နေအိမ်တချို့ ပင်လယ်ကမ်းပြိုမည့် အန္တရယ်နှင့် ရင်ဆိုင်နေရ၍ ပေါင်မြို့နယ်ဒေသခံများစိုးရိမ်

နေအိမ်တချို့ ပင်လယ်ကမ်းပြိုမည့် အန္တရယ်နှင့် ရင်ဆိုင်နေရ၍ ပေါင်မြို့နယ်ဒေသခံများစိုးရိမ်
by -
မွန်သတင်းအေဂျင်စီ
ပင်လယ်ရေလှိုင်းများကို ကျောက်စီတားထည့်သည့်နေရာ(Tun Min Aung FB)
ပင်လယ်ရေလှိုင်းများကို ကျောက်စီတားထည့်သည့်နေရာ(Tun Min Aung FB)
မွန်ပြည်နယ် ပေါင်မြို့နယ် ပင်လယ်ကမ်းရိုးတန်း၌ ရေကြောင်းပြောင်းလဲမှုဖြစ်ပေါ်နေသဖြင့် အလှပ်ရွာ အရှေ့ပိုင်းတွင် ယခုအခါ ပင်လယ်ကမ်းပြိုမည့်အန္တရယ်သည် လူနေအိမ်များနှင့် သိသိသာသာ နီးကပ်လာ၍ စိုးရိမ်သောကဖြစ်နေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“လက်ရှိ အလှပ်ရွာ အရှေ့ပိုင်းမှာ အိမ်တိုင်ခြေကပ်ပြီးတော့ ကမ်းပါး ဖြစ်လာတဲ့အတွက် ဒေသခံတွေက စုပေါင်းပြီးတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပင်လယ်ကမ်းပါးမှာ ကျောက်တုံးတွေစီတန်းပြီး ကာကွယ်နေရတာ ဖြစ်တယ်၊ လက်ရှိအနေအထားအရ ချထားတဲ့ကျောက်တွေ လုံလောက်မှု မရှိသေးပါဘူး” ဟု အလှပ်ကျေးရွာသား ဦးတင်ဦး က ပြောသည်။

အလှပ်ကျေးရွာအရှေ့ပိုင်း ရွှေသာလျောင်း ဘုရားမှ အနောက်ပိုင်း ပျဉ်းမပင်အထိ ပေ ၂၇၀၀ ကျော်ကို ဒေသခံများ ကိုယ်ထူကိုယ်ထဖြင့် မျောပါခဲ့သည့်သက်ကယ်တောနေရာ၌ ကျောက်တန်းစီ အစားထိုးပြီး ကမ်းပါးပြိုကျမှုကို ကာကွယ်နေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလှပ်ရွာအရှေ့ပိုင်းနေ ဦးသိန်းဝင်း ကလည်း “ကျနော် အလှပ်ရွာမှာ နေလာတာ နှစ် ၄၀ ကျော်နေပြီးပေါ့၊ အရင်ကဆို ရေကြောင်းက အောက်ဘက်မှာရှိနေတယ်၊ ကျနော်တို့ နေထိုင်တဲ့ နေရာနဲ့ ရ-၈ မိုင်လောက်ရှိတယ်၊ အခုဆို ၁ မိုင်လောက်ပဲ ရှိတော့တယ်၊ ရေတက်ရင်တော့ ရေက အိမ်ထဲအထိ ဝင်တယ်၊ အဲဒီအချိန်မှာ မုန်တိုင်းလာရင် အန္တရာယ်ဖြစ်နိုင်တယ်” ဟု ပြောသည်။

အလှပ်ကျေးရွာအရှေ့ပိုင်း ပင်လယ်ကမ်းနားပိုင်းတွင် ကျောက်တုံးစီတန်း၍ ကာကွယ်ခြင်းကို ပထမဆုံးကြိမ် ဖြစ်ကြောင်း၊ ယခင်သက်ကယ်တောအစား ယာယီထိန်းသဘောနှင့်သာ ဆောင်ရွက်ထားကြောင်း၊  အမြင့် ၃ ပေ၊ ဗျက် ၃ ပေ ကျောက်တန်းစီ ထားသော်လည်း စိတ်ချ၍ မရကြောင်း ၄င်းက ဆက်ပြောသည်။

 အလှပ်ကျေးရွာသား (၃၀) ဦးပါသည့်ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး  ကျောက် (၃) ကျင်းပါ ကျောက်ကား (၄၃) စီးအတွက် တန်ဖိုးငွေ (၄၁) သိန်း အလှူခံရရှိကာ ကျောက်တန်းစီခြင်း ပြုလုပ်ထားပြီးဖြစ်သော်လည်း လုံလောက်မှု မရှိသည့်အတွက် ဒေသခံများက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လယ်/ဆည်မြောင်း ထံ တင်ပြထားကြောင်း သိရသည်။

အလှပ်ရွာအရှေ့ပိုင်းတွင် ဆေးရုံ၊ ရဲစခန်း၊ စာသင်ကျောင်း တည်ရှိနေပြီး ပေါင်မြို့နယ်တွင် အဓိက အချက်အချာကျသည့် နေရာဖြစ်နေကြောင်း သိရသည်။

ယမန်နှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် အလှပ်ကျေးရွာအနောက်ပိုင်း၌ ပင်လယ်ကမ်းပါးတိုက်စားမှုကို ကျောက်တုံးစီတန်းကာကွယ်ထားကြောင်း ဒေသခံများက ပြောသည်။

 ပေါင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က “ပြည်နယ်အစိုးရက တာဝန်ယူမှုရှိရှိနဲ့ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ပြည်သူကိုယ်စား ထပ်ပြီးတိုက်တွန်းပါတယ်။ သူတို့တွေရဲ့ အသက်အိုးအိမ် လုံခြံုဖို့အတွက် ရွာကပြည်သူတွေက ရှိစုမဲ့စု ထည့်ကြစုကြပြီး မြေသားတမံတွေ ကိုယ်ထူကိုယ်ထ လုပ်လာခဲ့တာနှစ်စဉ်ပါ။ လုပ်အားငွေအား သိန်း ရ၀၀ အထက်ရှိပါတယ်။ အခုနှစ်လည်း ကျောက်ဝယ်စီခြင်းအပါအဝင် သိန်းတစ်ရာလောက် သုံးစွဲပြီးပါပြီ။ ဒီလှိုင်းက ရွာအနီးရောက်လာတဲ့ဧရိယာ ပတ်ပတ်လည်ကျယ်လာတော့ ပြည်သူအားနဲ့မနိုင်တော့ပါ။ တောင်းဆိုချက် (6 x 9 size) လိပ်သဲကျောက် ၄၀၀ ကျင်းခန့် အမြန်ဖြည့်ဆည်းပေးဖို့ ကျေးရွာပြည်သူများမှ တောင်းဆိုထားသည်” ဟု သူ၏ Facebook ကိုယ်ပိုင်စာမျက်နှာတွင် ရေးသားထားသည်။

ပင်လယ်ရေလှိုင်းများကို ကျောက်စီတားထည့်သည့်နေရာ(Tun Min Aung FB)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...