သူ၏ကြွင်းကျန်ရုပ်ကလာပ်ကို ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် မော်လမြိုင်-ကျိုက်မရောကားလမ်းမကြီးရှိ ပိန္နဲကုန်သုသာန်၌ စျာပနအခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှုး (၂) နိုင်စံတင် ကပြောသည်။
၂၀၁၄ ခုနှစ်၊ မေလတွင် ကျင်းပခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပထမအကြိမ်ညီလာခံမှ ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု မုဒုံမဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။
နိုင်သိုက်သည် မွန်ပြည်နယ်ကုန်သွယ်လယ်ယာ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီး (၂၀၁၀ ပြည့်နှစ်၊ မေလ ၂၄ ရက်) All Mon Region Democracy Party-AMDP (ခေါ်) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတင်တည်ထောင်စဉ် ဒု-ဥက္ကဋ္ဌ (၂) တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
မော်လမြိုင်မြို့နယ် မွန်စာပေယဉ်ကျေးမှု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အမျိုးသားညီလာခံတွင် မွန်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် လည်းကောင်း ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်၏။
နိုင်သိုက်သည် အဘဦးထွန်းအေး+ အမိဒေါ်ပွဲ တို့မှ ၁၂၉၄ ခုနှစ်၊ နယုန်လဆန်း (၁၄) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်အထိ အိမ်ထောင်မရှိ(လူပျိုကြီး) ဟု သိရသည်။







