မော်လမြိုင်မြို့တွင် နေအိမ်မီးလောင်ကျွမ်းရာမှ လူတစ်ဦးသေဆုံး

မော်လမြိုင်မြို့တွင် နေအိမ်မီးလောင်ကျွမ်းရာမှ လူတစ်ဦးသေဆုံး
by -
မွန်သတင်းအေဂျင်စီ
နေအိမ်မီးလောင်မှု မြင်ကွင်း(MNA)
နေအိမ်မီးလောင်မှု မြင်ကွင်း(MNA)
မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ပုလဲလမ်းရှိနေအိမ်တစ်လုံး ယနေ့(ဇွန် ၂၇ ရက်) နံနက် ၉နာရီ မိနစ် ၃၀ ၀န်းကျင်ခန့်တွင် မီးလောင်ကျွမ်းရာမှ အသက်၃၅နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်မီးလောင်စဉ်တွင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးနှင့် မွေးရာပါပိုလီယိုရောဂါသည်နှစ်ဦးသာ နေအိမ်တွင်ကျန်ရှိနေပြီး စိတ်ကျန်းမာရေးမကောင်းသူကိုသာ ကယ်ထုတ်နိုင်၍ အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း မွေးရာပါပိုလီယိုရောဂါသည်မှာ မလှုပ်ရှားနိုင်သဖြင့် မီးလောင်သေဆုံးခြင်းဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများမှ တဆင့်သိရသည်။

လူမူကယ်ဆယ်ရေးအသင်းမှ ကိုဘိုဘိုဝင်းက “မီးလောင်တဲ့ဖြစ်စဉ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့သူ တစ်ယောက်ပဲ ထွက်နိုင်ခဲ့တယ်။ ထွက်တဲ့အချိန်မှာ ဒီလူကိုဆွဲထုတ်ခဲ့ပေမယ့် သူ့ခန္ဒာကိုယ်ကကြီးတော့ ထုတ်လို့မနိုင်ဘူး။ အရှေ့ဘက်က မီးကလည်းများတော့ သူပဲရုန်းထွက်နိုင်ခဲ့တယ်။ သေဆုံးသူကတော့ ကုတင်ပေါ်မှာပဲ သေဆုံးနေတာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါနေအိမ်မီးလောင်ကျွမ်းမှုတွင် မီးသတ်ကား ၉ စီး၊ ရေသယ်ယာဉ် ၂စီးတို့ဖြင့် မိနစ် ၃၀ ကျော်ခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင် က “ဆုံးရှံးမှုအနေအထားကတော့ ၉ သိန်း ၁ သောင်းပေါ့နော်။ အိမ်တန်ဖိုး အဆောက်ဦးတန်ဖိုးက ၅ သိန်း၊ ပြီးတော့အိမ်ထဲမှာ တီဗွီပြင် တာကိုး။ တီဗွီအဟောင်းတွေ နောက်ပြီးတော့ အဝတ်ဗီဒိုတွေ အဲဒီပစ္စည်းတွေရဲ့တန်ဖိုးက ၄ သိန်း ၁ေ သာင်းဆိုတော့ အားလုံး စုစုပေါင်း ၉ သိန်း ၁ သောင်းဖြစ်တယ်”ဟု ဆိုသည်။

လျှပ်စစ်မီးအားအတက်အကျ မမှန်ကန်မှုကြောင့် မီးအားမြှင့်စက်ရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့မှ အတည်ပြုထားသည်ဟု သိရသည်။

မီးလောင်မှုကြောင့် အဆိုပါ အိမ်အနီးအနားရှိ ပါရမီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ၂၀၀ ခန့်ကိုလည်း အနီးနားရှိဘုန်းကြီးကျောင်းသို့ ခေတ္တရွွှေ့ပြောင်းခဲ့ရသည်ဟု သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...