မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ တွေ့ဆုံ

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ တွေ့ဆုံ
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များတွေ့ဆုံပွဲ(MNA)
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များတွေ့ဆုံပွဲ(MNA)
လက်ရှိပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ၂၀၁၅ရွေးကောက်ပွဲအနိုင်ရ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး ပွဲကို မွန်ပြည်နယ်လွှတ်တော်ခန်းမ၌ ဇန်နဝါရီလ ၁၈၊ ၁၉ ရက်များတွင် ကျင်းပခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ပထမအကြိမ်လွှတ်တော်၏ လုပ်ဆောင်ချက်များ၊ တင်သွင်းခဲ့သည့်အဆိုများ၊ ရေးဆွဲခဲ့သည့် ဥပဒေများကို ပြန် လည်တင်ပြခဲ့ပြီး လွှတ်တော်လွှဲပြောင်းရေးအတွက်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက“တည့်တည့်ပြောရရင် မွန်ပြည်နယ်ရဲ့ အနာဂတ်ကို ဒီကိုယ်စားလှယ်အသစ် ၃၁ ယောက်ရဲ့လက်ထဲကို အပ်လိုက်ပြီ၊ ၂၀၁၆ ကနေ ၅ နှစ်ပေါ့နော် ၂၀၂၁ မှာဒီ ၃၁ ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို လူထုက ဘယ်လိုအကဲဖြတ်ကြမလဲ။ ကျွန်တော့်ဆန္ဒကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ အကောင်းဆုံးဖြစ်မယ်လို့ ယူဆပါတယ်၊ ဖြစ်လိမ့်မယ်လို့လည်း ဆုတောင်းပါတယ်” ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပထမအကြိမ် လွှတ်တော်တွင် တင်ပြခဲ့သည့် အဆိုများတွင် ထောက်ခံခဲ့သည့် အဆိုများရှိသကဲ့သို့ ဆိုင်းငံ့ထားသည့် အဆိုများလည်းရှိရာ ဆိုင်င့့ံထားသည့် အဆိုများထဲမှ အခြေခံကျသည့် အဆိုများ ဖြစ်ကြောင်း လေ့လာပြီးမှသာလျှင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်-၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ အရင်သူတို့လုပ်ခဲ့တဲ့ ၅ နှစ်တာကာလမှာ သူတို့မှားခဲ့တဲ့ဟာတွေ၊ သူတို့ရဲ့ လိုအပ်ချက်တွေ ပြောပြလို့ သိခဲ့ရတယ်။ သူတို့တင်ပြခဲ့တဲ့ အဆိုတွေထဲက တစ်ချို့ဟာတွေက ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့် ချိတ်ဆက်မှု အားနည်းပြီးတော့ တစ်ချို့ဟာက အချိန်အတိုင်းအတာအရ  အလာဟသဖြစ်သွားတဲ့ ကိစ္စတွေ အများကြီး တွေ့ရတယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိတွင် ပါတီ၏ မူဝါဒအပေါ်အခြေခံပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီ ၁ ရက်(သို့မဟုတ်) ၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ၂ ကြိမ် ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ ပြည်နယ်လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

လွှတ်တော်လွှဲပြောင်းရေး တွေ့ဆုံပွဲကို ၂ ရက်တာကျင်းပခဲ့စဉ် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အားလုံး၊ လက်ရှိတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေတို့ တက်ရောက်ခဲ့သော်လည်း ယခင်ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်သာ တက်ရောက်သည်ကို တွေ့ရသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ၂၀ ဦး၊ ကရင်၊ ဗမာ၊ ပအိုဝ် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်အမတ် ၈ ဦး စုစုပေါင်း အမတ် ၃၁ ဦးဖြင့် ဖွဲ့စည််းထားခြင်း ဖြစ်သည်။

ဓါတ်ပုံ- မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များတွေ့ဆုံပွဲ(MNA)

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...