မွန်ပြည်နယ်လွှတ်တော်တွင် သတင်းရယူမှုလွယ်ကူစေရေး ဆွေးနွေးခဲ့ကြ

မွန်ပြည်နယ်လွှတ်တော်တွင် သတင်းရယူမှုလွယ်ကူစေရေး ဆွေးနွေးခဲ့ကြ
လွှတ်တော်အရာရှိနှင့် သတင်းထောက်များဆွေးနွေးစဉ်(MNA)
လွှတ်တော်အရာရှိနှင့် သတင်းထောက်များဆွေးနွေးစဉ်(MNA)
မကြာခင် ကျင်းပတော့မည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် မီဒီယာများ သတင်းရယူရာ၌ လွယ်ကူချောမွေ့စေရန်နှင့် လွှတ်တော်အစည်းအဝေးအတွင်း အနှောက်အယှက် မဖြစ်စေရန် ရည်ရွယ်ပြီး ဇန်နဝါရီလ (၂၀) ရက်နေ့က လွှတ်တော်ညွှန်ကြားရေမှူးနှင့် မွန်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ ၌ တွေ့ဆုံဆွေနွေးခဲ့ကြသည်။

ယင်းသို့ဆွေးနွေးရာတွင် သတင်းမီဒီယာများအနေဖြင့် လွှတ်တော်ကျင်းပချိန်အတွင်း ဖုန်းပြောဆိုမှု၊ လွှတ်တော် ခန်းမအတွင်း အဝင်အထွက်မကြာခဏပြုလုပ်ခြင်းနှင့် ဝတ်စားဆင်ယဉ်မှု စသည့်အကြောင်းအရာများကို လွှတ်တော် ညွှန်ကြားရေးမှူး မှတဆင့် ဆွေးနွေးတင်ပြခဲ့ပြီး လွှတ်တော်တွင်သတင်းရယူမှု လွယ်ကူစေရန် ကိစ္စရပ်များကို သတင်းထောက်များက ဆွေးနွေး တင်ပြခဲ့ကြသည်။

ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး ဦးနေမျိုးအောင်က “ကျွန်တော်တို့က ကန့်သတ်ချင်တာမဟုတ်ဘူး။ ဒါကြောင့် အခုလို ကြိုတင်ဆွေးနွေးတိုင်ပင်တာပါ။ ကျွန်တော်တို့က သတင်းထောက်တွေကို ဘာဖြည့်ဆည်းပေးရမလဲ သတင်းထောက်တွေက ဘာတွေကို လိုက်နာပေးရမလဲဆိုတာကို သဘောတူညီမှုရယူခြင်း ဖြစ်တယ်” ဟု ဆိုသည်။

မီဒီယာများအနေဖြင့် လွှတ်တော်ခန်းမအတွင်း သတင်းရယူပါက အမျိုးသမီးဆိုလျင် မြန်မာဝတ်စုံ (သို့မဟုတ်) အင်္ကျီလက်ရှည်/ဘောင်ဘီရှည် သပ်ရပ်သောဝတ်စုံဝတ်ဆင်ရန်နှင့် အမျိုးသားများအတွက် အင်္ကျီ လည်ကတုံး/ပုဆိုး (သို့မဟုတ်) ဘောင်ဘီရှည်ဝတ်ရန် ဆွေးနွေးခဲ့ကြပြီး ဘောင်ဘီတိုဖြင့် ဝတ်ဆင်ခြင်းမပြုရန် သဘောတူညီမှုများ ရရှိခဲ့သည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဦးသိန်းလှိုင်က “အရင်ပြီးခဲ့တဲ့ ပထမလွှတ်တော် သက်တမ်းမှာ ကြိုတင်ညှိနှိုင်းတာ မရှိပေမဲ့ မွန်ပြည်နယ်လွှတ်တော်နဲ့ သတင်းထောက်တွေ ယုံကြည်မှု တည်ဆောက်ပြီးတော့ သတင်းယူတာ အဆင်ပြေခဲ့ပါတယ်။ အခုဒုတိယလွှတ်တော်သက်တမ်းအတွက် အခုလို ကြို တင်ညှိနှိုင်းတယ်ဆိုတော့ ပိုပြီးအဆင်ပြေနိုင်မယ်” ဟု ဆိုသည်။

သတင်းရေးသားတင်ပြရာတွင် လွယ်ကူ၊ မှန်ကန်မှုစေရန် လွှတ်တော်မှ တင်သွင်းသော အဆိုနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန် လည်ဖြေကြားချက်များကို ဆွေးနွေးပွဲတက်ရောက်ခဲ့သော သတင်းမီဒီယာများက ပြန်လည်တောင်းဆိုမှု ပြုခဲ့သည်။

အဆိုပါ သတင်းအချက်အလက်များ ရယူလိုပါက ပေး၍ရသော အမေး/အဖြေများကို ပေးဝေသွားမည်ဟု  ဦးနေမျိုးအောင်က ဆိုသည်။

မွန်ပြည်နယ် ဒုတိယလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလ (၈) ရက်နေ့၊ (၂၀၁၆) ခုနှစ်တွင် စတင်ကျင်းပမည်ဟု သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...