မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟသာင်္အဝိုင်းကော်မတီတို့ တွေ့ဆုံမည်

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟသာင်္အဝိုင်းကော်မတီတို့ တွေ့ဆုံမည်
by -
မွန်သတင်းအေဂျင်စီ
ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး ကော်မတီအစည်းအဝေး(MNA)
ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး ကော်မတီအစည်းအဝေး(MNA)
မော်လမြိုင်မြို့ သံလွင်တံတားထိပ်အနီး ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး၊ အစိုးရကျောင်းများတွင် စာသင်ချိန်အတွင်း မွန်စာပေသင်ကြားရေး နှင့် လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်ရေးကိစ္စများနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်လူထုဆုံရပ်မှ ရွေးချယ်ဖွဲ့စည်းခဲ့သော ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီတို့ မနက်ဖြန် (ဇူလိုင်လ ၁ ရက်နေ့) မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီဝင် နိုင်မွန်ရာဇာ က “ ဟသာင်္အဝိုင်းရုပ်ထု ပြန်လည် တပ်ဆင်ဖို့အတွက်ရယ်၊ အစိုးရကျောင်းချိန်အတွင်း မွန်စာပေသင်ကြားရာမှာ အဆင်ပြေဖို့ရယ်၊ မွန်ပြည်နယ်ရှိ မြို့အမည်၊ လမ်း အမည်တွေကို မွန်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ တပ်ဆင်ဖို့ရယ်၊ မနက်ဖြန် ဝန်ကြီးချုပ်နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးသွားပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့အတွက်ပါ” ဟု ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး ကော်မတီ ၉ ဦး အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း  မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ နိုင်ရွှေကျင်စာကြည့်တိုက်၌ ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။

ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီဝင် နို်င်စိုးသိန်း က “ မနက်ဖြန် ကျနော်တို့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီးတော့ ဟသာင်္အဝိုင်းကိစ္စကို ဘယ်လိုဆောင်ရွက်ပေးမလဲ  နားထောင်ပြီးတော့မှ ရှေ့ဆက်လုပ်ဖို့ ကျနော်တို့ စီစဉ်ရမယ်ပေါ့နော်” ဟုပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ခေါင်းစဉ် ၃ ခုဖြင့် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးတွင်  နိုင်စိုးသိန်း၊  အစိုးရကျောင်း မွန်စာပေသင်ကြားရေးကိစ္စတွင် နိုင်မွန်ရာဇာ၊ လမ်းညွှန်ဆိုင်းဘုတ်များ ခေါင်းစဉ်ဖြင့်  နိုင်ရဲဇော် တို့က ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ  သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် မွန်လူထုဆုံရပ်ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး အဖွဲ့ဝင် ၉ ဦးဖြင့် ဟသာင်္အဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီ ၉ ဦးပါအဖွဲ့တွင်  အင်ဂျင်နီယာနိုင်စိုးသိန်း၊ နိုင်တလညီ၊ နိုင်မွန်ရာဇာ၊ မင်းမင်းနွယ်၊ မိစန္ဒာနွန်၊ နိုင်ရဲဇော်၊ မင်းလင်းကိုကို၊ နိုင်ထွန်းရှိန်နှင့် မွန်ပြည်သစ်ပါတီမှ အဆိုပြုသော ကိုယ်စားလှယ်တစ်ဦး (နိုင်ထွန်း)တို့ဖြစ်ကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...