တိုင်းရင်းသားကျောင်းဆရာ ဆရာမများ လုံလောက်မှုမရှိလျှင် ခန့်အပ်နိုင်ဟုဆို

တိုင်းရင်းသားကျောင်းဆရာ ဆရာမများ လုံလောက်မှုမရှိလျှင် ခန့်အပ်နိုင်ဟုဆို
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အတွင်း တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စတွင် ဆရာဆရာမများ လုံလောက်မှု မရှိလျှင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး အစီအစဉ်ဖြင့် ဒေသခံ တိုင်းရင်းသား ဆရာ/ ဆရာမများ ထပ်မံ ခန့်အပ်ပေးရန် ညွှန်ကြားထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

unnamedbookမွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ကျောင်းသားဦးရေ အချိုးနဲ့ပေါ့၊  တိုင်းရင်းသား စာပေ သင်ကြားဖို့ ဆရာ/ ဆရာမ လိုအပ်ချက်ရှိရင်လည်း မြို့နယ်အဆင့် ပညာရေးမှူးရုံးတွေကို ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်၊ လိုရင် လိုသလို သူတို့ရဲ့ အစီအမံနဲ့ ခန့်အပ်ပေးနို်င်တယ်” ဟု ပြောသည်။

တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စတွင် လိုအပ်ချက်ရှိလာပါက ဒေသခံ တိုင်းရင်းသား ဆရာ/ ဆရာမများ လာရောက် သင်ကြားပေးရန်  ကမ်းလှမ်းထားကြောင်း နှင့် တိုင်းရင်းသားစာပေ သင်ကြားပေးနိုင်သည့် အစိုးရဝန်ထမ်း ဆရာ ဆရာမများကိုလည်း ကျောင်းချိန်ပြင်ပ၌ သင်ကြားရန် ခွင့်ပြုထားကြောင်း ၄င်းက ဆက်ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဌာနအနေဖြင့် တိုင်းရင်းသား စာပေသင်ကြားပေးမည့် ဆရာ၊ဆရာမ တစ်ဦးလျှင်  ထောက်ပံ့ကြေး ကျပ် ၃ သောင်းနှုန်းဖြင့် လစဉ် ပုံမှန် ထောက်ပံ့သွားမည်ဖြစ်သော်လည်း  လက်ရှိတွင် ဘတ်ဂျက်ငွေမကျသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

“ အခုလက်ရှိ ဇွန်၊ ဇူလိုင်မှာ သင်နေတဲ့ ဆရာ၊ဆရာမ ဦးရေ စာရင်းကို မူတည်ပြီးတော့ ဘတ်ဂျက်ငွေ တစ်နှစ်စာ တောင်းခံထားတယ်၊ နောက်ထပ် တ်ိုင်းရင်းသား စာပေ သင်တဲ့ ကျောင်းသားတွေ တိုးလာလို့ ဆရာ ဦးရေ ထပ်တိုးလာမယ်ဆိုရင် ထပ်တိုးလာတဲ့ ဦးရေအတွက် ပြင်ဆင်ပြီးတော့ ဘတ်ဂျက်ငွေ ထပ်မံတင်ပြတောင်းခံသွားမယ်” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာ) ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။

ချောင်းဆုံမြို့နယ် ပညာရေးမှူးရုံးအနေဖြင့် ကျောင်းတစ်ကျောင်းလျှင် ကျောင်းသား  အယောက် ၃၀ ကို ဆရာ/ ဆရာမ တစ်ဦးနှုန်းဖြင့် ခန့်အပ်ထားကြောင်း လက်ရှိတွင် ဆရာ/ ဆရာမ ဦးရေနှင့် ကျောင်းသားဦးရေ အချိုး ကိုက်ညီမှုရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်ကတည်းက မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားစာပေ စတင် သင်ကြားခွင့် ရရှိခဲ့ပြီး ယခုနှစ်တွင် တိုင်းရင်းသားစာပေ သင်ကြားပေးသည့် ဆရာ/ ဆရာမ မွန်တွင် ၅၀၁ ဦး၊ စကောကရင် ၃၈၄ ဦး၊ ပိုးကရင် ၁၃၈ ဦး၊ ပအိုဝ်း ၈၃ ဦး စုစုပေါင်း ၁၁၀၆ ဦးအတွက် ဘတ်ဂျက်ငွေကျပ် သိန်းပေါင်း (၂၉၈၆) ကျော်  တင်ပြထားခြင်း ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...