ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး
ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ(GS)
ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ(GS)
ညီညွတ်သော တိုင်းရင်းသားလူငယ်များ ဦးဆောင်ပြီး ဒုတိယအကြိမ် တိုင်း ရင်းသား လူငယ်နှီးနှောဖလှယ်ပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကယားရီဆော့ဒ်ဟိုတယ်၌ ဇန်နဝါရီ (၂၄) မှ (၂၆) ရက်နေ့များတွင် ကျင်းပခဲ့သည်။

ထိုနှီးနှောဖလှယ်ပွဲကို ပြည်နယ်နှင့်တိုင်းအသီးသီးမှ လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအပါအဝင် အဖွဲ့အစည်းပေါင်း (၅၅) ဖွဲ့မှ ကိုယ်စားလှယ် (၁၂၇) ဦး တက်ရောက်ဆွေးနွေးခဲ့သည်ဟု နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီ မိရွှတ်ချမ်းက ပြောသည်။

မိရွှတ်ချမ်း က “ကျမတို့နိုင်ငံမှာ လက်ရှိကြံုတွေ့နေရတဲ့ မူယစ်ဆေး ပြဿနာတွေ၊ ငြိမ်းချမ်းရေးနဲ့ မိခင်ဘာသာ သင်ကြားရေးကိစ္စတွေကို တိုင်းရင်းသားဒေသတစ်ခုနဲ့တစ်ခု ဘယ်လို ကွာခြားမှုရှိသလဲ၊ ဘယ်လိုလက်တွဲပြီး ဖြေရှင်းသင့်သလဲ အတူတကွ အဖြေရှာနိုင်ရန်အတွက် ဒီနှီးနှောဖလှယ်ပွဲ ပြုလုပ်ရတာပါ” ဟု ဆိုသည်။

တိုင်းရင်းသား လူငယ်များ နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသား မိခင်ဘာသာစကား အခြေပြု သင်ကြားရေး ဆိုင်ရာ၊ ခေါင်းဆောင်မှုဆိုင်ရာ၊ ယဉ်ကျေးမှုဆိုုင်ရာ၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့သည်။

Ethnics youths

ယခုဆွေးနွေးပွဲတွင် မိခင်ဘာသာစကား အခြေပြု သင်ကြားရေးအတွက် အခက်ခဲရှိကြောင်း၊ မွန်တိုင်းရင်းသားတွင် စာပေတစ်မျိုးတည်းရှိသည့်အတွက် အဆင်ပြေကြောင်း နှင့် ကချင်၊ ချင်းစသည့်တိုင်းရင်းသားအများစုအတွက် ဆက်လက်ဆွေးနွေးရန် ရှိသေးကြောင်း မိရွှတ်ချမ်းက ဆက်ပြောသည်။

ပညာရေးကဏ္ဍတွင် တိုင်းရင်းသားမိခင်ဘာသာစကား အခြေပြုသင်ကြားခြင်းဆိုင်ရာများကို ထိရောက်စွာ ဆောင်ရွက်ပြီး (အခြေခံပညာမှ အဆင့်မြင့်ပညာအထိ) သင်ကြားရန်၊ တိုင်းရင်းသားများ လိုအပ်သော အခွင့်အရေးများကို အလေးထားပြီး တိုင်းရင်းသား နယ်မြေများတွင် ဒေသခံများ ဦးစားပေးခန့်အပ်ခြင်း၊ အရည်အချင်း မြှင့်တင်ခြင်းနှင့် လုံလောက်သော အထောက်အပံ့များ ပံ့ပိုးပေပေးရန်၊ ကျောင်းသား ဗဟိုပြုစနစ်ဖြင့် ကျင့်သုံးရန်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေရေးနှင့် လူတိုင်းအကျုံးဝင်သော ပညာရေးစနစ်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းများ ပ့ံပိုးခြင်းများကို ကဏ္ဍအလိုက် ဆောင်ရွက်ပေးရန် ဒုတိယအကြိမ် တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက်၌ တိုက်တွန်းထားသည်။

ပထမအကြိမ် တိုင်းရင်းသား လူငယ်များနှီးနှောဖလှယ်ပွဲကို တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MY PO) မှ ဦးဆောင်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်တွင် ကျင်းပခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...