လျှော်သော ပြည်နယ်အစိုးရပိုင်မြေ (၃) နေရာအား မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ထပ်မံတင်ပြထားကြောင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ သိရ သည်။

စက်တင်ဘာလ (၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ သင့်လျှော်သည့် မြေ (၃) နေရာကို ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြထား သည်ဟု မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးနေဝင်းက ပြောသည်။

“ကျွန်တော်တို့နဲ့ ရဲတပ်ဖွဲ့လည်းပါတယ်၊ မြေစာရင်းပိုင်းတို့ကလည်း တွဲလိုက်ပြီးတော့ အဲ့နေရာမှာ မြေ ဘယ် လောက်ရှိတယ်ဆိုတာကို တစ်ခါတည်း တိုင်းလိုက်ပြီး အတိုင်းအတာကိုပါ ဝန်ကြီးချုပ်ဆီ တင်လိုက်တယ်၊ သူ ကလည်း သူ့ဆီလျှောက်ပြီးတာနဲ့ ချပေးဖို့က မြန်မြန်ရှာပါလို့ ပြောတာကိုး၊ မြန်မြန်ရှာပြီး မြန်မြန်တင် ပေးလိုက် တယ်” ဟု ဦးနေဝင်းက ပြောသည်။

ဝန်ကြီးချုပ်ထံသို့ တင်ပြထားသည့် မြေနေရာ (၃) ခုမှာ မော်လမြိုင်-ကျိုက်မရောလမ်းမကြီးဘေးရှိ စက်မှုဇုံ နှင့် အားကစားသိပ္ပံအနီး၊ မော်လမြိုင်မြို့ တောင်ပေါ်တန်း ရဲမင်းကြီးအိမ်အနီး ဖြစ်ကြောင်း ဦးနေဝင်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် မူးယစ်ဆေးစွဲဖြတ်လိုသူများအနေဖြင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် ပြည်နယ်ရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မော်လမြိုင်မြို့ရှိ စိတ်ကျန်းမာရေးနှင့်မူးယစ်ဆေးစွဲကုသဋ္ဌာနတွင် အခမဲ့ ကုသပေးလျှက်ရှိ ကြောင်း သိရသည်။

သို့သော် အဆိုပါဌာနသို့ တက်ရောက်ကုသမှုခံယူနေသော မူးယစ်ဆေးစွဲဖြတ်သူများအား အခြားလူနာများ အကြားတွင် ထားရှိနေရ သဖြင့် သီးသန့်နေရာတည်ဆောက်ရန် တောင်းဆို ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဗဟိုုဌာနအဖြစ် (၁၉၉၄) ခုနှစ်တွင် ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၂၀၀၆) ခုနှစ်တွင် မွန်ပြည်နယ်၌ ပြည်နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ ၄င်းအသင်းသည် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟော ပြော ပွဲများနှင့် မူးယစ်ဆေးစွဲဖြတ်လိုသူအတွက် ဆေးဝါးဖြတ်နိုင်ရန် လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ထောက်ပံ့ကြေးပါ ပေးဆောင်နေသည်ဟု သိရသည်။

စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဌာန(MNA)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...