မော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်အထိမ်းအမှတ်ကျင်းပ

မော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်အထိမ်းအမှတ်ကျင်းပ
မော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်(GS)
မော်လမြိုင်တက္ကသိုလ် မွန်စာ/ယဉ် ရွှေရတုသဘင်(GS)
မော်လမြိုင်တက္ကသိုလ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ  အနှစ် (၅၀) ပြည့် ရွှေရတုသဘင် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ (၇) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်ရှိ တလထော်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်သူဟောင်း/သစ်များ တက်ရောက်ခဲ့ကြပြီး စာပေ ဟောပြောပွဲများ၊ မွန်ရိုးရာယဉ်ကျေးမှုအကများ၊ မွန်လူမျိုးတို့၏ သမိုင်းသရုပ်ဖော် ပြကွက်များနှင့် ဖျော်ဖြေရေးအစီစဉ်များဖြင့် ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

“အခုငါတို့ အကျိုးခံစားနေရတဲ့ မွန်ရိုးရာဝတ်စုံတို့ရယ်၊ ပြက္ခဒိန်ရယ်၊ ရန်ပုံငွေအတွက် စျေးရောင်းတာ ရယ်၊ ဒီအတွက် ကျောင်းတတ်နေရင်းကနေ လူမျိုးအတွက် ကြိုးပမ်းခဲ့တဲ့ ကျောင်းသားဟောင်း တွေကို အသိမှတ်ပြုဖို့အတွက် ဒီနှစ် (၅၀) ပြည့် ရတုသဘင်ကို ပြုလုပ်ရတာပါ” ဟု ရွှေရတု သဘင်ကျင်ပရေးကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ကျော်ခိုင်ဝင်းက ပြောသည်။

ထို့အပြင် အနှစ် (၅၀) အတွင်း မွန်ရိုးရာဝတ်စား ဆင်ယင်မှု ပြောင်းလဲလာပုံအဆင့်ဆင့်ကို (၁၀) နှစ်လျှင် တစ်ခေတ်ဟု သတ်မှတ်ကာ ခေတ် (၅) ခေတ်၏ ယဉ်ကျေးမှုတို့ကိုလည်း ယင်း အခမ်းအနားတွင် ပြသခဲ့သည်။

“ကျောင်းသားဟောင်းတွေ ရှေ့ကဘယ်လိုလုပ်ဆောင်ခဲ့တာကို အခုခေတ်က ကျောင်းသားသစ်တွေ သိရှိပြီးတော့ ရှေ့ဆက်လုပ်ဆောင်တတ်ဖို့၊ ကျောင်းသားသစ်နဲ့ ကျောင်းသားဟောင်းတို့ လူချင်းရော အလုပ်သဘောရော မိတ်ဆက်တဲ့သဘောနဲ့ ဒီပွဲကိုလုပ်ရတယ်” ဟုလည်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ကိုဝင်းဗိုလ်က ပြောသည်။

“အခုလိုအနှစ်(၅၀)ပြည့်တဲ့ပွဲမျိုး ကြံုခဲတယ်လေ၊ ကိုယ့်မွန်လူမျိုး အရေအတွက် ဘယ်လောက်ရှိမလဲ သိချင်ခဲ့တာရယ် အခုမြင်တဲ့အတိုင်းပဲ အားလုံးနီးပါးက ကိုယ့်မွန်လူမျိုးပဲဖြစ်နေတာ တွေ့ရတော့ အရမ်းပျော်ပါတယ်၊ နောက် ဒီအခမ်းအနားက ကိုယ့်မွန်လူမျိုးရဲ့အခန်းနားဆိုတော့ သီချင်းဆိုပြီး အားပေးချင်လို့” ဟု မွန်အဆိုတော် အမ္မရ ပြောသည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (မော်လမြိုင်တက္ကသိုလ်) သည် တက္ကသိုလ်ပညာသင်ကြားနေကြသည့် မွန်ကျောင်းသားများအား စာပေ၊ ဘာသာစကားဖြင့်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုဖြင့်လည်းကောင်း တစုတစည်းတည်းဖြစ်အောင်  ရည်ရွယ်ပြီး (၁၉၆၆) ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...