၂၁ ရာစု ပင်လုံ ညီလာခံသို့ UNFC တက်မည်

၂၁ ရာစု ပင်လုံ ညီလာခံသို့ UNFC တက်မည်
by -
မွန်သတင်းအေဂျင်စီ
သြဂုတ် ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ညီလာခံ သို့  ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)မှ တက်ရောက်မည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊သြဂုတ် ၂၅ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

UNFC သည် ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရေး UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်(တိုးချဲ့)အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊သြဂုတ် ၂၄ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး နောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်မှတ်ခဲ့ခြင်းဖြစ်သည်။

unnamedMon2602
UNFC ၏ ထုတ်ပြန်ချက်(Copy)

ကျွန်တော်တို့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို တက်ရောက်ရ ခြင်းကလည်း အစိုးရနဲ့ နားလည်မှုတည်ဆောက်နေခြင်းကို ပြသတဲ့သဘောပါဘဲ။ အခု ကျင်းပမယ့် ညီလာ ကနေ ဘာမှ ဆုံးဖြတ်ချက်ချမှာ မဟုတ်ပါဘူး” ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ ကဆိုသည်။

UNFC ၏  ထုတ်ပြန်ကြေညာချက်တွင် ၂၀၁၆ ခုနှစ်၊သြဂုတ် ၂၀ ရက်နေ့တွင် ရန်ကုန်မြို ့ရှိ အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြသည့်ရလဒ်အပေါ်တွင် လည်း ကောင်း၊ သြဂုတ် ၂၁-၂၂ ရက်နေ့များတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြသော နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်အစည်းအဝေးနှင့် ၂၁ ရာစု ပင်လုံ ကျင်းပရေးပူးတွဲကော်မတီ ပထမ အကြိမ်အစည်းအဝေးရလဒ် တို့အပေါ်၌ လည်းကောင်း၊ အစီရင်ခံတင်ပြခြင်း၊အပြန်အလှန် မေးမြန်း ဆွေးနွေး သုံးသပ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါကြောင်း ပါရှိသည်။

အဆိုပါ ဆွေးနွေးသုံးသပ်ချက်များအပေအခြေခံ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်လျှက် လာမည့် ၂၁ ရာစုပင်လုံ ညီ လာခံ သို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် အားလုံး နှင့် အတူတကွ ပါဝင်တက်ရောက် သွားကြ မည်ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

သို့သော် ပလောင် PSLF/TNLA ကိုးကန့်  MNDAA ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) တို့ တက်ရောက်နိုင်ရေးအတွက် ဆွေးနွေးနေကြဆဲဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် UNFC မှ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊“ဝ”အမျိုးသားအဖွဲ့(WNO)၊ လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ တို့သာ တက်ရောက်ကြမည် ဖြစ်သည်။

လက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တွင် NCA လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကိုးကန့် အဖွဲ့(MNDAA)၊ ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ “ဝ”အမျိုးသားအဖွဲ့(WNO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ဖြင့် ပါဝင်လျက်ရှိသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...