မြန်မာနိုင်ငံအတွင်းရှိ ဘာသာကို်းကွယ်မှုစာရင်းသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံကာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အလုပ်သမား၊လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဘာသာကိုးကွယ်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင် လူဦးရေ နှစ်သန်းကျော် (၂,၀၅၄,၃၉၃) ရှိသည့်အနက် ဗုဒ္ဓဘာသာဦးရေ (၉၂ဒသမ၆) ရာခိုင်နှုန်း (၁၉၀၁၆၆၇) ဦး ၊ခရစ်ယာန်ဘာသာဦးရေ (၀ဒသမ၅) ရာခိုင်နှုန်း (၁၀,၇၉၁) ဦး၊ အစ္စလာမ်ဘာသာဦးရေ (၅ဒသမ၈) ရာခိုင်နှုန်း (၁၁၉,၀၈၆) ဦး၊ ဟိန္ဒူဘာသာဦးရေ (၁ဒသမဝ) ရာခိုင်နှုန်း (၂၁,၀၇၆) ဦး၊ နတ်ကိုးကွယ်သူ(၀ဒသမဝ) ရာခိုင်နှုန်း (၁၀၉) ဦး၊ အခြာဘာသာ ကိုးကွယ်သည့် ဦးရေ (၀ဒသမ၁) ရာခိုင်နှုန်း (၁၅၂၃) ဦး နှင့် ဘာသာမဲ့ဦးရေ (၀ဒသမဝ) ရာခိုင်နှုန်း (၁၄၁) ဦးရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ထိုနည်းတူ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦးရေ တစ်သန်းကျော် (၁,၅၀၄,၃၂၆) ရှိသည့်အနက် ဗုဒ္ဓဘာသာကိုးကွယ်သည့်ဦးရေ (၈၄ဒသမ၅) ရာခိုင်နှုန်း (၁,၂၇၁,၇၆၆) ဦးရှိပြီး လူဦးရေ တစ်ဆယ့်လေးသိန်းကျော် (၁,၄၀၈,၄၀၁) ရှိသော တနသာင်္ရီတိုင်းဒေသကြီးတွင်လည်း ဗုဒ္ဓဘာသာကိုးကွယ်သည့် ဦးရေ (၈၇ဒသမ၅) ရာခိုင်နှုန်း (၁,၂၃၁,၇၁၉) ဦးရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် (၅၁,၄၈၆,၂၅၃) ရှိသည့်အနက် ဗုဒ္ဓဘာသာဝင် (၈၉ဒသမ၈) ရာခိုင်နှုန်း ၊ခရစ်ယာန်ဘာသာဝင် (၆ဒသမ၃) ရာခိုင်နှုန်း၊ အစ္စလာမ် ဘာသာဝင် (၂ဒသမ၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် (၀ဒသမ၅) ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ (၀ဒသမ၈) ရာခိုင်နှုန်း၊ အခြားသောဘာသာကိုးကွယ်သူ (၀ဒသမ၂) ရာခိုင်နှုန်း နှင့် ဘာသာမဲ့ဦးရေ (၀ဒသမ၁) ရာခိုင်နှုန်း ရှိကြောင်း မြန်မာနိုင်ငံအတွင်းရှိ ဘာသာကိုးကွယ်မှု အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။







