ဘုရားသုံးဆူတွင် မူးယစ်ဆေးဝါးနဲ့လက်နက်ဖမ်းမိသူ မွန်ပြည်သစ်ပါတီနှင့်ပတ်သက်မှုမရှိ

ဘုရားသုံးဆူတွင် မူးယစ်ဆေးဝါးနဲ့လက်နက်ဖမ်းမိသူ မွန်ပြည်သစ်ပါတီနှင့်ပတ်သက်မှုမရှိ
by -
မွန်သတင်းအေဂျင်စီ
 နေအိမ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိသူ(ရဲဇာနည်)
နေအိမ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိသူ(ရဲဇာနည်)
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် သြဂုတ် ၁၃ ရက်နေ့က မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များပါ ဖမ်းဆီးရမိသူများသည် မွန်ပြည်သစ်ပါတီနှင့် လုံးဝပတ်သက်မှုမရှိကြောင်း ဘုရားသုံးဆူ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံက ပြောသည်။

“မွန်ပြည်သစ်ပါတီမှာ အရင်တုန်းက သူစစ်မှုထမ်းဘူးတယ်၊ ဒါပေမယ့် ထွက်ပြေးသွားတာကြာပီ၊ ကျနော်တို့ ပါတီနဲ့လုံးဝမဆိုင်ဘူး၊ အခု သူဘယ်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှုရှိ်လဲဆိုတာကို ကျနော်တို့ စုံစမ်းတုန်းပဲ” ဟု ဘုရားသုံးဆူ ဆက်ဆံရေးရုံးတာဝန်ခံ နိုင်မွန်အောင်က ပြောဆိုသည်။

ဘုရားသုံးဆူမြို့အနီး ရွာသစ်ကျေးရွာနေ နိုင်ဝင်းအောင်နှင့်ဇနီး မရွှေမိ နေအိမ်တွင် အိုက်စ် ၄၂ ဒသမ ၃ ဂရမ်၊ M 16 သေနတ် ၃ လက်၊ SEA HAWK ပွိုင့် ၄၅ ပစ္စတိုသေနတ်တစ်လက်၊ ပွိုင့် ၃၂ ပစ္စတိုသေနတ်တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၅ ထောင်တောင့်ကျော်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို ဘုရားသုံးဆူ နယ်မြေခံတပ်နှင့် သုံးဆူနယ်မြေရဲစခန်းတို့ ရှာဖွေဖမ်းဆီးရမိသည်ဟု ရဲဇာနည် Facebook စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

အမည်မဖော်လိုသော ဘုရားသုံးဆူမြို့ခံတစ်ဦးက “​လော​လောဆယ်​က သူက မွန်​ငြိမ်​းချမ်​း နိုင်​​ရှောင်​ အဖွဲ့ဝင်​ထားတာ ၂ လ ​လောက်​ပဲရှိသေးတယ်၊ ဒီ​ကေဘီ​အေလဲ ဝင်​လုပ်​ဖူးတယ်၊ ကာစီနိုရုံထောင်ဖို့တောင် သူစီစဉ်နေတာ” ဟု ပြောသည်။

၎င်းတို့ ၂ ဦးကို သြဂုတ် ၁၄ ရက်နေ့တွင် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီး ရဲစခန်းသို့ပို့ဆောင်လိုက်ပြီး လက်နက်မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့ဒေသတဝိုက်တွင် အပစ်ရပ်တိုင်းရင်းသားလက််နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU, မွန်ပြည်သစ်ပါတီ NMSP, DKBA, KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ABSDF, ကရင်နယ်ခြားစောင့်တပ် BGF နှင့် လက်နက်ချအဖွဲ့အစည်းအချို့ အခြေချလျက်ရှိသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...