၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်အားလုံးနှင့် ပြန်လည်ဆုံတွေ့ရန် တရုတ်ကိုယ်စားလှယ်မျှော်လင့်

၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်အားလုံးနှင့် ပြန်လည်ဆုံတွေ့ရန် တရုတ်ကိုယ်စားလှယ်မျှော်လင့်
by -
မွန်သတင်းအေဂျင်စီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang(MNA)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang(MNA)
မကြာမီကျင်းပရန်စီရည်ရွယ်ထားသော ၂၁ ရာစုပင်လုံညီလာခံတွင် ယခုအစည်းအဝေးသို့တက်ရောက်လာသော တိုင်းရင်းသားခေါင်းဆောင်အားလုံးနှင့် ပြန်လည်ဆုံတွေ့ရန် မျှော်လင့်ပါကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang က ပြောသည်။

KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီအစည်းအဝေး စတုတ္ထမြောက်နေ့ ဇူလိုင် ၂၉ နံနက်ပိုင်း၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“၂၁ ရာစုပင်လုံညီလာခံမှာလည်း ကျနော် အခုဒီမှာ ကြွရောက်လာကြတဲ့ ဒီတိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင် အားလုံးနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်၊ ” ဟု Mr. Sun Guoxiang က ဆိုသည်။

indexMo21
မိုင်ဂျာယန် EAO’s မျက်နှာစုံညီအစည်းအဝေး(MNA)

ထို့အပြင် ယခုအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ဟု မိမိအနေဖြင့်မျှော်လင့်ပါကြောင်း သူက ဆက်ပြောသည်။

သူက “ကျွန်တော်တို့ ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် ကိစ္စဆိုရင် အရေးကြီးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဲဒီအထဲမှာ ဘယ်ကိစ္စက ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စလည်းဆိုတာ သတ်မှတ်ထားဖို့လိုပါတယ်။ ဘာကိစ္စကို ဦးစားပေးရမလဲဆိုတာကိုလည်း သတ်မှတ်ထားဖို့လိုပါတယ်။ ဒီအစည်းအဝေးမှာ ဆွေးနွေးတဲ့ ကိစ္စတွေထဲမှာ ရေတိုကိစ္စလည်းရှိသလို ရေရှည်ကိစ္စလည်း ရှိပါတယ်။ ကျွန်တော်ထင်တာတော့ လွယ်တဲ့ ကိစ္စကို အရင်ဆွေးနွေးဖို့ အတည်ပြုကြဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် တချို ့ကိုယ်စားလှယ်များသည် နိုင်ငံတကာဆွေးနွေးပွဲများကို ပါဝင်တက်ရောက်ခဲ့ကြဖူးပြီး ၎င်းတို့ အတွေ့ အကြံုအရဆိုပါက ယခု ဆွေးနွေးပွဲတွင် အထောက်အကူ အများကြီး ရရှိနိုင်ပြီး မိမိတို့ အကောင်းဆုံး ရလာဒ် ရရန်အတွက် တချို ့က လိုက်လျောပေးရန်လိုသလို တချို ့မှ လျော့ပေးရန်လိုအပ်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...