မူယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ဆန္ဒပြပွဲ ရေးမြို့တွင် ပြုလုပ်မည်

မူယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ဆန္ဒပြပွဲ ရေးမြို့တွင် ပြုလုပ်မည်
လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့၌ မွန်လူငယ်ကွန်ယက် (ရေး)၊ သံဃာတော်များနှင့် မွန်သံဃာပျိုများ ဦးစီးပြီး မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ဆန္ဒပြ ပွဲပြုလုပ်သွားမည်ဟု ဦးဆောင်ကျင်းပရေးကော်မတီမှ သိရသည်။
Poster
မူယစ်ဆေးဝါးဆန့်ကျင်ဆန္ဒပြပွဲ နှိုးဆော်ရေးပိုစတာ(Facebook)

ဆန္ဒဖော်ထုတ်ရေးလှုပ်ရှားသူ အရှင်ကုသလ က “အခုက မှုးယစ်ဆေးဝါးပြဿနာက ပိုပြီးကျယ်ပြန့်လာတယ်။ အုပ်ထိန်းသူမိဘတွေ ကလည်း ဘယ်လိုလုပ်ရမှာလဲဆိုတာကို မတွေးတတ်တော့တဲ့ အခြေအနေကိုရောက်နေပြီး။ သုံးစွဲတဲ့လူငယ်တွေကလည်း ကျန်းမာရေး ထိခိုက်တဲ့အပြင် ပညာရေး လည်းထိခိုက်လာတာရှိတယ်။ ဒါကြောင့် ဒီမှုးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ရဟန်းရှင်၊ လူငယ်အပါအဝင် ရပ်မိ ရပ်ဖနဲ့ လူမှုအဖွဲ့အစည်တွေ ပါဝင်လာစေရန်အတွက် ဒီပွဲကိုပြုလုပ်ရတာပါ။ အားလုံး ပါဝင်လာမှ သည်မှုး ယစ် ဆေးဝါးတိုက်ဖျက်ရေးပြဿနာက အောင်မြင်နိုင်လိမ့်မယ်” ဟု မွန်သတင်းအေဂျင်စီကို မိန့်ကြားသည်။

မူးယစ်ဆေးဝါပြသနာကိစ္စတွင် တစ်ဦးတစ်ယာက်တည်း တိုက်ဖျက်၍ အောင်မြင်မှုမရနိုင်ကြောင်း၊ အစိုးရ ဖမ်းဆီးအရေးယူမှုနေသော် လည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ ဌာနဆိုင်ရာမှလည်း ထိရောက်သော ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်စေလိုသည်ဟု အရှင်ကုသလ ဆက်လက်မိန့်ကြားသည်။

မွန်လူငယ်ကွန်ယက်အဖွဲ့ (ရေး)  စီမံရေးတာဝန်ရှိသူ နိုင်ဇမ္ဗူရွတ် က “ဒီမူးယစ်ဆေးဝါးကြောင့် ကျ နော်တို့လူငယ်တွေ အနာဂတ်ပျောက်ဆုံးနေတယ်လို့ သုံးသပ်မိတယ်။ လူငယ်တွေအတွက် ကြီးမားတဲ့ စိန်ခေါ် မှုတရပ်လဲဖြစ်တယ်။ မူးယစ်ဆေးဝါး သုံးစွဲမှု နည်းလာအောင် ကျဆင်းလာအောင် ကျနော်တို့အဖြေရှာရမယ်” ဟု ဆိုသည်။

အဆိုပါနေ့တွင် သက်ဆိုင်ဌာနများအား ဖိတ်ကြားထားပြီ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲ မှု လျော့ကျအောင် မည်သို့လုပ်ဆောင်သင့်ပြီး ဥပဒေကြောင်းအရ မည်ကဲ့သို့ တရားစွဲဆိုမှု/ အရေးယူမှု ရှိသည်များကို အပြန်အလှန် ဆွေးနွေးကြမည်ဟု နိုင်ဇမ္ဗူရတ်က ဆက်ပြောသည်။

မူးယစ်ဆေးဝါးကျဆင်းရေး ဆန့်ကျင်ဆန္ဒပြမှုကို ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မွန်ဓမ္မာရုံတွင် ဇွန် ၂၆ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်တွင် ဟောပြောပွဲပြုလုပ်၍ ၃ နာရီဝန်းကျင်ခန့်တွင် ပိုစတာများကိုင်ဆောင်ပြီ ဆန့်ကျင်မှု ကြွေးကြော်သံများဖြင့် ရေးမြို့ ရွှေဆံတော်ဘုရားသို့ ချီတက်သွားမည်ဟု ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်အထိ ငါးနှစ်တာကာလအတွင်း သက်ဆိုင်ရာဌာနများ၏ မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုသည် (၄၂၄) မှုနှင့် တရားခံ (၆၅၈) ဦးရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...